02/09/2011
ဂျပန်နိုင်ငံရှိ အီလက်ထရာနစ် ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ ဆိုနီ၊ တိုရှီဘာနဲ့ ဟီတာချီ ကုမ္ပဏီတို့က စမတ်ဖုန်းနဲ့ တက်ဘလက် ကွန်ပျူတာတွေ အတွက် အသေစားနဲ့ အလတ်စား မျက်နှာပြင်တွေ ထုတ်လုပ်ဖို့ စီ စဉ် နေကြတယ်လို့ သိရပါတယ်။ အဆိုပါ ကုမ္ပ ဏီ (၃)ခု ဟာ ယှဉ်ပြိုင် မှုတွေ ပြင်းထန်ေ နတဲ့ ဈေး ကွက်ထဲမှာ နေရာကောင်း ရရှိဖို့ လိုလား နေကြပါ တယ်။
ဒါကြောင့် သူတို့ရဲ့ အခုတစ်ကြိမ် စီးပွားရေး လုပ်ငန်းအသစ် အတွက် တရားဝင် ပူးပေါင်းရေး သဘောတူညီမှု စာချုပ်တွေကို အ ခုနှ စ် နှောင်းပိုင်း မှာ ချုပ်ဆိုနိုင်ဖို့ စီစဉ်ထားပြီး ပူးပေါင်း ဆောင်ရွက်မှုကို လာမယ့် (၂၀၁၂)ခုနှစ် နွေဦးရာသီမှာ အပြီး သတ် ဆောင် ရွက် သွားမှာ ဖြစ်တယ်လို့ အဆိုပါ ကုမ္ပဏီများက ကြေညာခဲ့ပါတယ်။ ဆိုနီ၊ တိုရှီဘာနဲ့ ဟီတာချီ ကုမ္ပဏီတို့ဟာ ဖန်သားပြင်တွေ ထုတ်လုပ် မယ့် လုပ်ငန်း အသစ်အတွက် ပုဂ္ဂလိကပိုင် အများပြည်သူဆိုင်ရာ ရင်းနှီး မြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ ဖြစ်တဲ့ Innovation Network Corporation of Japan နဲ့ ဘဏ္ဍာရေး အရ တစ်စိတ် တစ်ဒေသ လက်တွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပူးပေါင်းတဲ့အခါ Innovation Network Corporation of Japan က ဒေါ်လာ (၂.၆)ဘီလီယံ ရင်းနှီး မြှုပ်နှံပေးခြင်း အတွက် ရှယ် ယာ (၇၀) ရာခိုင်နှုန်း ရရှိမှာဖြစ်ပြီး ဆိုနီ၊ တိုရှီဘာနဲ့ ဟီတာချီတို့က ရှယ်ယာ (၁၀)ရာခိုင်နှုန်းစီ အသီးသီး ရရှိမှာ ဖြစ်ပါတယ်။ အဆိုပါ ဂျပန် ကုမ္ပဏီတွေဟာ စမတ်ဖုန်းနဲ့ တက်ဘလက် ကွန်ပျူတာတွေ အတွက် တောင်ကိုရီးယားနဲ့ တရုတ်(တိုင်ပေ) ဈေးကွက်က ပုံရိပ်ပြတ် သားမှု အားကောင်းတဲ့ အဆင့်မြင့် မျက်နှာပြင် နည်းပညာကို ယှဉ်ပြိုင် နိုင်ဖို့အတွက် အခုလို မျက်နှာပြင်တွေ ထုတ်လုပ်ဖို့ စီစဉ် တာ ဖြစ်ေ ကြာင်း သတင်း ရရှိပါတယ်။
မှတ်ချက်။ ။ ။http://www.mrtv4.net.mm/ပြန်လည်ဖေါ်ပြသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment