မြန်မာ သတင်းများ အောက်တိုဘာ ၀၂ ၊ ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည် Los Angeles မြန်မာ များ နှင့် တွေ့မည်
စက်တင်ဘာ ၁၆ ရက်နေ့ကစတဲ့ ခရီးစဉ် အတွင်း ၀ါရှင်တန်၊ နယူးယော့၊ ကယ်လီဖိုးနီးယား အပါအ၀င် ပြည်နယ် တော်တော်များများက မြန်မာ မိသားစုတွေနဲ့ လည်း တွေ့ဆုံနုတ်ဆက်ပြီး သြ၀ါဒစကားတွေ ပြောဆိုခဲ့ပါတယ်။ ၁၇ ရက်ကြာ အမေရိကန် နိုင်ငံခရီးစဉ် နိဂုံးမသတ်ခင် ခုသီတင်းပါတ်ထဲမှာတော့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ Los Angeles မြို့ကို သွားရောက် ပြီး မြန်မာမိသားစုတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲကို အောက်တိုဘာလ ၂ ရက်နေ့ ဒေသစံတော်ချိန် နေလယ် ၂ နာရီမှာ Los Angeles Convention Center မှာပြုလုပ်မှာဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲတက်ရောက်ဖို့အတွက် အနီးပါတ်ဝန်းကျင် က အရီဇိုးနား၊ လားဗီးဂတ် ၊ ဆန်တီယေးဂိုး၊ ဆီယက်တဲ စတဲ့ မြို့တွေအပြင် ကနေဒါက လဲ လာရောက်ကြဖို့ရှိပါတယ်။
စုစုပေါင်း ပရိသတ် ၃ ထောင်လောက်တက်ရောက်မယ်လို့ မျော်လင့် ရကြောင်း ပွဲစီစဉ်သူတွေက ပြောဆိုပါတယ်။ ဒီပွဲကို You Tube လိုဘဲ၊ ယူစထရင်းမ်ကနေ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၃ ရက်နေ့မှာတော့ နိဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်ဒေါ်အောင်ဆန်းစုကြည် ဟာ အမေရိကန် ခရီးစဉ်ကို အဆုံးသတ်ပြီး မြန်မာနိုင်ငံကို ပြန်မှာ ဖြစ်ပါတယ်။
နိုင်ငံတော်စီမံကိန်းများ ပွင့်လင်းမြင်သာမှုရှိဖို့လို
စစ်ကိုင်းတိုင်း မုံရွာခရိုင် ၀က်မှေးရွာနားက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပါအ၀င် သဘာဝ သယံဇာတတွေ တူးဖေါ်ထုတ်လုပ်နေတဲ့ နိုင်ငံတော် စီမံကိန်းတွေမှာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် အချိန်နှောင်းမှ ဒေသခံ ပြည်သူတွေ သိရှိရတာကြောင့် ပြဿနာတွေ ဖြစ်နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ဒါကြောင့် စီမံကိန်းတွေ အကောင်အထည်ဖေါ်တော့မယ် ဆိုရင် ပွင့်လင်းမြင်သာမှု ရှိဖို့ဟာ အဓိက ကျကြောင်းကိုလည်း ထောက်ပြခဲ့ပါတယ်။
ပွင့်လင်းမြင်သာမှုဟာ နိုင်ငံရေးမှာ တင်မကဘဲ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ အကောင်အထည် ဖေါ်မှုတွေမှာပါ သဟဇာတဖြစ်မှုကို တွန်းအားဖြစ်စေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ရှေ့နေလိုင်စင်အတွက် အကြိုဝင်ငွေခွန်များ မတူကွဲပြားစွာ ကောက်ခံနေဟုဆို
ရန်ကုန်တိုင်းရှိ မြို့နယ် အသီးသီးမှ အထက်တန်းရှေ့နေများ
ယခုနှစ်မှစ၍ လိုင်စင် သက်တမ်းတိုးရာတွင် တနှစ်စာ အကြိုဝင်ငွေခွန် ဆောင်ရာ
ကျပ်တသောင်းခွဲမှ ငါးသောင်းနှစ်ထောင်ထိ အမျိုးမျိုး ကွဲပြားစွာ ကောက်ခံလျက် ရှိကြောင်း
ရှေ့နေများက ပြောသည်။၂ဝ၁၃ အတွက်ရှေ့နေများ လိုင်စင်သက်တမ်း တိုးရာတွင် တနှစ်စာ
