31/08/2011
(ဓာတ်ပုံ ဧရာဝတီသတင်းဌာန)
ရေနံသဘာဝ ကျောက်စိမ်း ကန်ထရိုက်အသစ်များ ဆက်လက်ချုပ်ဆို ရရှိရန် ကြိုးပန်းမူ့ တစ်ရပ်အနေဖြင့် တရုတ်အစိုးရသည် တရုတ်နယ်စပ် ကြယ်ခေါင် ရွှေလီ ဒေသ တွင်းသို့ တရားမ၀င် နိုင်ငံရေး လှုပ်ရှားမူ့များ ပြုလုပ်နေသည်ဟု စွပ်စွဲချက်ဖြင့် တိုင်းရင်းသား လူမျိုးများ ဖယ်ထရယ်ကောင်စီ (UNFC) နှင့် KNU ကရင် အမျိုးသား အစည်းအရုံး ဗဟိုကော်မတီ တစ်ဦးဖြစ်သည့် တစ်သက်တစ်ကျွန်း ထောင်ဒဏ် ကျခံခဲ့ဘူးသော ကိုးကိုးကျွန်းပြန် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလည်း ဖြစ်သည့် ( စာရေးဆရာ မြသန်းတင့် ၏ ဓားတောင်ကို ကျော်၍ မီးပင်လယ်ပြင်ဖြတ်မည် ဆိုသည့် ၀တ္ထုစာအုပ် မှာ မန်ငြိမ်းမောင် ၏ ကိုးကိုးကျွန်းအတွေ့အကြုံ ကို မှီငြမ်းရေးသားခဲ့သည်ဟု စာရေးဆရာက ၀န်ခံခဲ့ပြီးဖြစ်သည်) မန်ငြိမ်းမောင်ကို ပြီးခဲ့သည့် အပတ်က တရုတ်အစိုးရမှ မြန်မာအစိုးရဘက်သို့ တရားဝင် လွဲပြောင်းပေးခဲ့ကြောင်း နေပြည်တော်ရှိ လွင်ပြင်ဝိုင်းတော်သားမျာမှ ထောင်လှမ်ရယူ သတင်းဖေါ်ပြအပ်ပါသည်။
၎င်းသတင်းကို ပြည်တွင်လွင်ပြင်မှ တိတိကျကျ ဖေါ်ပြရန် ကြိုးစားနေချိန်တွင် ၄င်းသတင်းအား တိုက်တိုက်ဆိုင်ဆိုင် ယနေ့ ပြည်ပသတင်းဌာန အတော်များများမှ မရေရာမသေချာ ဖေါ်ပြသွားခဲ့ပါသည်၊ ထိုသတင်း၏ နောက်ဆက်တွဲ သတင်းများကို နေပြည်တော်ရှိ လွင်ပြင် သတင်းထောက်များမှ သတင်းပိုမို တိကျခိုင်လုံအောင် ကြိုးစားနေဆဲ ဖြစ်ကြောင်း လွင်ပြင်မှ ဖေါ်ပြအပ်ပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment