16/08/2011


ပဲခူး သနပ်ပင်ခရီးစဉ်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် N L D လူကြီးမင်းများ အဓိကထည့်သွင်းစဉ်းစားရမည့် အချက်မှာ People‘s mandate mass power ပြည်သူလူထုမှ အလိုအလျောက် အပ်နှင်းသည့် အကြွင်းမဲ့အာဏာ ပင်ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ပဲခူး သနပ်ပင်ခရီးစဉ်တွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပဌမဦးဆုံးသော နိုင်ငံရေးခရီးစဉ်ဖြစ်သဖြင့် အဓိက ကျသော လူထုဟောပြောပွဲများကိုရှောင်ရှားပြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒီမိုကရေစီခေါင်းဆောင် မိခင်ကြီးဆိုသည့် အသိစိတ်ဓာတ်ဖြင့်ပင် ပြည်သူလူထု၏ ကြီးကျယ်သော သြဇာအာဏာ အပ်နှင်းမှုဆိုသည့် လူထု power ကြီးကို တစ်ဆင့်ချင်း ရရှိနိုင်ပါသည်။ ထိုမှတစ်ဆင့် အရှိန်တက်လာသော ဒီရေလှိုင်းလုံးများပမာ နိုင်ငံရေး လူထုလှိုင်းလုံးကြီးကို အရှိန်အဟုန်ယူပြီး နိုင်ငံတော်အစိုးရ၏ မတရားငြိမ်ဝပ်ပိပြားမှု၊ ဥပဒေများ အများပြည်သူ လက်မခံနိုင်သော ၂၀၀၈ အခြေခံ ဥပဒေမူကြမ်းနှင့် ၂၀၁၀ ရွေးကောက်ပွဲရလာဒ်များကို တစ်ဆင့်ချင်း ဆွဲခွါပြီး တိုင်းရင်းသားအားလုံးနှင့်အတူ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဒီမိုကရေစီအရေးမှသည် တိုင်းရင်းသားအားလုံး ပါဝင်နိုင်သည့် ပြည်ထောင်စု စိတ်ဓာတ်မှသည် အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေးနှင့် တရားစီရင်ရေးဆိုသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဖယ်ဒရယ် ပြည်ထောင်စုစနစ်သို့ ဦးတည်သွားနိုင်မည်ဖြစ်ပါသည်။ ထိုသို့မဟုတ်လျှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် N L D ခေါင်းဆောင်ကြီးများဖြစ်ကြသော ဦးဝင်းတင် ဦးတင်ဦး ဦးဥာဏ်ဝင်းနှင့် ဒီမိုကရေစီလိုလားကြသော တိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့် နိုင်ငံရေးခေါင်းဆောင်များ လိုလားသည့် ပန်းတိုင်သို့ လမ်းလွှဲချော်သွားနိုင်ပါသည်ဟု တိုက်တွန်းအကြံပြုရင်း ………

ပြည်တွင်းပြည်ပမှ လွင်ပြင်ဝိုင်းတော်သားများ

0 comments:

Post a Comment