30/08/2011


သိန်းစိန်းအစိုးရသစ် ပထမဆုံး မိန့်ခွန်းတွင် စာနယ်ဇင်းများ၏ အခန်းကဏ္ဍကို စတုတ္ထမဏ္ဍိုင်အဖြစ် အလေးအနက်ထားရန် လိုအပ်ကြောင်း ပြောဆိုထားသလို လွှတ်တော်ဥက္ကဌ သူရရွှေမန်း ကလည်း သတင်းမီဒီများ၏ ဝေဖန်အကြံပြုချက်ကို ခံယူသွားမှာ ဖြစ်ကြောင်း ပြောဆိုထားသော်ငြားလည်းဘဲ………..
မြန်မာ့စာပေလောကတွင် "စာပေကင်ပေတိုင်"ဟု လူသိများသည့် စာပေစီစစ်ရေးမှ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြည်တွင်း ဂျာနယ်တစ်စောင်ဖြစ်သည့် နိုင်ငံရေး အခန်းကဏ္ဍများကို အသားပေးဖေါ်ပြသည့် ပြည်သူ့ခေတ်ဂျာနယ်အတွက် ပေးပို့ထားသည့် သူမ၏ ပုဂံခရီးစဉ်အကြောင်း ခရီးသွားဆောင်းပါး တစ်ပုဒ်မှ စာပိုဒ်အချို့ကို ဖြုတ်ပစ်ရန် ညွန်ကြားခဲ့ခြင်းကြောင့် “သခင်အားရ ကျွန်ပါးဝ”သည့် စာပေးစီစစ်ရေးနှင့် ထိပ်တိုက် ကြုံတွေ့နေရကြောင်း ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာ ဆရာမောင်ဝံသက မဇ္ဈိမကို ပြောပြသည့် သတင်းအား လွင်ပြင်မှ လက်ဆင့်ကမ်း သတင်းဖေါ်ပြအပ်ပါသည်။
မှတ်ချက်။ ။ တော်လှန်ရေးကောင်းစီ (၁၉၆၂) ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (၁၉၇၄) ၊စောမောင် န ၀ တ စစ်အုပ်စု (၁၉၈၈)၊န အ ဖ စစ်အုပ်(၂၀၀၄) သန်းရွှေ ၊မောင်းအေး ၊ ခင်ညွန့်၊ ရွှေမန်း ၊ သိန်းစိန် ၊ သူရတင်အောင်မြင့်ဦး ၊ သိန်းစိန် ဦးဆောင်သည့် လက်ရှိ စစ်တပ်လိုလားသည့် အစိုးရ (၂၀၀၈)၊ ခေတ်အဆက်ဆက်တိုင်း စာပေ စီစစ်ရေး အဖွဲ့သည် ၎င်းတို့ စိတ်ကြိုက် စစ်တပ်၏ အသုံးတော်ခံ စစ်"စာပေကင်ပေတိုင်"ဟု ကင်ပွန်းတပ်ရလောက်အောင်ကိုပင် “သခင်အားရ ကျွန်ပါးဝ”ကာ ယနေ့အထိ စာပေနယ်ပယ်တွင် ဖြုတ်၊ ထုတ်၊သတ် လုပ်ဆောင်နေပါသဖြင့် အတိုက်အခံ ခေါင်းဆောင်နှင့်တကွ ပြည်သူလူထု့တစ်ရပ်လုံးက လွတ်လပ်သော စာပေ မြှင့်မှ မိမိတို့ တိုင်းပြည်နှင့် လူမျိုး တင့်တယ်မည်ဟူသော အသိစိတ်ဓာတ်ဖြင့် "စာပေကင်ပေတိုင်” စာပေစီစစ်ရေးကို တွေ့ရာ သချီင်္ုင်း ဓားမဆိုင်းဘဲ သုတ်သင် ရှင်းလင်းကြပါကုန်လော့ ဟု ပြည်တွင်းပြည်ပ လွင်ပြင်ဝိုင်းတော်သားများမှ တိုက်တွန်းရင်း …………….

0 comments:

Post a Comment