22/07/2011
(ဓာတ်ပုံ frist-11.com)
ရန်ကုန်မြို့ပတ်ရထားလုပ်ငန်းကို ကြံ့ဖွတ်အစိုးရက ပုဂ္ဂလိကလုပ်ငန်းကိုလွဲပြောင်းတော့မည်ဆိုသည့်သတင်းကို eleven media group မှ ဖတ်လိုက်ရတော့ စိတ်ထဲမှာ ယားကျိယားကျိဖြစ်လာလို့ မနေနိုင်တာနဲ့ တွေးမိတွေးရာလေးတွေ ရေးချမိလိုက်တယ်။
ကမ္ဘာ့အံ့မခန်းဖွယ်ရာ အကြံကြီးပါသည့် ကြံ့ဖွတ် သိန်းစိန် ထိပ်ပြောင်အစိုးရပါပေ။ ပြည်သူတွေ စားဝတ်ရေးနှင့် သယ်ယူပို့ဆောင်ရေးတွေ အဆင်ပြေရေးထက် ဘောင်းဘီချွတ် ကြံ့ဖွတ် ဗိုလ်ချွတ်တွေ စားပေါက်ထွင်ရေး လုပ်ငန်းတစ်ရပ်ဖြစ်လာတော့မယ်လို့ ပြောရင် ပိုပြီးမှန်ကန်လိမ့်မယ်ထင်ပါတယ်။သမိုင်းတွေက သက်သေအပြည့်ရှိခဲ့တယ်မဟုတ်လား၊ န၀တမှ တစ်ဖန် နအဖ၊ ၄င်းမှတစ်ဖန် ကြံ့ဖွတ် အစိုးရဆိုပြီး အရေခွံတွေအသီးသီးပြောင်းလဲခဲ့ကြတဲ့ ဖွတ်မျိုးဖွတ်နွယ် အစိုးရအဆက်ဆက်တွေ ပြုပြင်ပြောင်းလဲရေးတွေ စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့ကြလို့ ဗမာပြည်ကြီးလဲ ဖွတ်တိုင်းပြည်ဘ၀သို့ ရောက်မှန်းမသိ ရောက်ခဲ့ရပေါ့။ ဖွတ်စီမံကိန်းတွေချ၊ ဖွတ်တွေကကြီးစိုး၊ ဖွတ်တွေသာ ထုတ်လုပ်နိုင်တဲ့ တိုင်းပြည်တစ်ခုရယ်လို့ ခင်ဗျားတို့ ကျွန်တော်တို့ ခေတ်ကြီးမှာ ဘယ်သွားသွား ဘယ်လာလာ ဘာလုပ်လုပ် လမ်းသွားရင် ခလုပ်တိုက်မိရင် အမလေးလို့အသံမထွက်နိုင်ဘဲ ဖွတ် ဖွတ်ဆိုတဲ့ အသံပဲထွက်နိုင်တော့တဲ့ ဘ၀ကြီး…..
အနီးစပ်ဆုံး အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ စင်္ကာပူ နိုင်ငံတွေကိုပဲ လေ့လာကြည့်သင့်ပါတယ်။ သူတို့အစိုးရတွေ သူတို့ပြည်သူတွေအတွက် ဘယ်လိုပုံတွေ လုပ်ဆောင်ပေးထားပါသလဲ၊ ပြည်သူတွေ သွားရေးလာရေး ဆက်သွယ်ရေးတွေ အဆင်ပြေအောင် ဘယ်လို စီမံဆောင်ရွက်ထားတယ်ဆိုတာ ဦးစွာလေ့လာပီးမှသာ မြန်မာနိုင်ငံမှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်သင့်ပါတယ်။ အဓိကဖြစ်နေတဲ့ ပြဿနာက မြန်မာနိုင်ငံမှာ တရားမျှတတဲ့ စီးပွားရေးစနစ်တစ်ရပ် တစ်ခု မရှိခြင်းဟာ ဖွတ်အစိုးရတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ မအောင်မြင်ခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခုပါပဲ၊ ကြံ့ဖွတ်နဲ့ ပါတနာကျတဲ့ တေဇတို့လို ပြည်သူဂုတ်သွေးစုတ် စီးပွားရေးသမားတွေ၊ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ ၀ိသမလောဘ အတ္တရှင်စီးပွားရေးသမားတွေ ကြီးစိုးနေသရွေ့တော့ ပုဂ္ဂလိကပဲပြောင်းပြောင်း မဂလိကပဲ ပြောင်းပြောင်း ပြည်သူတွေကတော့ ဒုက္ခိတဘ၀ကနေ ပြောင်းလဲနိုင်မှာမဟုတ်သေးပါဘူး။
တိုင်းပြည် အုပ်ချုပ်နေတဲ့ အစိုးရတစ်ရပ်ဟာ နိုင်ငံအတွက် လုံလောက်တဲ့ ဘဏ္ဍာငွေကြေးရှိအောင်မလုပ်နိုင်၊ရှိတဲ့ဘဏ္ဍာငွေတွေကိုလဲ အကောင်းကြီး အပွင့်ကြီးကောင်တွေက ဘုန်းကြ အုန်းကြနဲ့ ဖွတ်သံသရာထဲကနေ မထွက်နိုင်သေးတဲ့ မြန်မာပြည်။ ကြံ့ဖွတ်သိန်းစိန်တို့ သေသေချာချာစဉ်းစားကြဖို့ အချိန်တန်နေပါပြီ။ ၀က်တရုတ်ကို အားကိုးပြီး စိတ်ကူးယဉ်အိပ်မက်တွေနဲ့ ရှေ့ဆက်အုံးမယ်ဆိုရင်တော့ မြန်မာပြည်ကြီးရေ နောက်ထပ်အနှစ်(၅၀၀)လောက် ဖွတ်နိုင်ငံအဖြစ်နဲ့ နေပေဦးတော့လို့ ဆိုချင်ပါတော့တယ်။
လွင်ပြင်အဖွဲ့သားများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment