20/08/2011

ဆီးရီယား အစိုးရ၏ ယုတ်မာပက်စက်သော လူသတ်မူ့ကြီး
အပတ်စဉ်သောကြာနေ့တိုင်း ပြုလုပ်နေကြ အစ္စလာမ်ဘုရားဝတ်ပြုဆုတောင်းပွဲ အပြီးတွင် ယမန်နေ့ သောကြာနေ့ ၁၉/၀၈/ ၂၀၁၁ က ဆီးရီးယား စစ်တပ်သည် ဆီးရီယားသမ္မတ ဘာရှာအလ်အာဆစ် နှင့် ၄င်း၏အစိုးရကို ဆန့်ကျင်ဆန္ဒပြသူ ၃၁ဦးကို သေနပ်ဖြင့် ပစ်ခတ် သတ်ဖြတ် နိမ်နှင်းခဲ့ကြောင်း အာရှပစ်စဖိတ် APPF မှတစ်ဆင့် သတင်းရယူ ထုတ်ပြန် ကြေငြာပါသည်။
ဆီးရီယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကလည်း ဆန္ဒပြသူ ဦးရေ ၂၀၀၀၀ကျော် သည် ဆီးရီယားသမ္မတ အလ်အာဆစ် ဖြုတ်ချရေး ကြွေးကြော်သံများနှင့်အတူ အလ်ကာဒီနီးယား မြို့ပေါ်သို့ ဆက်လက် ဆန္ဒပြ ချီတက်ခဲ့သည့် ဆန္ဒပြ လူအုပ်ကြီးအား သေနပ်ဖြင့် ပစ်ခတ် လူစုခွဲခဲ့ရာ ၃ဦးပွဲချင်းပြီး သေဆုံးပြီး ၂၃ဦး ထိမ်းသိမ်းခံရကြောင်း APPF သတင်းဌာနသို့ သတင်းပေးပို့ခဲ့ကြောင်း ပြည်တွင်းလွင်ပြင် ၀ိုင်းတော်သားများမှ သတင်းသိရရှိရပါသည်။



လွင်ပြင်ဝိုင်းတော်သားများ


0 comments:

Post a Comment