01/09/2011
ဟောင်ကောင် ရုပ်ရှင် မင်းသမီးချော ကာရီနာလယူသည် သူ့မ ခင်ပွန်းဖြစ်သူ တိုနီ လီယွန်းချောင်ဝေနှင့် အိမ်ထောင်ရေး ပြဿနာ မီးစ ရှိနေကြောင်း အာရှ ပစ္စဖိတ်သတင်းဌာနသို့ ၀န်ခံပြောဆိုသွားခဲ့သည်။
သူတို့နှစ်ဦး၏ အိမ်ထောင်ရေး သည် ကိုယ်ရေး ကိုယ်တာများနဲ့ သက်ဆိုင်သည့် ခင်ပွန်းဘက်မှ ကလေးရယူနိုင်သည့် အစွန်းအစ မရှိမူ့ကြောင့် အိမ်ထောင်ကွဲမည့် အဆင့်သို့ ကောလ ဟာလများအဖြစ် ထွက်ပေါ်နေသည်။
အသက်၄၅နှစ်အရွယ်ရှိ သူမ၏ ခင်ပွန်းသည် ၎င်း၏ အစွန်းအစမပါဘဲ ဆေးပညာအရ ကလေးရယူနိုင်မည့် နည်းလမ်းကို ရှာဖွေကြိုးပမ်းနေသောကြောင့် ဖြစ်သည်ဟု သတင်းများ ဖြစ်ပေါ်နေသည်။
မင်းသမီးက “ ကျမကို ဘုရားသခင်က အခွင့် အရေးတွေ အများကြီး ပေးထားခဲ့ပါတယ် ကျမကလည်း အဲဒီလို စိန်ခေါ်မူ့တွေအတွက် ဘုရားသခင်ကို ကျေးဇူးတော်ကို နားလည်ပါတယ်ဒါပေမယ့် တိုနီနှင့် ကျမ ကလေးရယူဖို့ ပြောဆိုကြတိုင်း သူက ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပေါ့ “ ဟု သူမက ပြောကြားခဲ့ပါသည်။
သူမမှာ နောက်ထပ် သူကြောင့်ကလေးရရှိဖို့ရန် အခွင့်အရေး မရှိတော့ပါဘူးဟု ၀န်ခံ ပြောဆိုသွားခဲ့ပါသည်၊
၎င်းတို့ နှစ်ဦး၏ အချစ်ကံကြမ္မာက ဘူတာနိုင်ငံ ရုပ်ရှင် ပွဲတော် ဧည့်ပရိတ်သတ် ၁၀၀ကျော် တက်ရောက်ခဲ့သော လွန်ခဲ့သော ၁၉နှစ်က အစပြုပြီး ၂၀၀၈ တွင် လူသိထင်ရှား အိမ်ထောင်ပြု ကြခဲ့သည်၊
သူမ၏ မင်္ဂလာဝတ်စုံသည် USD ၄. ၆သန်း ( ဟောင်ကောင်ဒေါ်လာ သန်း၃၀ ) တန်သည်ဟု သတင်းမီဒီယာများမှ ဖေါ်ပြခဲ့ကြပါသည်။
သူမ၏ ခင်ပွန်းသည် ၎င်း၏ အိမ်တော်တွင် အပန်းဖြေ အနားယူရင်း ဒါရိုက်တာ ဝေါင်ကားဝေ ရိုက်ကူးမည့် ရုပ်ရှင် “ အရှင်သခင်ကြီး” ဇာတ်ကား မစမည် ကြိုတင်ပြင်ဆင်ရင်း ခင်ပွန်းသည် သရုပ်ဆောင်မည့် ယင်းဇာတ်ကားသည်” Ip Man”ရုပ်ရှင်ဇာတ်ကားကဲ့သို့ ကွန်ဖူး ရုပ်ရှင်ကားဖြစ်ပါသည်။
နိုင်ငံရေး၊ စစ်ရေးသတင်းများဖြင့် ခေါင်းရှုပ်နေမည့် စာဖတ်ပရိတ်သတ်အတွက် ဖျော်ဖြေရေး သတင်းတစ်ပုဒ် အဖြစ် လွင်ပြင်ဝိုင်းတော်သားများ http://www.channelnewsasia.com/ မှ ဘာသာပြန်ဆိုတင်ပြအပ်ပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment