31/08/2011

တင်သွင်းသလားမမေးနဲ့ဟု ယနေ့လွတ်တော်တွင် “ ဦးတင်” ဟု ထင်ရှားကြော်ကြားလာသည့် NDF မှ သင်္ဃန်ကျွန်း ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးသိန်ညွန့် တင်သွင်းသည့် အရေးပေါ်စီမံချက် ဥပဒေ ရုတ်သိမ်းရေ အဆိုကို ၄ဦးမှ ဆွေးနွေး၍ မဲ ခွဲဆုံဖြတ်ရာ ကန့်ကွက်မဲ ၃၃၆ ၊ ကြားနေမဲ ၄၁မဲ နှင့် ထောက်ခံမဲ ၈မဲဖြင့် ရုံးနိမ်းပယ်ချခံခဲ့ရပါသည်။
၁၉၅၀- ပြည့်နှစ် နိုင်ငံတော် အရေးပေါ်စီမံချက် အက်ဥပဒေ များ အဖြစ် ပုဒ်မ ၅(ည)
၁၉၇၄ -ပြည့်နှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ၏ နိုင်ငံတော်ကို ဦးဆောင်သော ပါတီအား ကာကွယ်သည့် ဥပဒေအရ ပြစ်မူ့များ
နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပေဒဆိုင်ရာ ပြစ်မူ့များ ဖြစ်သည့် ပုဒ်မ ၁၀(က) ၊ ၁၀ (ခ) နှင့် ၁၀ (ဆ)
၁၉၈၀ -ပြည့်နှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ နိုင်ငံတော်ကောင်စီက ထုတ်ပြန်ကြေညာသော
မတရားအသင်း အက်ဥပဒေနှင့် ပြစ်မူ့များ ၊ ပြစ်မူ့ဥပဒေပုဒ်မ ၁၂၁မှ ၁၃၀ (ခ) အထိ နိုင်ငံတော်အစိုးရကို ဆန့်ကျင်သော ၊ ပြစ်ဥပဒေ အခန်း(၈) ပါ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမူ့ အရေးကိုပျက်ပြယ်စေသော ပြစ်မူ့ဆိုင်ရာဥပဒေ ပုဒ်မ (၁၄၃) ၊(၁၄၄) ၊ (၁၄၅)၊( ၁၄၇) ၊ (၁၄၈)၊ (၁၅၁) ၊ (၁၅၂)၊ (၁၅၃)၊ ၁၅၃( က) အရ ပြစ်ဒဏ်များ (၁၉၉၃- ၂၀၀၈) နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအား နှောက်ယှက် ဖျက်ဆီးသူများ ဆိုင်ရာ ပြစ်မူ့ဥပဒေများ ..
စသည့် ဥပဒေများကို နိုင်ငံရေး နှင့် အတိုက်အခံများ ပါတီအဖွဲ့အစည်းများ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများ နိုင်ငံတကာအဖွဲအစည်းများ နိုင်ငံတကာ ဥပေးဆိုင်ရာ အဖွဲ့အစည်းများတို့မှ နိုင်ငံရေး ဆိုင်ရာပြစ်မူ့ဥပဒေများဟုယူဆနေသော်ငြားလည်းပဲ ယခု လွတ်တော်တက်ရောက်နေသည့် အာဏာရှုး တပ်မတော် ဗိုလ်ချုပ်ကြီးဟောင်းများ ၊ ဗိုလ်ချုပ် ဟောင်းများ ၊ စစ်ဗိုလ်များ ၊ (၆)တန်းတောင်မအောင်သေးသည့် ၂၅% တပ်မတော်သားများ ၊ လွတ်တော်နှင့် ဒီမိုကရေစီ အကြောင်း နကန်းတစ်လုံးမျမသိရှိသေးသည့် ကြံ့ဖွတ် လွတ်တော် အမတ်များ၊ ပွဲလန့်ဖျာခင်း အာဏာရှုး လက်ရှိ ရွေးကောက်ပွဲဝင် လွတ်တော်အမတ်များ ၊ တစ်သီးပုဂ္ဂလ အမတ်များ ၊ လက်ညှိးထောင်ခေါင်ငြိမ့် မိမိကိုယ်မိမိကျပ်ငွေ သုံးသိန်းနှင့် တန်ဖိုးဖြတ်သည့် အမတ်များ အားလုံးတို့မှ နိုင်ငံရေး ဆိုင်ရာပြစ်မူ့ဥပဒေများဟုမယူဆဘဲ ပြည်သူလူထူ မျက်နှာကို မထောက်ထား မညှာတာစွာ အရေးပေါ်စီမံချက် အက်ဥပဒေ ရုတ်သိမ်းရေး အဆိုကို မထောင်ခံဘဲ ကန့်ကွက် မဲပေးခဲ့ ကြသဖြင့် ၎င်း၏ အကျိုးဆက်ကို ၎င်းတို့၏ သားစဉ် မြေးဆက် ခေတ်အဆက်ဆက်ထိတိုင် ကိုယ်လည်ပင်းကို ကြိုးကွင်းစွပ် နေမည့် ဥပဒေဖြစ်ကြောင်း လွင်ပြင်မှ သတိချပ် ဖေါ်ပြအပ်ပါသည်။


0 comments:

Post a Comment