ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဆိုင်းငံ့လိုက်ရခြင်းကြောင့် မြန်မာနိုင်ငံဘက်က တရုတ်နိုင်ငံသို့ နစ်နာကြေးအရတခြား သော စီမံကိန်းများ လုပ်ဆောင်ပေးသွားဖွယ်ရှိကြောင်း သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ် က ပြောဆိုသည်။
“ဒီလို ရပ်ဆိုင်းလိုက်ရတဲ့အတွက် နစ်နာမှုတော့ရှိတာပေါ့၊ ဒီအတွက်လည်းပဲ တခြားစီမံကိန်း၊ လုပ်ငန်းတခုခုတော့ ဆောင်ရွက် ပေးသွားဖို့ရှိပါတယ်၊ ငွေကြေး အလုံးအရင်းနဲ့ လျော်ပေးရတာမျိုးတော့ မရှိပါဘူး”ဟု ၎င်းကLwin Pwin ကိုပြောသည်။ တရုတ်ကုမ္ပဏီများ၏ နစ်နာမှုအတွက် မြန်မာဘက်က လုပ်ဆောင်ပေးသွားမည်ဟု ဆိုသော်လည်း မည်ကဲ့သို့ စီမံကိန်း၊ လုပ်ငန်း အမျိုးအစားများဖြင့် ဖြေရှင်းပေးသွားမည်ဆိုသည်ကိုမူ ပြောဆိုခြင်း မရှိပေ
Lwin Pwin

0 comments:

Post a Comment