29/08/2011


မနေ့က လွတ်တော်အစည်းအဝေးမှ ပြည်သူ့ငွေစာရင်း ကော်မတီမှ တင်ပြသည့် “၂၀၁၀- ၂၀၁၂ နိုင်ငံတော် ဘတ်ဂျက် ရသုံးခန့်မှန်းခြေစာရင်း တင်ပြတဲ့အခါ ဘတ်ဂျက် ကျပ်ငွေလိုငွေပြမူ့ ဘီလီယံ ၂၀၀၀ ကျပ် ရှိကြောင်းတင်ပြသွားခဲ့ပါသည်။ သို့သော်လည်း မြန်မာအစိုး ရက တရုတ်အစိုးရထံမှ ချေးငွေ USD ၄ဘီလီယံ၊ EURO ၅၄၀ ဘီလီယံ ကို ချေးယူခဲ့ပြီး မည့်သည့်နေရာတွင် သုံးစွဲမည် ဖြစ်ကြောင်း အများပြည်သူတို့ အသိပေး ထုတ်ပြန်ကြေငြာခဲ့ခြင်း မရှိပေ။
သာမန်အားဖြင့် ပြည်သူတစ်ယောက်သည် ၎င်း၏ အစိုးရမှ ဘက်ဂျတ်လိုငွေပြသဖြင့် အခြားတနိုင်ငံ မှ ချေးငွေ ရယူသည့်အခါ မိမိနှင့် မသက်ဆိုင်သလို သဘောထားတတ်ကြသည်၊ အမှန်အားဖြင့် ချေးငွေပိုများလေလေ ပြည်သူတစ်ယောက်ချင်း ပေးဆောင်ရသည့် ၎င်းတို့၏ အခွန် အတုတ် ပိုများလေလေဖြစ်သည်၊
ယခု လမ်းဘေး ပလက်ဖောင်း ဆိုင်ရှိ ကွမ်းယာဆိုက်ကလေး တစ်ဆိုင်ကပင် ၎င်း၏ဆိုင် ရေရှည် တည်တံ့ နိုင်ရေး အတွက် သက် ဆိုင်ရာ ဌာနဆိုင်ရာ အသီးသီးသို့ မတန်တဆ အခွန်အတုတ် ပေးဆောင်နေရသည့်အချက်ကပင်နမူနာအဖြစ် အများပြည်သူ သိရှိပြီး ဖြစ်ပါလိမ့်မည်။
ထိုထက်ပိုမိုဆိုးဝါးသည်ကား ယခုလက်ရှိလွတ်တော်တွင် အစိုးရမှ ဘက်ဂျတ်ရှင်းတမ်းကို အများပြည်သူ သိရှိအောင် သတင်း ထုတ်ပြန် ပေးနိုင်ခြင်း မရှိဆိုသည့်အချက်ကို လွတ်တော်သက်ရောက်နေယင်း လက်ညှိးထောင်ခေါင်းငြိမ့်သည့် ၁၅မိနစ် အာလူး လွတ်တော်အမတ်များ ပင်ဖြစ်ပေသည်။
ခေတ်အဆက်ဆက် မြန်မာအစိုးက တရုတ်အစိုးရထံမှ USD ဘီလီယံထောင်ပေါင်းများစွာ ချေးယူနေသည်ဆိုသည်မှာ ငွေသားသက်သက် လုံးဝမဟုတ်ဘဲ တရုတ်နိုင်ငံ၏ စီးပွားရေး မဟာဗျူဟာအရ ပြည်ပသို့ တင်သွင်းခွင့်မရသော အဆင့်တန်းနိမ့် ကုန်ပစ္စည်းများနှင့် ပြည်တွင်း ဈေးကွက်တွင် ၎င်းတို့ တရုတ် လူမျိုးများကိုယ်တိုင်ကပင် လှည့်မကြည့်သည့် အဆင့်အတန်းနိမ့် ကုန်ပစ္စည်းများကို မြန်မာနိုင်ငံကဲ့သို့ အစိုးရ များထံ ဈေးပေါပေါဖြင့် USD ဘီလီယံထောင်ပေါင်းများစွာ ဈေးနှုန်းသတ်မတ်ပြီး ဈေးကွက် ကျွန်ပြုတဲ့ စနစ်ဖြစ်ပါကြောင်း လွင်ပြင် ၀ိုင်းတော်သားများမှ ဖောက်သည်ချ သတင်းပေးတင်ပြအပ်ပါသည်။

0 comments:

Post a Comment