လစ်ဗျားနိုင်ငံအား နှစ်ပေါင်း ၄၂ နှစ်နီးပါး အုပ်ချုပ်ခဲ့သော ဗိုလ်မှူးကြီး ကဒါဖီသည် မနေ့က သေဆုံးသွားခဲ့ပြီ ဖြစ်သည်။လစ်ဗျားပြည်သူလူထုအပေါ် အာဏာရှင်အဖြစ် အချိန်ကြာမြင့်စွာ အုပ်ချုပ်ခဲ့ပြီး ၎င်း၏ ဇာတိဖြစ်သော ဆာ့တ် မြို့၌ လက်ရှိ အာဏာရ ကြားဖြတ်အစိုးရ စစ်တပ်၏ တပ်ဖွဲ့ဝင်များက အရှင်ဖမ်းမိခဲ့ပြီးမှ အသေ သတ်ပစ်ခဲ့ဟန် ရှိသည်။လစ်ဗျားနိုင်ငံ ကြားဖြတ်အစိုးရ သစ်က ကဒါဖီ သေဆုံးသွားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည့် အပြင် လစ်ဗျားပြည်သူ ထောင်ပေါင်းများစွာကလည်း အောင်ပွဲခံမှုများ ပြုလုပ်ခဲ့ကြသည်။ဗိုလ်မှူးကြီး ကဒါဖီသည် ၎င်း၏ အသက် ၂၇ နှစ်အရွယ် ၁၉၆၉ ခုနှစ်တွင် လစ်ဗျားနိုင်ငံအား အာဏာသိမ်းပိုက်၍ အုပ်ချုပ် ခဲ့ပြီး ယခု အသက် ၆၉ နှစ်အရွယ်တွင် ဘ၀နိဂုံး ချုပ်သွားခဲ့ရခြင်းဖြစ်သည်။
Lwin Pwin

0 comments:

Post a Comment