ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ၄၉ နှစ်ပြည့်မြောက်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို အစိုးရက ပြန်လွှတ်ပေးခြင်းမရှိတဲ့အပေါ် သိပ်ကို စိတ်ပျက်မိကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ကြီးဖြစ်တဲ့ Human Rights Watch က ပြောဆိုလိုက်ပါတယ်။ လက်ရှိ ကျိုင်းတုံထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရတာဖြစ်ပြီး သူ့ဘ၀ရဲ့ အချိန်တော်တော်များများက အစိုးရရဲ့ အကျဉ်းထောင်တွေထဲမှာပဲ ဖြတ်သန်းခဲ့ရတာပါ။ မကြာသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ အကျဉ်းသား ၆ ထောင်ကျော်ထဲမှာ ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ တော်တော်များများ ပါလာကြလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့ မျှော်လင့်သလို ဖြစ်မလာတဲ့အပေါ် Human Rights Watch ရဲ့ အာရှရေးရာ လက်ထောက် ညွှန်ကြားရေးမှူး အီလိန်း ပီယာဆန် (Elaine Pearson) က အစိတ်မကောင်းဖြစ်ရသလို စိတ်လည်းပျက်မိပါတယ် လို. ပြောဆိုခဲ့ပါတယ်
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment