29/08/2011


ယနေ့ ဗကသ အဖွဲ့ချုပ်များရဲ့ ပြောရေးဆိုခွင့်ရှိသူ မကြည်သာတင့် စကားကို ကိုးကား၍ “ သိန်းစိန် အစိုးရ လက်ထက်တွင် ဗကသ တည်ထောင်ရေးကို တရားဝင် ခွင့်ပြုလျှင် တရားဝင်တည်ထောင်နိုင်ရန် ဆန္ဒရှိပါကြောင်း “
မြန်မာပြည် ကိုလိုနီခေတ် ကတည်းက ရန်ကုန် ၀ိဇ္ဖာသိပ္ပံ တက္ကသိုလ်တွင် တရားဝင် တည်ထောင်ခွင့်ရသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့သည် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲတွင် ထင်းရှားခဲ့ပြီး နေ၀င်း လက်ထက် (၁၉၆၂) တော်လှန်ရေးကောင်စီ အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း (၁၉၆၄) ခုနှစ် တွင် ဗကသ အဖွဲ့ချုပ်ကို မြေလှန် ဖျက်ဆီးပစ်ခဲ့သည် မှိုင်းရာပြည့် နှင့် ဦးသန့် (၁၉၇၂) အရေးအခင်းအသီးသီးတို့တွင် ဗကသ အဖွဲ့ချုပ်ကို ပြန်လည်ထူထောင်ရန် ကြိုးစားခဲ့သော်လည်း ထင်သလောက် ခရီးမပေါက်ခဲ့ဘဲကျောင်းသား ခေါင်းဆောင်များစွာ သတ်ဖြတ်ခံ ထောင်ကျ အရင်းအနှီးများစွာ ပေးဆပ်ခဲ့ရပေသည်။
၁၉၈၈ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီး တွင် ပေါ်ပေါက်ခဲ့သော ဥက္ကဌ မင်းကိုနိုင် ဦးဆောင်သည့် ဗကသများအဖွဲ့ချုပ်နှင့် ဥက္ကဌ မင်းဇေယျာ ဦးဆောင်သော မကသ အဖွဲ့ချုပ် ဟူ၍ ကျောင်းသားအဖွဲ့အစည်း (၂)ရပ်မှ ၈၈၈၈ မျိုးဆက် ကျောင်းသားများက ဆက်လက်၍ လှုပ်ရှားခဲ့ရာ အဖမ်းအဆီးခံ နှစ်ရှည် ထောင်ဒဏ်များဖြင့် ယခု မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးတွင်မလျှော့သော ဇွဲလုံ့လ ၀ီရိယတိုဖြင့် ယုံကြည်များစွာဖြင့် ဆက်လက်၍ တိုက်ပွဲ ၀င်နေဆဲဖြစ်သည်။
ဥက္ကဌ ကျော်ကိုကို နှင့် ကိုစည်သူမောင်၊ ကိုဒီငြိမ်းလင်း၊ မဖြိုးဖြိုးအောင်၊ မဟန်နီဦး တို့မှ ဦးဆောင်၍ ၂၀၀၇ ခုနှစ် ဗကသများအဖွဲ့ချုပ်ကို ဆက်လက် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး လှုပ်ရှားခဲ့ကြရာ ဖမ်းဆီးခံခဲ့ကြရပြီး နှစ်ရှည် ထောင်ဒဏ် များစွာဖြင့် အကျဉ်းကျ ခံနေရဆဲဖြစ်သည်။
ထိုကြောင့် မိမိတို့ ယုံကြည်ချက်ကြောင့် ဖမ်းဆီး ထိမ်းသိမ်း ခံခဲ့ရပြီး နှစ်ရှည်ထောင်ဒဏ်များစွာ ဖြင့် အကျဉ်းကျခံခဲ့ရသည့်အပြင် တိုင်းပြည်မှ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြသော အဝေးရောက် ဗကသ အဖွဲ့ချုပ် ကျောင်းသားဟောင်းများ ၈၈၈၈ ကျောင်းသားဟောင်းများ နိုင်ငံတကာရှိ မြန်မာ့အရေး တက်ကြွစွာဆောင်ရွက်နေကြသော ကျောင်းသားများအားလုံးအနေဖြင့် တရားဝင် အဖွဲ့အစည်း အဖြစ်တည်ထောင်နိုင်ရန် ကြိုးပန်းနေသည့် ဗကသ အဖွဲ့ချုပ် အယူဝါဒကို အပြည့်အ၀ထောက်ခံကြိုဆိုပါကြောင်း …
ပြည်ပရှိ ကျောင်းသားဟောင်းများ အားလုံး၏ ကိုယ်စား ဗကသ CEC ကျောင်းသားဟောင်း မြတ်ကိုကို (ခ) ဆာမူရိုင်း နှင့် လွပြင်ဝိုင်းတော်သားများမှ အသိပေး ထောက်ခံတင်ပြအပ်ပါသည်။

0 comments:

Post a Comment