9:00 AM
စစ်တွေထောင်မှ ဗိုလ်ချုပ်ဆေထင် (SSPC ဥက္ကဌ ) လွတ်မြောက်လာကြောင်း သိရှိရပါသည်။
9:36 AM
ကိုမင်းကိုနိုင်နှင့် ကိုဌေးကြွယ်တို့မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရပြီး ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများထဲတွင် မပါဝင်သေးကြောင်း ၄င်းတို့နှင့် နီးစပ်သူတစ်ဦးက ယနေ့နံနက် ၉ နာရီတွင် ပြောကြားသည်။
9:40 AM
အင်းစိန်ထောင်ရှေ့တွင် နံနက် (၄)နာရီ အချိန်မှစတင်ပြီး လာရောက်စောင့်ကြိုနေသူ (၇၀၀) ခန့် ရှိနေပြီး ထူးခြားချက် မရှိသေးကြောင်း သိရပါသည်။ သိရှိရသော သတင်းများအရ အင်စိန်ထောင်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူ အမျိုးသား (၂၅၀) ကျော် အမျိုးသမီး (၁၀) ဦးကျော် စုစုပေါင်း (၂၆၀) ကျော် ရှိနေကြောင်း သိရှိရပါသည်။ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရပြီး ယနေ့နံနက် ပြန်လည် လွတ်မြောက်လာသူများထဲတွင် NLD ပါတီဝင် (၆) ဦးလည်း ပါဝင်ကြောင်းသိရသည်။
9:55 AM
တောင်ကြီးအကျဉ်းထောင်မှ ဦးရွှေထူး ၊စစ်တွေအကျဉ်းထောင်မှ ကိုဝင်းမော် ၊ ဘူးသီးတောင်အကျဉ်းထောင်မှ ကိုကိုကြီး (စမ်းချောင်း) ၊ ရွှေဘိုအကျဉ်းထောင်မှ မလင်းလင်းမော် တို့ ဆက်လက် လွတ်မြောက်လာကြောင်း သိရှိရပါသည်။
10:00 AM
ဘူးသီးတောင်ထောင်မှ ကိုကိုကြီး(စမ်းချောင်း)၊ ကိုသန်းထွန်းဇေ ၊ ဦးအောင်စိုး တို့လွတ်မြောက်လာကြောင်း သိရှိရပါသည်။
10:08 AM
အင်းစိန်အကျဉ်းထောင်မှ ယနေ့တွင်(12.10.2011) ကျား ၅၆၄ ဦး၊ မ ၇၈ ဦး စုစုပေါင်း ၆၄၂ ဦး ကို အသုတ်လိုက်ခွဲ၍ လွှတ်ပေးမည်ဖြစ်ကြောင်းသိရသည်။
10:17 AM
နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရ၀ပြုကန်တော့ပွဲကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပရန်စီစဉ်ထားပြီး ယခုအခါ စီစဉ်သူများ၊ နိုင်ငံရေးအကျဉ်းသားများ ၊ ထောက်ခံသူများနှင့် စိတ်ပါဝင်စားသူ ၁၀၀ ကျော် တက်ရောက်လျှက်ရှိသည်ကို တွေ့ရသည်။ ဦးတင်ဦး ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ကို ဂါရ၀ပြုကန်တော့ကြမည် ဖြစ်သည်။
10:22 AM
၂၀၀၅ ခုနှစ်က ၀န်ထမ်းများ လစာနည်းပါးမှုနှင့် ပတ်သက်၍ မဲဆောက်ရှိ ILO အဖွဲ့နှင့် သွားရောက်တွေ့ဆုံခဲ့သူ အမျိုးသမီး မအေးသီခိုင် ၊မအေးချမ်း ၊မယဉ်ကြည် ၊ ဒေါ်သန်းသန်းဌေး တို့ အင်းစိန်ထောင်မှ လွတ်မြောက်လာကြောင်း သိရပါသည်။
10:23 AM
ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရသူ NLD ပါတီဝင် ဦးဘတင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရှိရသည်။
10:24 AM
ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား ရာကျော်လွှတ်ပေးမည်ဖြစ်သော်လည်း အဆိုပါ လွတ်မြောက်မည့်သူများတွင် ကိုပေါ်ဦး (ခေါ်) ကိုမင်းကိုနိုင် မပါဝင်သေးကြောင်း ကျိုင်းတုံအကျဉ်းထောင်မှာ တာဝန်ရှိသူတစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။ ကိုမင်းကိုနိုင်သည် ထောင်ဒဏ် ၆၅နှစ် ကျခံနေရသူဖြစ်ပါသည်။ မည်သည့်နေ့ရက်တွင် ကိုမင်းကိုနိုင် ပြန်လည်လွတ်မြော က်မည်ကို မသိရှိရသေးကြောင်းလည်း ကျိုင်းတုံအကျဉ်းထောင်မှ တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။
10:30 AM
မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ် NLD လူငယ် ပါတီဝင် ကိုအောင်မိုးလွင် အင်စိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည်။
သာယာဝတီအကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် NLD လူငယ် ပါတီဝင် ကိုအောင်မိုးလွင် အင်စိန်ထောင်မှ လည်လွတ်မြောက်လာသည်။ သာယာဝတီအကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။
10:42 AM
သာယာဝတီအကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။ မန္တလေးထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၄၆ ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရှိပါသည်။
သာယာဝတီအကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။ မန္တလေးထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၄၆ ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရှိပါသည်။
10:50 AM
ဂါရဝပြုအခမ်းအနားသို့ ဦးဝင်းတင် ၁၀း၅၀ မိနစ်တွင် ရောက်ရှိလာသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ မိနစ်ပိုင်းအတွင်း ရောက်ရှိမည်။
11:00 AM
အင်းစိန်အကျဉ်းထောင်ရှေ့ လမ်းမပေါ်တွင် လွတ်မြောက်လာသူများကို လာရောက်စောင့်ဆိုင်းသူများ အယောက် ၁၀၀၀ ကျော် ရှိနေကြောင်းနှင့် အဆိုပါလမ်းကို ယာယီပိတ်ထားကြောင်း သိရသည်။ NDF ပါတီဝင်အချို့က လွတ်မြောက်လာသူများအား ၀မ်းမြောက်စွာကြိုဆိုကြောင်း စာတန်းကို ကိုင်ဆောင် ကြိုဆိုနေကြောင်း သိရသည်။ အကျဉ်းထောင်မှ လွတ်မြောက်လာသူများကို အစားအသောက်များကျွေးမွေးခြင်း၊ လိုအပ်သော ငွေကြေးကူညီထောက်ပံ့မှုများ ပြုလုပ်ခြင်းကိုလည်း လာရောက်စောင့်စားကြည့်ရှုနေသည့် လူအများက ကူညီပြုလုပ်ပေးနေကြောင်း သိရှိရပါသည်။
11:08 AM
ကိုဇာဂနာ မြစ်ကြီးနားလေဆိပ်မှ စတင်ထွက်ခွာလာပြီဖြစ်သည်။
12:45 PM
ယနေ့ လွတ်မြောက်လာသူများတွင် ကိုနေဘုန်းလတ် ပါဝင်လာခဲ့ခြင်း မရှိသေးကြောင်း သိရပါသည်။ ကိုနေဘုန်းလတ်(ခေါ်) ကိုနေမျိုးကျော် သည် ၂၀၀၈ခုနှစ် ဇန်န၀ါရီလက ဖမ်းဆီးခံခဲ့ရပြီး ဘားအံအကျဉ်းထောင်၌ ထောင်ဒဏ် ၁၂နှစ်ကျခံနေရသူ ဖြစ်ပါသည်။
1:13 PM
နောက်ဆုံးရရှိသော သတင်းအရ အရှင်ဂမ္ဘီရ ကလေးထောင်မှ လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရှိရသည်။
1:30 PM
ကိုဇာဂနာ ရန်ကုန်မြို့ စမ်းချောင်းရှိ နေအိမ်သို့ ပြန်လည်ရောက်နေပြီး သတင်းထောက်များနှင့် တွေ့ဆုံကြောင်းသိရ
2:30 PM
မန္တလေး အိုးဘိုအကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရပြီး ပြန်လည်လွတ်မြောက်လာသည့် သူများထဲတွင် NLD ပါတီဝင် ၃ ဦးသာပါရှိကြောင်းနှင့် ပုဒ်မ ၅(ည) ၁၇ (၁)တို့ဖြင့် ၁၉၈၈ ခုနှစ်ကတည်းက ဖမ်းဆီးခံခဲ့ရပြီး နှစ် ၃၀ ပြစ်ဒဏ်ချမှတ်ခံရသူ ဦးသုန္ဒရ လည်းပြန်လည်လွတ်မြောက် လာသည်ကို တွေ့ရသည်။
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment