Friday, 21 October 2011 10:10

မိုးသည်းထန်စွာရွာသွန်းပြီး ဆည်၊ကန်၊ ချောင်းရေများလျှံတက်ကာ ပခုက္ကူမြို့ဒေသတစ်ဝိုက် ရေနစ်မြုပ်မှု ဖြစ်ပွားလျှက်ရှိကြောင်း ကနဦးသတင်းအရ လူပေါင်း ၄၀ ၀န်းကျင် ပျောက်ဆုံးလျှက်ရှိပြီး ၁၅၀၀ ဦးအား ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ကယ်ဆယ်ထားရေကြောင်း အထူးသဖြင့် ပခုက္ကူမြို့ အမှတ် (၃) ရပ်ကွက်မှာ ရေနစ်မြုပ်မှုဒဏ် အပြင်ထန်ဆုံး ခံစားရပြီး အိမ်ခြေ (၂၀၀) ကျော်မှာ ရေလွှမ်းမိုးခံရကြောင်း၊ ပခုက္ကူမြို့ တိလောကရာမ ကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ အောက်တိုဘာလ (၂၁)ရက်နေ့ နံနက်ပိုင်း အထိ လူ (၁၅၀၀) ကျော်အား ကယ်ဆယ်ထားရကြောင်း သိရသည်။ အောက်တိုဘာ (၁၇)ရက်နေ့တွင် မိုးစတင်ရွာသွန်းခြင်းဖြစ်ပြီး အောက်တိုဘာ (၁၉) ရက်နေ့တွင် မိုးသည်ထန်စွာ ထပ်မံရွာသွန်းခြင်းကြောင့် ပခုက္ကူမြို့ရှိ ရွှေချောင်းအတွင်း ရေအလုံးအရင်းဖြင့် စီးဝင်ကာရွှေချောင်းတစ်လျှောက်ရှိ ဆိတ်၊နွား တိရိစ္ဆာန်များ အများအပြား မျော်ပါပျောက်ဆုံးခြင်း၊ လူနှင့် အိမ်ခြေများ ရေလွှမ်းခံရခြင်း များဖြစ်ပေါ်ခဲ့သည်။ ရေနစ်မြုပ်ရာ ဒေသတစ်ဝိုက်တွင် ဆည် (၆)ခုနှင့် ရေကန် (၁၅)ခု ရှိပြီး အောက်တိုဘာလ (၁၇)ရက်နေ့က မိုးရွာသွန်းမှုကြောင့် ဆည်နှင့်ကန်များအတွင်း ရေအများအပြား ရှိနေခဲ့ကြောင်း၊ အောက်တိုဘာလ (၁၉) ရက်နေ့တွင် ထပ်မံ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလျှံကာ ရေနစ်မြုပ်ခြင်းဖြစ်ကြောင်း ကနဦးသတင်းများအရ သိရှိရသည်။
Lwin Pwin

0 comments:

Post a Comment