19/07/2011


မြန်မာပြည်ကနေထွက်ခါမည့် ခရီးသည်တစ်ယောက်ကို Airport tax အတွက် U$ ဒေါ်လာ (၁၀) ကောက်တော့မယ်လို့ သတင်းမှာတွေ့ရှိလိုက်ရပါတယ်။ ဒါဟာ ကြံ့ဖွတ်သိန်းစိန်အစိုးရရဲ့ ပြည်သူတွေအပေါ် မတရားတဲ့နည်းနဲ့ ခေါင်းပုံဖြတ်လိုက်တာပါပဲ။ မြန်မာပြည်သားတစ်ယောက်အတွက်တော့ ဒါဟာ မတန်ပါဘူး။ သင့်တော်တဲ့ ဈေးနှုန်းလဲ မဟုတ်ပါဘူး၊ မတရားခေါင်းပုံဖြတ်တဲ့လုပ်ရပ်ကို အပြင်းအထန် ၀ိုင်းဝန်းကန့်ကွက်ရှုတ်ချသင့်ပါတယ်။ ပြည်သူတွေကို မတရားအနိုင်ကျင့်တဲ့ ကြံ့ဖွတ်သိန်းစိန်အစိုးရဟာ ရက်ပေါင်း(၁၀၀) ကျော်လာချိန်မှာ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် ဘာတစ်ခုမှ မလုပ်ဆောင်သေးဘဲ ပြည်သူ့ဘဏ္ဍာငွေတွေကို မတရား အမြတ်ထုတ် ဂုတ်သွေးစုပ်ဖို့ ပြင်ဆင်နေပါပြီ။ ဒီလိုမတရားမှုတွေကို လက်ပိုက်ကြည့်ပြီး ငြိမ်ခံမနေသင့်ပါဘူး၊ ကျွန်တော်တို့ လွင်ပြင်အဖွဲ့သားများကတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်။ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကန့်ကွက်ရှုတ်ချပေးကြပါ။
မတရားမှုမှန်သမျှ ပူးပေါင်းပါဝင်တိုက်ဖျက်ကြ။
ပြည်သူ့ဂုတ်သွေးစုတ် အရေခြုံ ကြံဖွတ်အစိုးရအား ၀ိုင်းဝန်းဆန့်ကျင်ကြ။


လွင်ပြင်အဖွဲ့သားများ

0 comments:

Post a Comment