မြ၀တီတွင် ဗုံးကွဲ
ကရင်ပြည်နယ် မြ၀တီမြို့ အမှတ် ၄ ရပ်ကွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ရုံးဟောင်းရှေ့တွင် ယနေ့နံနက် ၈ နာရီကျော်က ဗုံးတလုံးပေါက်ကွဲရာ ဘုန်းတော်ကြီးတပါး ဒဏ်ရာရရှိသွားသည်။ ဗုံးပေါက်ကွဲမှုကို အာဏာပိုင်များက စောလားပွယ် (ဗိုလ်နှုတ် ခမ်းမွေး)ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA)အဖွဲ့၏ လက်ချက်ဟု ယူဆထားကြောင်း မြ၀တီမှ အစိုးရ၀န်ထမ်းတဦးက ပြောသည်။ ယင်းပေါက်ကွဲမှုကြောင့် မြ၀တီမြို့အတွင်း လုံခြုံရေး အထူး တိုးမြှင့် ထားခြင်း မရှိဘဲ ပုံမှန်အတိုင်း သွားလာလျက်ရှိသည်ဟုလည်း ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ ထောင်ဝင်စာရရှိရေး ဇာဂနာဆက်တိုက် ကူညီနေ
လူရွှင်တော်ကိုဇာဂနာသည် သတင်းကျွတ်လပြည့်နေ့ အကျဉ်းထောင်မှ လွတ်မြောက်ပြီးကတည်းက နိုင်ငံရေး အကျဉ်းသား များအတွက် ထောင်ဝင်စာများ၊ ပိုက်ဆံစာအုပ်များ စီစဉ်ပေးလျှက်ရှိကြောင်း သိရသည်။ သူနှင့်ခင်မင် ရင်းနှီးသော အနုပညာရှင်များ ဝိုင်းဝန်းလှူဒါန်းသည့် အလှူငွေများနှင့် လွိုင်ကော်၊ တောင်ငူ၊ မုံရွာ၊ ကျောက်ဖြူစသည့် ထောင်များရှိ နိုင်ငံရေးအကျဉ်းသားများ ထောင်ဝင်စာရရှိရေးအတွက် ဆောင်ရွက်ပေးနေသော ကိုဇာဂနာသည် ယနေ့တွင် ပြည် အကျဉ်းထောင်သို့ သွားရောက်မည် ဖြစ်ကြောင်း ကြားသိရသည်။ အကယ်၍ ပြည်သို့ ကိုဇာဂနာ သွားဖြစ်ပါက ၎င်း ထောင်က လွတ်မြောက်ပြီးသည့်နောက် ပထမဆုံး ရန်ကုန်ပြည်ပခရီးစဉ် ဖြစ်သည်။
နိုင်ငံကူးလက်မှတ်ရလျှင် ဇာဂနာ အမေရိကန်သွားမည်
အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် ဦးဆောင်သည့် CGI ဖောင်ဒေးရှင်း၏ လူမှုအကူအညီပေးရေး လုပ်ငန်းများကို လေ့လာရန် လူရွှင်တော်ဇာဂနာအား ဖိတ်ကြားထားသဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားပြီးဖြစ်ကြောင်း ကိုဇာဂနာက ဝါရှင်တန် အခြေစိုက် RFA သတင်းဌာနကို ပြောထားသည်။ ၎င်းသည် နိုင်ငံကူးလက်မှတ်ရရှိ၍ အမေရိကန်နိုင်ငံသို့ သွားခွင့် ရပါက သူငယ်ချင်း လူရွှင်တော်များဖြစ်သော အရိုင်း၊ ကင်းကောင်၊ ငှက်ပျောကြော်တို့နှင့်အတူ မေရီလန်းတွင် အခမဲ့ ပွဲတပွဲ ကမည်ဖြစ်ကြောင်း၊ မင်းသမီးအနေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်တွင်ရှိနေသော မြစံပယ်ငုံကို စီစဉ်ထားကြောင်း သိရသည်။
ကိုဇာဂနာနဲ့အဖွဲ့ ပြည်မြို့ ထောင်ဝင်စာခရီး သွားရောက်
ဟာသသရုပ်ဆောင် ကိုဇာဂနာဟာ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းကျရာ မြို့တွေက ထောင်တွေကို သွားရောက်ပြီး ထောင်ဝင်စာပို့တဲ့ ပထမဆုံး ခရီးစဉ်အဖြစ် ဒီကနေ့ ပြည်မြို့ကို ရောက်ရှိခဲ့ပြီး ပြည်အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေ အတွက် ထောင်ဝင်စာ ပစ္စည်းပေးပို့ခဲ့ကြောင်း သိရပါတယ်။ဒလိုင်းလားမားက ဒေါ်အောင်ဆန်းစုကြည်ကို ချက်သမ္မတနိုင်ငံသို့ ဖိတ်ကြား
