ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက် လိုင်စင်များ ထုတ်ပေးခြင်း နှင့်သက်တမ်းတိုးခြင်း ရပ်ဆိုင်းထားမှုကို ပြန်လည် ဆောင် ရွက်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။ ယမန်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော်၌ လွှတ်တော် ကိုယ်စား လှယ် ၃ ဦး၏ ဆက်သွယ်ရေးနှင့် ဆိုင်သော မေးခွန်း များကို ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းထွန်းက ဖြေကြား ရာ၌ ဂြိုဟ်တု ရုပ်မြင်သံကြားဖမ်းစက် လိုင်စင်အခွန် အခများ ကောက်ခံ ခြင်းကို မြို့နယ် ဆက်သွယ်ရေး စခန်း(စာတိုက်) များနှင့် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနများတွင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ် ကြောင်း ထည့်သွင်း ပြောကြားသွားသည်။
Lwin Pwin

0 comments:

Post a Comment