20/08/2011


စစ်အစိုးရလိုလားသော သမ္မတဦးသိန်းစိန်နှင့် မြန်မာ့ဒီမိုကရေစီ မိခင်ကြီးဒေါ်အောင်ဆန်းစုကြည်တို့
နေပြည်တော်ရှိသမ္မတအိမ်တော်တွင် မနေ့ကတစ်နာရီကြာ သီးသန့်တွေ့ဆုံခဲ့ပြီး နိုင်ငံရေးရာ ကိစ္စ များကို ဆွေးနွေးခဲ့ကြပါသည်။
အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဘက်မှ ခြိမ်ချမ်းရေး ၊လူ့အခွင့်အရေး ၊ တိုင်းရင်းသားရေးနှင့် နိုင်ငံရေးအကျဉ်သားများအရေးတို့ကို အထူးသလှယ် ဆွေးနွေးခဲ့ကြောင်း
ဦးသိန်းစိန်ဘက်မှလည်း ဒေါ်အောင် ဆန်းစုကြည်နှင့် NLD တို့အပြင် တိုင်းရင်းသား အများပြည်သူ တို့ က စစ်တပ်နှင့် နိုင်ငံရေးရာ အခန်းကဏ္ဍများကို လစ်လျူမရှု့သင့်ကြောင်း အာဃာတ တရားကင်းရှင်းပြီး သင်ပုန်ချေ ၀ါဒဖြင့် ရှေ့လျှောက်လက်တွဲဖို့ရန် အသင့်ပြင်ဆင်ထားကြောင်း ကိစ္စရပ်တစ်ခုချင်းစီကိုလည်း ဆွေးနွေး ညှိနိုင်း လုပ်ဆောင်ပေးသွားမှာ ဖြစ်ကြောင်း ..
ပြည်တွင်း၊ပြည်ပ မည်သည့် သတင်းဌာန များ ကမှ မရရှိသေးသော သတင်းကို ပြည်တွင်းရှိ လွင်ပြင်ဝိုင်းတော်သားများက နေပြည်တော်မှ အထူးလျှိုဝှက့် သတင်းရယူ၍ ပြည်တွင်း ပြည်ပ စာဖတ်ပရိတ်သတ်များနှင့် အများပြည်သူတို့ကို ဦးဦးဖျားဖျားဖောက်သည်ချ သတင်းတင်ပြအပ်ပါသည်။
သို့ရာတွင်လည်းပဲ မြန်မာ့ဒီမိုကရေစီ သမိုင်းတွင် ပြည်သူလူထု တစ်ရပ်လုံးက ရွံ့ရှာ ၊မုန်းတီး စက်ဆုပ်ခဲ့ကြသော စစ်ခေါင်းဆောင်များ .....စောမောင် ၊ခင်ညွန့်၊ သန်းရွှေ၊ မောင်အေး၊ အောင်ကြည်၊သိန်းစိန်တို့နှင့်လည်း ရှေးယခင်က အလားတူ ထူးမခြားနား နိုင်ငံရေးရာ ကိစ္စများကို ဒေါ်အောင်ဆန်း စုကြည်နှင့် ဆွေးနွေခဲ့ကြကြောင်း အားလုံးသိရှိပြီး ဖြစ်ပါလိမ့်မည်။
ယခုတစ်ဖန်လည်း အာဏာရ သိန်းစိန်က ၄င်း၏ သဘောသားပျော့ပြောင်းသော မူဝါဒ ပုံစံနှင့် ဆင်သေကို ၊ ဆိတ်သရေ နဲ့ဖုံး ပုံစံမျိုးဖြင့် ၄င်းအစိုးရ ဖင်ထိုင်ခုံတည်မြဲရေး အရှေ့တောင်အာရှ အာဆီယံ ဥက္ကဌဖြစ်ရေး ကမ္ဘာ့နိုင်ငံများအလယ် ဂုဏ်သိက္ခာဆယ်ရေး တို့အတွက် ဦးတည်သော ခြေလှမ်းတစ်ရပ်သာဖြစ်ပြီး ငြိမ်းချမ်းရေး၏ ခြေလှမ်းအစဟု မမှတ်ယူသင့်ပေ...
သာမာန်ကလေးတစ်ယောက်ပင် နားလည်နိုင်သော နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နှင့် လက်ရှိကချင်၊ ကရင်၊ ရှမ်း၊ တိုင်းရင်းသား လက်နက်ကိုက်တပ်ဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးတို့ကို လုံးဝ လက်လျှူ့ရှု့ထားသည့်အတွက် .....
ဒေါ်အောင်ဆန်းစုကြည်၊ NLD ၊ အတိုက်အခံ ပါတီအဖွဲ့အစည်းများ ၊ တိုင်းရင်းသား အဖွဲ့အစည်းများ သတင်းဌာန အသီးသီးတို့နှင့် အများပြည်သူ တစ်ရပ်လုံးက ခေတ်အဆက်အဆက် ၄င်းတို့၏ ယုတ်မာ ပက်စက် သက်ဆိုးရှည် လိမ့်ကွက် လှည့်ကွက် များကို လိမ္မာပါးနပ်စွာဖြင့် သတိကြီးကြီး ရှိသင့်ပါကြောင်း ……….



လွင်ပြင်ဝိုင်းတော်သားများအဖွဲ့

0 comments:

Post a Comment