၂၀၁၁ သြဂုတ်လက နေပြည်တော်တွင် တွေ့ရသော သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ - AP)
ဧရာဝတီမြစ်ဆုံ တည်ဆောက်ရေး စီမံကိန်းအား လက်ရှိအစိုးရ သက်တမ်းတွင် ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ ယနေ့ သ၀ဏ်လွှာပေးပို့ ပြောဆိုလိုက်သည်။မြစ်ဆုံစီမံ ကိန်းသည် ပြည်သူလူထု၏ ဆန္ဒနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒကို သွေဖီနေသည်ဟု ဦးသိန်းစိန်က ဆိုသည်။
ဦးသိန်းစိန်၏ ပြောဆိုချက်အား မြစ်ဆုံဆည်စီမံကိန်းကို ကန့်ကွက်နေကြသူများက ကြိုဆိုလိုက်သည်
သမ္မတ ဦးသိန်းစိန်၏ ယနေ့ ပြောဆိုချက်နှင့် ပတ်သက်၍ ကချင်လက်နက်ကိုင်အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က “ရပ်ဆိုင်းထားမယ် ဆိုတာကို ကြိုဆိုပါတယ်၊ ဒါပေမယ့် တနှစ် ရပ်တာလား၊ ဘယ်လောက် ရပ်ဆိုင်းတာလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါ၊ ကျနော်တို့က အပြီးအပိုင် ရပ်ဆိုင်းတာကိုပဲ လိုလားပါတယ်” ဟု Lwin Pwin Blog ကို ပြောသည်။
Lwin Pwin

0 comments:

Post a Comment