မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံးကို ဒီနှစ်မကုန်ခင်မှာ ကျင်းပဖို့ မျှော်လင့်ရတဲ့ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် ပြန်ပြီးတော့ လွှတ်ပေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး သောမတ်၊ အိုဟေး ကင်တားနားက တောင်းဆိုလိုက်ပါတယ်။ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ ကဏ္ဍက ပါဝင်နေတဲ့ ဒီနိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံတကာတောင်းဆိုမှုတွေအတွက် အပေးအယူလုပ်ဖို့ ဓားစာခံတွေလို မထားသင့်ဘူးလို့လည်း ကြာသာပတေးနေ့မှာ ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား တောင်းဆိုခဲ့ပါတယ်။
Lwin Pwin
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment