မကြာခင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသာမက တွေ့ဆုံခဲ့တဲ့ မြန်မာအစိုးရ အရာရှိအများစုက နေပြည်တော်မှာ တွေ့ဆုံစဉ် သူ့ကို ပြောကြားခဲ့တယ်လို့ နော်ဝေ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အက်စပင်န် ဘာ့သ် အိုင်ဒဲ (Espen Barth Eide) က ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးခြားပြုလုပ်တဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ပြောကြားလိုက်ပါတယ်။ သူ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အောက်တိုဘာလ ၆ ရက်ကနေ ၈ ရက်နေ့အတွေအကြား ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာအစိုးရ ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့တာပါ။ မြန်မာ့နိုင်ငံရေးအခြေအနေမှာ အပြုသဘောဆောင်တဲ့ ပြောင်းလဲ တိုးတက်မှုတွေ ရှိနေတယ်လို့ နော်ဝေ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment