အာဏာကို ၄၂ နှစ်ကြာ ချုပ်ကိုင်ခဲ့သော လစ်ဗျားအာဏာရှင် ကဒါဖီကို အောက်တိုဘာလ ၂၀ ရက်က ဖမ်းမိခဲ့ပြီး သေဆုံးမှုဖြစ်ခဲ့ပြီးနောက် လစ်ဗျားကြားဖြတ်အစိုးရခေါင်းဆောင်များက အောက်တို ဘာလ ၂၃ ရက်တွင် လွတ်လပ်ရေး ကြေညာခဲ့သည်။
 




အာဂျင်တီးနားနိုင်ငံတွင် အောက်တိုဘာလ ၂၃ ရက်က ပြုလုပ်ခဲ့သော သမ္မတရွေးကောက်ပွဲတွင် လက်ရှိအမျိုးသမီးသမ္မတ ခရစ္စတီးနား ဖာနန်ဒက်ဇ်ဒီကာ့ခ်ျနာသည် အပြတ်အသတ်ရလဒ်ဖြင့် ထပ်မံအနိုင်ရဖွယ် စစ်တမ်းများအရ သိရသည်။
 





တူရကီနိုင်ငံအရှေ့ပိုင်းတွင် အောက်တိုဘာလ ၂၃ ရက်က ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၇၀ ဦးသေဆုံး ခဲ့ပြီးလူ၁၅၀ဒဏ်ရာရခဲ့ကြောင်းနိုင်ငံပိုင်ရုပ်သံသတင်းဌာနက ထုတ်လွှင့်ခဲ့သည်။
 




အာရပ်နွေဦးတော်လှန်ရေး စတင်ခဲ့သည့် တူနီးရှားတွင် အာဏာ ရှင်ဘင်အလီကို ဖြုတ်ချနိုင်ခဲ့ပြီး ကိုးလအကြာတွင် ပထမဆုံးအကြိမ် လွတ်လပ်သော တိုင်းပြည်ပြု ရွေးကောက်ပွဲများကို အောက်တိုဘာလ ၂၃ ရက်နေ့က ကျင်းပခဲ့သည်။
 




အရှေ့အလယ်ပိုင်းဒေသတွင် မတည်ငြိမ်မှုများ ဆိုးဆိုးဝါးဝါး ကြုံတွေ့နေစဉ် ဆော်ဒီအိမ်ရှေ့မင်းသား စူလ်တန်ဘင်အက်ဘ်ဒူလ်အဇစ်သည် အောက်တိုဘာလ ၂၂ ရက်နေ့က ကွယ်လွန်ခဲ့ကြောင်း ဆော်ဒီနန်းတော်မှ ကြေညာခဲ့သည်။ ၎င်းကွယ်လွန်မှုကြောင့် ညီဖြစ်သူနာယက်မှာ နာမကျန်းဖြစ်နေသည့် ဘုရင်အဗ္ဗဒူလာနေရာကို ဆက်ခံသူဖြစ်လာနိုင်သည်။
Lwin Pwin 

0 comments:

Post a Comment