လစ်ဗျားခေါင်းဆောင်ကဒါဖီသည် သူ၏မွေးရပ်မြေဆာတီတွင် ၎င်းကိုထောက်ခံသူများနှင့် အစိုးရဆန့်ကျင်သည့် တိုက်ခိုက်ရေးသမားများ အပြန်အလှန်ပစ်ခတ်မှုတွင် ခေါင်း၌သေနတ်ထိမှန်ခဲ့ပြီး သေဆုံးခဲ့ကြောင်း လစ်ဗျားကြားဖြတ်အစိုးရ၀န်ကြီးချုပ်က အောက်တိုဘာ၂၀ရက်နေ. သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ကဒါဖီကိုမြေထဲပင်လယ်အနီး မွေးရပ်မြို့အစွန် ရေဆိုးထုတ်မြောင်းအတွင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကဒါဖီကိုထရပ်ကားဖြင့် ခေါ်ဆောင်လာခဲ့စဉ်က ညာဘက်လက်တွင် သေနတ်ထိမှန်ထားကြောင်း ကားစမောင်းချိန်တွင် ကဒါဖီ၏သစ္စာခံတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးသမားများကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကဒါဖီ၏ခေါင်းကိုသေနတ်ထိမှန်ခဲ့ကြောင်း ဂျီဘရေးက ပြောကြားခဲ့သည်။
ကဒါဖီကိုမီဆရာတာမြို့ရှိ ဆေးရုံသို့ခေါ်ဆောင်လာချိန်အထိ အသက်ရှင် ကျန်ရစ်ခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။
ကဒါဖီသည် ရေနံကြွယ်ဝသော လစ်ဗျားကို ၄၂ နှစ်နီးပါး ဖိနှိပ်အုပ်ချုပ်ခဲ့သူဖြစ်သည်။ ကဒါဖီသေဆုံးမှုသည် လစ်ဗျားတွင် အာဏာရှင်စနစ် နိဂုံးချုပ်ခြင်းဖြစ်ကြောင်း ကမ္ဘာ့ခေါင်းဆောင်များက ကြိုဆိုခဲ့ကြသည်။
Lwin Pwin
0 comments:
Post a Comment