Photo: AFP / HO / MNA

တရုတ်နဲ့ မြန်မာ ပူးပေါင်း ဆောင်ရွက်နေတဲ့ စီမံကိန်းတွေမှာ လုပ်ငန်း အကောင်အထည် ဖော်နိုင်ရေးအတွက် နှစ်နိုင်ငံ ခေါင်းဆောင်တွေ ပေးထားတဲ့ ကတိတွေ တည်ဘို့ လိုအပ်တယ်လို့ တရုတ်ဝန်ကြီးချုပ် ဝမ်ဂျားဘောင်က မြန်မာ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးကို ပြောတဲ့အကြောင်း တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာက ဖော်ပြလိုက်ပါတယ်။

တရုတ်ဝန်ကြီးချုပ်က ဦးတင်အောင်မြင့်ဦးကို ဘယ်မှာ ပြောဆိုတယ် ဆိုတာ အတိအကျမသိရပေမဲ့ ဒီကနေ့ မနက်ပိုင်းက လူ ၆၀၀ ကျော် တက်ရောက်တဲ့ ဘေဂျင်းမြို့မှာပြုလုပ်တဲ့ အာဆီယံ တရုတ် စီးပွားရေးပူးပေါင်းမှု နှစ်၂၀ ပြည့် အခမ်းအနားမှာ အာဆီယံ နိုင်ငံအားလုံးကို ဝန်ကြီးချုပ် ဝမ်ဂျားဘောင်က ပြောဆိုခဲ့တာလို့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ် တွဲဘက်အတွင်းရေးမှူး ဦးအေးလွင်က ပြောပါတယ်။ ပြီးခဲ့တဲ့ လက သမ္မတသစ် ဦးသိန်းစိန်က တရုတ်နဲ့ ပူးပေါင်း အကောင်အထည်ဖော်ဖို့ သဘောတူထားတဲ့ အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၆၀၀ ကျော် ကုန်ကျမယ့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ဆိုင်းငံ့ဖို့ အမိန့် ထုတ်ခဲ့ပါတယ်။
Lwin Pwin

0 comments:

Post a Comment