မြန်မာနိုင်ငံမြောက်ဘက် ကချင်ပြည်နယ်ထဲမှာ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်လို့ ကန့်ကွက် ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးအနီး အာဏာပိုင်တွေက ဒီကနေ့ လုံခြုံရေးတွေ တိုးမြှင့် ချထားလိုက်ပါတယ်။ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းနဲ့ ပတ်သက်လို့ ဝေဖန်ကန့်ကွက်မှုတွေ ရှိနေချိန်မှာပဲ အစီအစဉ်ကို ရပ်တန့်ဖို့ ဆန္ဒပြ လှုပ်ရှားမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာတာပါ။

ပည်တွင်းပြည်ပက ကန့်ကွက် ဝေဖန်မှုတွေကြားကပဲ မြန်မာ လျှပ်စစ်စွမ်းအင် ၀န်ကြီးက စီမံကိန်းကို ဆက်လုပ်မယ့်အကြောင်း ပြောဆိုခဲ့တဲ့နောက် ကန့်ကွက် ဆန္ဒပြတဲ့အထိ လုပ်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာတာပါ။ ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးရှေ့ အပါအ၀င် နေရာတချို့မှာ ဆန္ဒပြမယ်ဆိုပြီး အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် ဒီကနေ့မှာတော့ လုံခြုံရေးတွေ တိုးချထားခဲ့သလို ရန်ကုန်အခြေစိုက် သတင်းဌာနတချို့က သတင်းသမားတွေလည်း သွားရောက် အကဲခတ်ခဲ့ကြပါတယ်။
Lwin Pwin

0 comments:

Post a Comment