မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရေးကိစ္စ မကြာခင်ရက်ပိုင်း အတွင်းမှာ အကောင်အထည် ပေါ်လာနိုင်ပါတယ်လို့ ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်မှာ အတူလိုက်ပါလာတဲ့ NRK လို့ခေါ်တဲ့ နော်ဝေရုပ်သံဌာနကို သူရဦးရွှေမန်းက အဲဒီလို ပြောခဲ့တာပါ။ နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးလောကထဲက ပါသင့်ပါထိုက်သူတွေ ပါဝင်လုပ်ကိုင်နိုင်ဖို့ လိုတယ်လို့ မှတ်ချက်ပေး ပြောဆိုပါတယ်။
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment