မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် တွေ့ဆုံဆွေးနွေးရေး မူဝါဒအပေါ် အခြေခံသည့် ပျော့ပြောင်းသော နည်းလမ်းဖြင့် နိုင်ငံရေးပြဿနာများကို ညှိနှိုင်း ဖြေရှင်းသွားမည်ဖြစ်ပြီး NLD က လုပ်ဆောင်မည့် နိုင်ငံရေးလမ်းစဉ်များကို ပြည်သူလူထုထံ အသိပေး သွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ ရန်ကုန် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ကျင်းပပြုလုပ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စတင်တည်ထောင်ခြင်း ၂၃ နှစ်မြောက် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
NLD သည် ၂၃ နှစ်တာ ကာလအထိတိုင်အောင် ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရကြောင်း၊ ပါတီတရပ်အဖြစ် ဆက်လက် ရပ်တည်နိုင်ရေးအတွက် ညီညွတ်ရေး၊ စည်းကမ်းရှိရေး၊ သတ္တိတို့အရေးကြီးကြောင်း၊ စည်းကမ်းမရှိဘဲ ညီညွတ်ရေး မရနိုင်ကြောင်း၊ သတ္တိဟုဆိုရာတွင်လည်း အဖွဲ့ဝင်များသည် ၂၃ နှစ်တာ ကာလအတွင်း ခံရဲသည့်သတ္တိ၊ လုပ်ရဲသည့် သတ္တိ၊ အနာဂတ်ကို ရင်ဆိုင်ရဲသည့် သတ္တိ စသည့် သတ္တိအမျိုးမျိုးနှင့် ၂၃ နှစ်ကြာသည်အထိ ကြံ့ကြံ့ခံ ရပ်တည်ခဲ့ရကြောင်း၊ အတိတ်ကာလကို သင်ခန်းစာယူပြီး ပစ္စုပ္ပန်နှင့် အနာဂတ်ကာလ အကျိုးရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
Lwin Pwin

0 comments:

Post a Comment