NLD တည်ထောင်သည့် ၂၃ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် က- တွေ့ဆုံဆွေးနွေးရေးနဲ့ အကြမ်းမဖက်ရေး လမ်းစဉ်တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ မူတွေဖြစ်ပြီး ဒီမူတွေပေါ်မှာ အခိုင်အမာ ရပ်တည်ပြီးတော့ ပြောင်းသာပြင်သာရှိတဲ့ အနေအထားနဲ့ ဆက်လုပ်သွားမယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ NLD ကို တည်ထောင်ခဲ့တဲ့ ၂၃ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ အဲဒီလို ပြောခဲ့တာပါ။
NLD ကို စပြီး ထူထောင်ခဲ့ကတည်းက တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာမယ်၊ အကြမ်းမဖက်တဲ့ လမ်းစဉ်ကို သွားမယ်ဆိုပြီးတော့ ဆုံးဖြတ်ခဲ့ပြီး အဲဒါတွေဟာ မူတွေဖြစ်ပြီးတော့ ဒီမူတွေအတိုင်း မားမားမတ်မတ် ရပ်တည်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါပေမဲ့လည်း ဒီမူကို တရားသေ ဆုပ်ကိုင်ထားတာမျိုး မဟုတ်ဘဲ ပျော့ပျော့ပြောင်းပြောင်းနဲ့ ဆက်လုပ်သွားမှာပါလို့ NLD ရုံးချုပ်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်

Lwin Pwin

0 comments:

Post a Comment