ချက်သမ္မတ နိုင်ငံတွင်ပြုလုပ်မည့် ကွန်ဖရင့်သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပါရန် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားက ဖိတ်ကြားစာ တစောင် ရေးသားပေးပို့ လိုက်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ မကြာမီက လက်ခံရရှိထားပြီး ဖြစ်သော စာအရ ဒီဇင်ဘာ လဆန်းပိုင်းတွင် ချက်သမ္မတနိုင်ငံ၊ ပရဂ်မြို့၌ ကျင်းပရန် စီစဉ်ထားသည့် နိုဗယ်ဆုရှင်များ ကွန်ဖရင့်နှင့် အခြား ကမ္ဘာ့ခေါင်းဆောင်များတွေ့ဆုံပွဲသို့ တက်ရောက်ရန် ဖိတ်မန္တက ပြုထားသည်။
ဒေါ်စုပုံတူ ပန်းချီများ အမေရိကန်မှ အများဆုံးဝယ်ယူ
နိုင်ငံရေး လှုပ်ရှားမှုနှင့် လူမှု အထောက်အကူပြု လုပ်ငန်း ရန်ပုံငွေ အတွက် ရည်ရွယ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - NLD ၏ ပန်းချီပြပွဲ၌ တနင်္ဂလာနေ့ နံနက်အထိ ပန်းချီကား ရှစ်ကား ရောင်းချရပြီး အများစုမှာ အမေရိကန်နိုင်ငံမှ ဝယ်ယူခြင်း ဖြစ်ပြီး စုစုပေါင်း ကျပ် ၁၃ သိန်း ရရှိသည်ဟု သိရသည်။
အမေရိကန် ကိုယ်စားလှယ် ထပ်မံရောက်ရှိ
အမေရိကန် ကိုယ်စားလှယ် ထပ်မံရောက်ရှိ
အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက်ခ် ဂျေ မစ်ချဲလ် Derek J. Mitchell သည် ၎င်း၏ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရန်ကုန်မြို့သို့ တနင်္လာနေ့ က ရောက်ရှိနေသည် ဟု သိရသည်။
ကချင်ဒေသခံ အမျိုးသမီး ၉ ဦး မတရားပြုကျင့် အသတ်ခံရ
ရှမ်းပြည်နယ် ကွတ်ခိုင်ဒေသမှာ ဒေသခံအမျိုးသမီး ၉ ဦး အစော်ကားခံရပြီး သေဆုံးနေတာ တွေ့ရတယ်လို့ KIO ကဆိုပါတယ်။
အင်တာနက်တိုက်ခိုက်မှု မြန်မာထိပ်ဆုံး စာရင်းဝင်
အင်တာနက် စာမျက်နှာတွေအပေါ် တိုက်ခိုက်မှုတွေ မြစ်ဖျားခံလာတဲ့ တိုင်းပြည်တွေထဲ မြန်မာနိုင်ငံဟာ ထိပ်ဆုံး ၁၀ ခုထဲမှာ ရှိနေဆဲပဲလို့ အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီကြီး Akamai ကော်ပိုရေးရှင်းရဲ့ ဒုတိယ ၃ လပတ် အစီရင်ခံစာမှာ ဖော်ပြလိုက် ပါတယ်။
အိန္ဒိယ မြန်မာနယ်စပ် ဗီဇာ လိုအပ်ချက် လျှော့ပေါ့
အိန္ဒိယ မြန်မာနယ်စပ်က နှစ်ဖက် နိုင်ငံသားတွေ ဗီဇာမလိုပဲ နယ်စပ်ကို ဖြတ်ကျော်ပြီး အတွင်းပိုင်း (၁၀) မိုင်အထိ တစ်ပတ်ကြာ နေထိုင်ခွင့်ပေးဖို့ နှစ်နိုင်ငံ အာဏာပိုင်တွေက သဘောတူညီကြတယ်လို့ The Economic Times သတင်းစာမှာ မနေ့က ဖော်ပြထားကြောင်း သိရသည်။Lwin Pwin
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment