02/08/2011





div>




div>



div>



div>
လွင်ပြင်ကြီးနဲ့ လွင်ပြင်ဝိုင်းတော်သားများနဲ့အတူ ပြည်တွင်းပြည်ပမှာရောက်ရှိနေကြတဲ့ ပရိသတ် အားလုံးကို အတ္တကင်းစင် ဒီမိုကရေစီလွင်ပြင်ဝိုင်းတော်သားများအားလုံးက တိုင်းပြည်နဲ့ လူမျိုး အတွက် တစ်ဘက်တစ်လှမ်းတစ်နေရာကနေပါဝင်အားဖြည့်ရင်း န အ ဖ အစိုးရ ရဲ့ မတရားတဲ့ ဥပဒေတွေနဲ့ လူထုကြီးတရပ်လုံးကိုအနိုင်ကျင့် ဗိုလ်ကျနေပုံများကို ခွန်အားရှိသလောက် စွမ်းအားတွေ ရှိသလောက်မီဒီယာမှတစ်ဆင့် တိုက်ပွဲဝင်လျှက်ရှိပါတယ်။ သို့သော် လွင်ပြင် ၀ိုင်းတော်သားများ၏ ဘလော့ဂါစစ်ဆေးရေးတိုက်ပွဲဝင်မှု့ဟာ ၂၀၀၇ သံဃာ့ အရေးအခင်းမတိုင်ခင်ကစပြီး နေ့စဉ်မပြတ်သတင်းများကို ဖော်ပြပေးခဲ့ပါတယ်။
သို့ရာတွင်၂၀၁၀ ခုနှစ် ၆လပိုင်းမှာ တော့ အတ္တကင်းစင် ဒီမိုကရေစီလွင်ပြင်ဘလော့ကို မသမာစစ်အုပ်စုရဲ့ လက်ချက်ကြောင့် အဖျက်ခံလိုက်ရပါတယ် ။ အဲဒီနောက် လပိုင်းအတော်ကြာအောင် အခက်အခဲ များစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး သတင်းနဲ့ မီဒီယာ လောက အခန်းကဏ္ဍကို တဒင်္ဂ ရပ်နားခဲ့ ရပါတယ်။ ယခုအခါတွင် မီဒီယာစစ် ဆင် ရေး အခန်းကဏ္ဍကို ပြန်လည် စတင် လှုပ်ရှား နေပြီဖြစ်ကြောင်း သတင်းကောင်းပါးရင်း လွင်ပြင်ပရိတ်သတ်ကြီးကို မိတ်ဆက်လိုက်ပါတယ်….
မကြာခင်က လွင်ပြင်ကြိးရောက်ရှိခဲ့ တဲ့ ရွှေ မြန်မာပြည် န အ ဖ စစ်အုပ်စုပြောပြောနေတဲ့ ဖွင့်ဖြိုးတိုးတက်နေပြီဆိုတာပေါ့လေ ဟဲဟဲ…. ဘာတိုးတက်လဲဆိုရင် အခုမြင်ရတဲ့ ကားတွေက တိုးတက်ပြီးစီး နေရတယ်. အော် လွင်ပြင်ကြီး မြင်ရင်း စိတ်မကောင်းဖြစ်မိပါတယ် .. ဘာဖြစ်လို့လဲဆိုရင် ဒီလောက်တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးထဲမှာ န အ ဖ စစ်အုပ်စုက လူထုကြီးတစ်ရပ်လုံးကို ဘာတစ်ခုမှဖွံ့ဖြိုး တိုးတက်အောင်မလုပ်ပေးနိုင်ဘူးဆိုတာ သေသက်ပြလျှက်ရှိနေပါတယ်။
အရှေ့တောင်အာရှမှာ မြန်မာပြည်သည် သယံဇာတ အပေါ်ဆုံးအကြွယ်ဝဆုံးနိုင်ငံမဟုတ်ပါလား.. သို့သော် ယနေ့အချိန်ထိ ပြည်သူတွေမှာ သုံးဘီးကားတွေ ရန်ကုန် ပဲခူးသွားတဲ့ ကားခေါင်မိုးပေါ်တွေမှာ တက်ပြီးစီးနေရတဲ့ ဘ၀က မလွတ်မြောက်သေးပါဘူး။ ဘယ်နိုင်ငံမှာမှ ကားခေါင်မိုးပေါ်တက်စီးတာမရှိတော့ပါဘူး။ ခေတ်မမှီတော့တဲ့ လိုင်းကားတွေနဲ့ တိုင်းသူပြည်သားတွေ မှာ အောက်ကျ နောက်ကျ ဖြစ်နေကြဆဲ။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အာဏာရှူးများ မသိကျေးကျွန်းပြုနေကြလေရော့သလား. အာဏာရှူးတွေ တိုင်းသူပြည်သားတွေအပေါ်မှာ ထားတဲ့ စိတ်ဟာ ဘယ်လောက်စုတ်ပဲ့သလဲဆိုတာ တွေးကြည့်ကြပေတော့၊ တိုင်းပြည်အတွက် ပြုပြင်ပြောင်းလဲမှူတွေကို နည်းမျိုးစုံနဲ့ အနိုင်ကျင့် ရေးဆွဲ ပြီး တိုင်းသူပြည်သားတွေကို အာဏာနဲ့ အုပ်ချုပ်တဲ့ န အ ဖ စစ်အုပ်စုဟာ အတော်ကို မိုက်ရိုင်း တဲ့ အာဏာရှုးသန်ရွှေ မောင်အေးတို့အုပ်စုတွေ ဖြစ်ကြပါတယ်။ ဒီအာဏာရူးသန်းရွှေ မောင်အေးစစ်အုပ်စုကို ကျနော်တို့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက လက်တွဲ ညီညာစွာဖြင့် ၀ိုင်းဝန်းသုတ်တင် ရှင်းလင်းပစ်ဖို့အချိန်ကျရောက်နေပါပြီ……..
လွင်ပြင်ကြီး ပဲခူးမြို့ရွှေသာလျောင်းဘုရား သွားဖူးရင်း ဓာတ်ပုံရိုက်ယူခဲ့တဲ့ ကားဂိတ်ကို ကြည့်ကြပါ အာဏာ ရှူးသန်းရွှေ မောင်အေး စစ်အုပ်စု အုပ်ချုပ်တဲ့ ဗုဒ္ဓ ဘာသာတိုင်းပြည်ဟာ ဘုရားဖူးသွားကြတဲ့ လူတိုင်းဟာ ကိုလံဘတ်(စ်)၀ီစကီ အရက်ကြော်ငြားကားနဲ့ စီးပြီးသွားကြရပါတယ်၊ အာဏာရှူး သန်းရွှေနဲ့ ပေါင်းပြီး စီပွားရေးလုပ်ငန်းရှင်တွေဟာ အာဏာကို လက်တစ်လုံးခြား အသုံးချပြီးအရက် ကြောငြာတွေနဲ့ ဘုရားမှာအလုပ် ဖြစ်နေတာကြာဟာ တစ်တိုင်းပြည်လုံး၏ အကျင့်စာရိတ္တတွေကိုဖျက်ဆီးချင်တိုင်းဖျက်ဆီးနေကြရသည် မဟုတ်ပါလား… ဒီလိုမျိုး အရက်ကြော်ငြာတွေဟာ ကားတွေမှာ ဘယ်နိုင်ငံမှာမှ ကြောငြာတာမတွေ့ ရပါဘူး. သို့သော် န အ ဖ စစ်အုပ်စုအုပ်ချုပ်တဲ့တိုင်းပြည်မှာတော့ ထေရ၀ါဒ ဗုဒ္ဓ ဘာသာလို့အမည်ခံထားပြီး ဘုရားသွားတဲ့ ကားတွေမှာတောင် အရက်ကြောငြာတာတွေကပ်ထားတာ တွေ့လိုက်ရတော့ အတော်လေး ဘ၀င်မကျဖြစ်မိပါတယ်။
ကျနော်တို့ တိုင်းပြည်ဟာ ထေရ၀ါဒ သာသနာထွန်းကားပြီး စေတီပုထီုးများ၊ ရှေးဟောင်းသာသနာ့ အမွေအနှစ်အဆောက်အအုံးများနှင့် ကြည်ညိုဖွယ်ရာ ဗုဒဘာသာ နိုင်ငံတော်ကြီးတစ်ခု မဟုတ် ပါလား. .. န အ ဖ အားဏာရှူး သန်းရွှေ မောင်အေး စစ်အုပ်စုဟာ လူမျိုးနဲ့ ဘာသာ သာသနာကို အကြီး အကျယ်ဖျက်ဆီးနေပြီး ကမ္ဘာ့အလယ်မှာ အရှက်ရအောင်၊ အောက်တန်းကျအောင်ဆောင်ရွက်လျှက်ရှိနေပါပြီ။ တိုင်းသူပြည်သား တွေမှာလည်း စားဝတ်နေရေးအကျပ်အတည်းများစွာကြောင့် န အ ဖ စစ်အုပ်စုလက်အောက်မှာ ပြားပြား ၀တ်နေကြရပြီး သောက ဒုက္ခပေါင်း မြောက်များစွာနဲ့ ရင်ဆိုင်ဖြေးရှင်းနေကြရတာကို တွေရင်း စိတ်မကောင်းစွာဖြစ်မိပါသည်။
ဒါကြောင့် ဒီအာဏာရူး လင်းတ သန်းရွှေ မောင်အေး စစ်အုပ် စုနဲ့ ၄င်း စီးပွားရေး လုပ်ငန်းရှင် စီးပွားရေး ဘက်တော်များကို စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိဖို့ လွတ်လပ် ငြိမ်ချမ်းပြီး တရားမျှတတဲ့ ပြည်ထောင်စု ဒီမိုကရေစနစ်ကူးပြောင်း နိုင်ရေးအတွက် တိုင်းရင်းသား ပြည်သူတစ်ရပ် လုံး ညီညီညွတ်ညွတ်နဲ့ စိတ်ဓာတ် မြင့်တင်ပြီး အာဏာရှင်အားလုံးကို တွန်းလှန်ပစ်ချဖို့ အချိန်ကြရောက် နေပြီဖြစ်ကြောင်းကို လွင်ပြင် ၀ိုင်းတော်သားများကရေးသားတင်ပြရင်း လွင်ပြင်ကြီး ပရိတ်သတ်အားလုံးကလည်း စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာ နှင့် သောကအပေါင်းကင်း ဝေးစွာ တိုက်ပွဲဝင်နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါတယ်။
လွင်ပြင်အဖွဲ့သားများ

0 comments:

Post a Comment