ဝင်ငွေခွန်၏ အကြိုခွန်အဖြစ် ယခုနှစ် စက်တင်ဘာလမှစ၍ ပေးဆောင်ရသည်။ ထိုသို့
ပေးဆောင်ရာတွင် မြို့နယ်အလိုက် ငွေပမာဏ တူညီခြင်း မရှိဟုရှေ့နေများက
ပြောဆိုကြခြင်း ဖြစ်သည်။
မြောက်ဥက္ကလာအခွန်ရုံးတွင် သက်တမ်းတိုး လိုင်စင်ခွန် ဆောင်ခဲ့ရသော ရှေ့နေတဦးမှာ ကျပ် ၅၂,ဝဝဝ ပေးရပြီးရှေ့နေတဦးဖြစ်သည့် သူ၏ သမီးက မင်္ဂလာဒုံမြို့နယ်တွင် အခွန်ဆောင်ရာ ၃ဝ,ဝဝဝ ကျပ်သာ ပေးရသည်ဟု ပြောသည်။တရားရုံးချုပ် ရှေ့နေတဦးက ဒလမြို့နယ်ရှိ ၎င်း၏ တပည့်များ အခွန်ဆောင်ရာတွင် ငွေကျပ် တသောင်းခွဲသာပေးဆောင်ရကြောင်း တချို့အခွန်ရုံးများတွင်မူ ငါးသောင်း ပေးဆောင်ရကြောင်း ကြားသိရသည်ဟု ပြောသည်။
အခွန်ရုံးက အခွန်ငွေမှာ တာဝန်ရှိသူများ၏ ပါးစပ်ဖျားတွင် ရှိနေကြောင်း ပြောသည်။ အခွန်ဆောင်မှ လိုင်စင်လဲခွင့်ပေးမည်ဟုလည်း ပြောနေကြကြောင်းလည်း အဆိုပါရှေ့နေက ပြောသည်။
ပြည်တွင်း အခွန်ဦးစီးဌာနက အဆိုပါ ကြိုတင်ခွန် ကောက်ခံရန် ကြေညာချက် ထုတ်ပြန်ထားခြင်း မရှိကြောင်းလည်း သိရသည်။ ယခင်နှစ်များက လိုင်စင် သက်တမ်း တိုးရာ တိုင်းတရားရုံးတွင် စာရွက်စာတမ်းကြေး သုံးထောင်ဝန်းကျင် သာ ဆောင်ရပြီး ယခုနှစ်တွင်မူ မြို့နယ်အခွန်ဦးစီးရုံးများမှ ပုံစံစာရွက်များယူကာ မြန်မာ့စီးပွားရေးဘဏ်သို့ အခွန်ငွေ
ပေးဆောင်ရကာ သက်ဆိုင်ရာမြို့နယ် တရားရုံးတွင်လည်း စာရွက်စာတမ်းကြေးများ ထပ်မံဆောင်ရကြောင်း ရှေ့နေ များက ပြောပြကြသည်။

ကောက်စ်ဘဇားရှိ ဘုန်းကြီးကျောင်းများ ဖျက်ဆီးခံရ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား ဒိစတြိတ်ရှိ ရာမူးဒေသတွင် ယမန်နေ့က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၁၂ ကျောင်းကို မွတ်ဆလင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။ Facebook စာမျက်နှာပေါ်ရှိ ဓာတ်ပုံတပုံကို အကြောင်းပြု၍ မွတ်ဆလင်များက ဘုန်းကြီးကျောင်းများကို ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ အိမ်ခြေ ၅၀ ကျော်လည်း ဖျက်ဆီးခံရကြောင်း သိရသည်။
မှိုတက်ဆေးဝါး အရေးမယူဘူးလား
သို့ရာတွင် ဆေးဘူးများတွင် ထားသိုမှု ညွှန်ကြားလွှာများ ရေးသားလိုက်ရုံဖြင့် လုံလောက်ပြီလား၊ ဆေးဝါးများ ကိုယ်တိုင်က အ၇ည်အသွေး ညံ့ဖျင်း လာပြီလားဆိုသည်ကို စစ်ဆေးရန် မလိုအပ်ဘူးလားဟု အချို့ကလည်း မေးခွန်းထုတ်ကြကြောင်း သတင်းရရှိသည်။
မထသ တွင် ရန်ကုန်တိုင်း လွှတ်တော်အမတ်များ ပါဝင်ဖွဲ့စည်းမည်
မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ
(မထသ)၊ မြို့တော် စည်ပင်သာယာရေး ကော်မတီ နှင့် ရာဖြတ် ကော်မတီတို့တွင်
ရန်ကုန်တိုင်း လွှတ်တော်အမတ်များ ပါဝင်ဆောင်ရွက် ခွင့်ရရန် စက်တင်ဘာ ၂၈ ရက်က
ကျင်းပသည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် အတိုက်အခံအမတ် ဒေါက်တာ
