30/08/2011


သြဂုတ် ၂၉ / ၂၀၁၁ လွတ်တော်အစည်းအဝေးတွင် NDF လွတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် အဆိုတင်သွင်းသည့် မြန်မာနိုင်ငံ အကျဉ်းထောင်ဥပဒေ ပြင်ဆင်ရေး အဆိုကို လွတ်တော်ဥက္ကဌ သူရရွှေမန်းက အတည်မပြုဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဆက်လက်၍ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ကိုကိုရဲ့ အကျဉ်းထောင် ဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်း တင်သွင်းဖို့ရှိတာကြောင့် ဦးသိန်းညွန့်ရဲ့ အဆိုကို ပယ်ချတာလို့လဲ မြေပုံမြို့နယ် လွတ်တော်အမတ် ဦးဖေသန်းက ပြောပြပါသည်။
၁၈၉၄ ခုနှစ် အကျဉ်းထောင်များ အက်ဥပဒေအရ ကိုလိုနီခေတ်က ပြဌာန်းခဲ့တဲ့ အကျဉ်းဥပဒေလက်စွဲ ဟာ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၄၅)မှာ ပါဝင်တဲ့ လူ့ဂုဏ်သိက္ခာ ညိုးနွမ်းစေတဲ့ ဖေါ်ပြထားတဲ့ အကြောင်းအရာတွေနဲ့ ငြိ့စွန်း နေတာကို တွေ့ရှိရပါတယ်။
ယခု လက်ရှိ အကျဉ်းဦးစီးဌာနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းတို့သည် အထက်ဖေါ်ပြပါ ငြိစွန်းနေသည့် အပိုဒ်(၄၅) ပါ ဖေါ်ပြထားတဲ့အကြောင်းအရာတွေကို ချိုးဖောက်နေသည့် အပြင် လူ့ ဂုဏ်သိက္ခာညိုးနွမ်း အောက်တန်းနောက်တန်း ကျစေသည့် လုပ်ရပ်များကို အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေး ပုဒ်မမဟုတ်ဘဲ အီလက်ထရွန်းနစ် ပုဒ်မ အသီးသီးဖြင့် အကျဉ်းကျခံနေရသူများ ၊ ပုဒ်မ (၁၇/ ၁) - ပုဒ်မ (၁၇/ ၂) ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ အကျဉ်းကျခံနေရသည့် တိုင်းရင်းသားအကျဉ်းသားများ နိုင်ငံတော်ပုံကန်မူ့ ပုဒ်မ(၁၄၄) ကဲ့သို့သော နောက်ဆက်တွဲ ပုဒ်များဖြင့် အကျဉ်းကျခံ့နေရသည့် အကျဉ်းသားများ နှင့် လက်နက်နှင့် ဖောက်ခွဲရေး ပုဒ်မ အသီးသီးတို့ဖြင့် အကျဉ်းကျခံနေရသူများ တို့အပေါ် အကျဉ်းဥပေဒ လက်စွဲ ထက် ပိုမိုဆိုးဝါးသော တိုက်ပိတ် အပြစ်ဒဏ် ပေးခြင်း ကန့်ကြောက် ရိုက်နှက် ဆုံးမခြင်း ၊ ၀ါးရင်းတုတ် ၊ စတီးလုံးတတ် ရာဘာတုတ် တို့ဖြင့် အကြောင်းမဲ့ ရိုက်နှက်ဆုံးမခြင်း၊ ခြေကျင်း ထိပ်ခပ် အဆင့်ဆင့် ပြစ်ဒဏ်ပေးခြင်း၊ မိကျောင်းတက် ခိုင်း၍ နောက်မှ စစ်ခွေးများဖြင့် ကိုက်စေခြင်း၊ ထောင်ဝင်စာ အကန့်အသတ် မရှိ ပိတ်ခြင်း၊ ဝေးလံခေါင်းသီသော နယ်စွန် နယ်ဖျား ထောင်များသို့ ရွေ့ပြောင်းပစ်ခြင်း၊ အကျဉ်းသား ရပိုင်ခွင့် အခွင့်ရေးအားလုံးကို ထောင်အာဏာပိုင်နှင့် ၀ါတာ များမှ ခေါင်းပုံ ဖြတ်ယူခြင်း၊ ကိုလိုနီ အဂ်လိပ်အစိုးရကပင် အကျဉ်းသားအခွင့်ရေးအရ ဦးညွတ်စရာမလိုသည့် ထောင်အက်ဥပဒေကို ချိုးဖောက်၍ အကျဉ်းသားအားလုံးအား အသင်းအဓမ္မ ခေါင်းညွတ် စေခိုင်း၍ ဦးချိုးခြင်းစသည်တို့ကို သိန်းစိန်အစိုးရ၏ အကျဉ်းထောင် အုပ်ချုပ်ရေး အာဏာ ပါးကွက်သား များမှ ဆက်လက်ချိုးဖောက်လုပ်ဆောင်နေသဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD ခေါင်းဆောင်များ ပါတီးအဖွဲ့အစည်းများ၊ တိုင်းရင်းသား ပါတီဖွဲ့အစည်းများ၊ အမျိုးသားရေး လုပ်ဆောင်နေကြသည့် နိုင်ငံရေး သမားများ အနေဖြင့်လည်း လက်ပိုက်ကြည်မနေသင့်ဘဲ အကျဉ်းသားအားလုံး ရသင့် ရထိုက်သည့် လူ့ဂုဏ်သိက္ခာနှင့် ညီမျှသည့် ၎င်းအကျဉ်းသား ဥပဒေပြင်ဆင်ရေးကို ဆက်လက် တိုက်ပွဲဝင်ကြရန် ပြည်တွင်း လွင်ပြင် ၀ိုင်းတော်သားမှမီးမှောင်းထိုး တိုက်တွန်းနိုးဆော်အပ်ပါသည်။

0 comments:

Post a Comment