“ဧရာဝတီကို ကယ်တင်ပါ” အမည်ရှိ အနုပညာရှင်များ၏ ပြပွဲ ဖွင့်ပွဲသို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုခဲ့စဉ် ဧရာဝတီမြစ်ကို အခြေခံ၍ ပြည်ထောင်စု ညီညွတ်ရေးဆောင်ရွက်နိုင်ရန် ဆုတောင်းပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒဂုံမြို့နယ် ယောမင်းကြီးလမ်း ရှိ Gallery 65 တွင် ယနေ့နံနက်က ဖွင့်လှစ်ခဲ့သည့် အဆိုပါပြပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က “ဧရာဝတီ မြစ်ကြီး တည်တံ့ရေးကို အားလုံးက စုစုစည်းစည်း လုပ်မယ်ဆိုရင် ညီညွတ်ရေး အတွက်လည်း ဖြစ်တယ်။ အားလုံး ယုံကြည်တဲ့ ကိစ္စတခုကို အခြေခံပြီး ညီညွတ်မှုယူနိုင်ရင် တဖြည်းဖြည်းနဲ့ ညီညွတ်ရေး ပိုဖြစ်လာနိုင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း အဆိုပါ ပြပွဲသို့ သွားရောက်ခဲ့သည့် စာနယ်ဇင်း သမားတဦးက ဆိုသည်။

ယခုပြပွဲတွင် အနုပညာရှင် ၅၄ ဦး၏ ဧရာဝတီနှင့် ပတ်သက်သည့် ဓာတ်ပုံ၊ ပန်းချီ၊ ကာတွန်း၊ ကဗျာ ၁၄၂ ခုကို ပြသထားသည်ဟု သိရသည်။
Lwin Pwin

0 comments:

Post a Comment