ဒေါ်ညိုညိုသင်း က အရေးဆိုခဲ့ရာ မထသ တွင် လွှတ်တော်အမတ်များ ထည့်သွင်းဖွဲ့စည်းရန် သက်ဆိုင်ရာဝန်ကြီးက သဘောတူလိုက်ကြောင်း သတင်းရရှိသည်။
ဒေါ်ညိုညိုသင်း က အရေးဆိုခဲ့ရာ မထသ တွင် လွှတ်တော်အမတ်များ ထည့်သွင်းဖွဲ့စည်းရန် သက်ဆိုင်ရာဝန်ကြီးက သဘောတူလိုက်ကြောင်း သတင်းရရှိသည်။
သမ္မတ ဦးသိန်းစိန် အမေရိကန် ခရီးစဉ်မှ ပြန်ရောက်
သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှ မနေ့ကနံနက်တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာသည်။ သမ္မတဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အတွင်း ပြောဆိုဆောင်ရွက်မှုများအပေါ် ထောက်ခံသူများနှင့် အဖွဲ့အစည်းများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားရောက်ကြိုဆိုကြကြောင်း သတင်းရရှိသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူ့ဆေးရုံကြီးများတွင်အသုံးပြုရန် အမေရိကန်နိုင်ငံ GE ကုမ္ပဏီမှ CT ဓါတ်မှန်စက်များ ၀ယ်ယူသွားမည်
ကျန်းမာရေးဝန်ကြီးဌာနမှ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများရှိ ပြည်သူ့ဆေးရုံကြီးများတွင် အသုံးပြုရန် CT ဓါတ်မှန်စက်များ ၀ယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းစက်ပစ္စည်းများအား အမေရိကန်အခြေစိုက General Electric Company (NYSE :GE ) ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်ပြီး GE Pacific ၏ဌာနခွဲတစ်ခုဖြစ်သော GE Healthcare မှ မြန်မာပြည် တရားဝင်ကိုယ်စားလှယ်ဖြစ်သည့် Sea Lion Co Ltd မှတဆင့် ၀ယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ အဆိုပါစက်များအား ပေးသွင်းခွင့်တင်ဒါကို စက်တင်ဘာလ ၂၇ ရက်နေ့က အပြီးသတ်ကြေညာခဲ့ကြောင်း GE Healthcare မှ Optima CT 660 128 - Slice CT နှစ်ခုနှင့် Bright Speed Elite 16 Slice CT ငါးခုကို ပြည်သူ့ဆေးရုံကြီးများတွင် တပ်ဆင်သွားရန် စီစဉ်ထားကြောင်းနှင့် ယင်းစက်များသည် ဓာတ်ရောင်ခြည်သင့်မှု အနည်းဆုံး၊ အဆင့်မြင့်ပုံရိပ်ဖော် ရောဂါရှာဖွေရေးနည်းပညာများကို ပေးစွမ်းနိုင်ကြောင်းသိရသည်။ ထို့အပြင် Optima CT 660 128 - Slice CT စက်နှစ်ခုကို သင်ကြားရေးဆေးရုံနှစ်ခုတွင် တပ်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်အခြေစိုက် GE ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဆေးရုံများဖြစ်သည့် ဗဟိုရ်စည်ဆေးရုံတွင် CT ဓါတ်မှန်စက်နှင့် ပန်းလှိုင်ဆေးရုံတွင် နှလုံးရောဂါအထောက်အကူပြု ပုံရိပ်ဖော်စက်များကိုလည်း တင်သွင်းရောင်းချခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင်GE ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်နှင့်ကျန်းမာရေးကဏ္ဍများအတွက် အဓိကပူးပေါင်း ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment