အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း၏ အပိုဒ် ၁၅ ၌
“လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်ဟု ဖော်ပြထားသည်။ ထိုချက်အရ မည်သူမဆို၊ ကမ္ဘာပေါ်ရှိမည်သည့်ဒေသတွင် ရှိနေသည်ဖြစ်စေ နိုင်ငံတစ်ခုခုနှင့် တရားဝင်ဆက်စပ်မှုကို ဆက်လက်ထိန်းသိမ်းပိုင်ခွင့်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာအသိုက်အ၀န်းမှ အသိအမှတ်ပြုထားသည်။”
တစ်နည်းအားဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေများက နိုင်ငံမဲ့ဖြစ်မှုကို ရှောင်ရှားသင့်သည်ဟု ဖော်ပြထားသည်။ ထိုသို့ခိုင်မာသည့် အပြည်ပြည်ဆိုင်ရာ ကတိက၀တ်ရှိနေသော်လည်း နိုင်ငံမဲ့ဖြစ်မှုများ ဆက်လက်ပေါ်ပေါက်လျှက်ပင် ဖြစ်သည်။ နိုင်ငံမဲ့ပြဿနာအာ်းဖြေရှင်းနေရခြင်းသည် ၂၁ ရာစု်အဓိကစိန်ခေါ်မှုတစ်ခု ဖြစ်သည်။နိုင်ငံမဲ့ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းပုံဥပဒေအရ
နိုင်ငံသားဖြစ်ရန်အတွက် လုံးဝထည့်သွင်းစဉ်းစားခြင်း မခံရသည့် အခြေအနေဖြစ်သည်။ ထိုနိုင်ငံမဲ့သူသည် နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းပုံဥပဒေအရ နိုင်ငံသားဖြစ်ရန်အတွက် လုံးဝထည့်သွင်းစဉ်းစားခြင်း မခံရသူများဖြစ်ကြသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအဆိုအရ ကမ္ဘာပေါ်တွင်နိုင်ငံမဲ့သူဦးရေ ၁၂ သန်းရှိသည်ဟု သိရသည်။ ၂၀၁၁ ခုနှစ် သြ ဂုတ်လ ၃၀ ရက်နေ့သည် ၁၉၆၁ ခုနှစ် နိုင်ငံမဲ့ဖြစ်မှု လျော့ချရေးဆိုင်ရာ ကွန်ဗင်းရှင်းပြဋ္ဌာန်းခဲ့သည့် နှစ် ၅၀ ပြည့်နေ့ပင်ဖြစ်သည်။ ထိုကွန်ဗင်းရှင်း၏ အဖွဲ့ဝင်နိုင်ငံ ၃၈ နိုင်ငံသာ ရှိသေးသည်။ နိုင်ငံမဲ့မှုသည် ကမ္ဘာပေါ် ရှိနိုင်ငံအများအပြားတွင် ရှုတ်ထွေးသော ပြဿနာအဖြစ် တည်ရှိနေဆဲဖြစ်သည်။

နိုင်ငံသားဖြစ်မှုသည် လူတစ်ယောက်အား မိမိမည်သူမည်ဝါဖြစ်သည်ကို သိရှိစေပြီး လူ့အဖွဲ့အစည်းတွင် အပြည့်အ၀ပါဝင်ခွင့်ရရေးသော့ချက်ဖြစ်သည်။ နိုင်ငံသားအဖြစ် မရရှိသူများသည် မဲဆန္ဒပေး နိုင်ခွင့်မရှိသောကြောင့် ယေဘုယျအားဖြင့် နိုင်ငံရေးဖြစ်စဉ်မှ ဖယ်ကြဉ်ခြင်းခံရသည်။

နိုင်ငံမဲ့ကလေးများသည် အလွှဲသုံးစားပြုခံရခြင်း၊ ခေါင်းပုံဖြတ်ခံရ ခြင်းနှင့် ၎င်းတို့၏ အခြေခံအခွင့်အရေးများ ချိုးဖောက်ခံရခြင်း စသည့် ဘ၀ရပ်တည်ရန်ခက်ခဲနေသော အခြေအနေသို့ ပိုမိုရောက်စေလွယ်သည့်အတွက် မွေးဖွားသည့်အခါ ၎င်းတို့အား မှတ်ပုံတင်မှု ပြုလုပ်ထားသင့်သည်။
မွေးဖွားသည့်အခါ မှတ်ပုံတင်ခြင်းသည် ထိုကလေးများအတွက် ပညာရေးနှင့် ကျန်းမားရေးကဲ့သို့သော လူ့အခွင့်အရေးဆိုင်ရာ အခြေခံအခွင့်အရေးများရယူဖို့ ပထမအဆင့် ဖြစ်သည်။ တိုင်းရင်းသားဖြစ်မှုနှင့် မည်သူမည်ဝါဖြစ်ကြောင်း စိစစ်မှုသည် ကလေးတိုင်း၏ မွေးရာပါအခွင့်အရေးဖြစ်သည်။
ကလေးများမွေးဖွားသည့်အခါ မှတ်ပုံတင်ထားခြင်းမရှိပါက မိဘမျိုးရိုးနှင့် မွေးဖွားရာနေရာ မှတ်တမ်းမှတ်ရာကို သက်သေအထောက်အထား ခိုင်ခိုင်မာမာမပြနိုင်သည့်အတွက် နိုင်ငံမဲ့သူ ဖြစ်ဖို့အခွင့်အလမ်းများသည်။ နိုင်ငံမဲ့မိဘများက မွေးဖွားသည့် ကလေးများ၏အခြေအနေက ပိုမိုဆိုးရွားစေသည်။

ကမ္ဘာပေါ်တွင် ကလေးသန်း ပေါင်း ၅၀ နှစ်စဉ်မွေးဖွားလျက်ရှိရာ ထိုအထဲမှ သုံးပုံနှစ်ပုံသည် အာရှ တိုက်မှဖြစ်ပြီး မှတ်ပုံတင်ထားခြင်း မရှိသေးသူများဖြစ်သည်။ ထိုသို့ဖြစ် ရခြင်းသည် နိုင်ငံရေး၊ လုံလောက်သည့် အခြေခံအဆောက်အအုံမရှိခြင်း၊ မိဘများတွင် အသိပညာပေးမှု နည်းပါးခြင့်း်၊ မွေးစာရင်းရရှိရန် ကုန်ကျစရိတ် မြင့်မားခြင်းစသည့်အချက်များကြောင့် တိုင်း ရင်းသားလူမျိုးများအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် ကျားမလိင်ခွဲခြားဆက်ဆံခြင်းတို့ဖြစ်ပေါ်စေသည့် အကြောင်းရင်းတစ်ရပ်လည်း ဖြစ်သည်။

တောင်အာရှတွင် ငါးနှစ်အောက် ကလေးများထဲမှ သုံပုံတစ်ပုံသာ မွေးဖွားပြီးမှတ်ပုံတင်ထားသည့် ကလေးများဖြစ်ကြသည်။ အစိုးရများသည် မည်သည့်ခွဲခြားဆက်ဆံမှုမျိုးမျှမရှိရဘဲ ကလေးများမွေးဖွားမှု မှတ်ပုံ တင်လုပ်ငန်းများကို ကလေးအားလုံးကို စနစ်တကျဆောင်ရွက်ပေးရမည် ဖြစ်သည်။
ထိုင်းတောင်ပိုင်း မြန်မာနယ်စပ်တစ်လျှောက်တွင် နိုင်ငံမဲ့သူနှစ်သောင်းခန့် နေထိုင်လျက်ရှိကြသည်။ ၎င်းတို့သည် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ထိုင်းပါလီမန်တွင် ပြန်လည်သုံးသပ်ခဲ့သည့် ထိုင်းနိုင်ငံသားဖြစ်မှု ဥပဒေမူကြမ်းကို ပြင်ဆင်ပြီးပါက ထိုင်းနိုင်ငံသားဖြစ်မှု ရရှိလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။ ၎င်းတို့သည် ခရီးသွားလာခြင်းမှအစ ပညာသင်ကြားခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုရပိုင်ခွင့်အထိ အခြားသောကျယ်ပြန့်သည့် ကဏ္ဍပေါင်းများစွာတွင်လည်း အခက် အခဲများနှင့် ရင်ဆိုင်ကြရသည်။ ထိုဥပဒေမူကြမ်းသည် ထိုင်းမြန်မာနယ်စပ်တွင် အငြင်းပွားမှုကြောင့် ပြည်တွင်းအိုးအိမ်မဲ့သူများနှင့်ကိုသာ ရည်ရွယ်ကာ ၁၉၆၂ ခုနှစ် ပထမဆုံးရေး ဆွဲခဲ့ကြခြင်း ဖြစ်သည်။ထိုင်းနိုင်ငံ၏ ၂၀၁၁ ခုနှစ် ထိုဥပဒေမူကြမ်းသည် ၁၉၆၁ ခုနှစ် နိုင်ငံမဲ့ဖြစ်မှုလျော့ချရေးဆိုင်ရာကွန်ဗင်းရှင်း၏ နှစ်(၅၀)ပြည့်နှစ်နှင့်လည်း တိုက်ဆိုင်နေသည်။

ထိုင်းအစိုးရက နိုင်ငံမဲ့သူများ (သို့) လေလွှင့်ခြေသလုံးအိမ်တိုင် နေထိုင်ကြသူများကို တိုင်းတစ်ပါးမှ လာကြသူများ(သို့) ထိုင်းနိုင်ငံသားများမဟုတ် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကိုင် ဆောင်ထားကြသူများမဟုတ်ကြသည့်အတွက်၎င်းတို့ကိုအထောက်အထားမဲ့ရွှေ့ပြောင်းအလုပ်သမားများဟု မှတ်ထင်ကြသည်။ ထိုရွှေ့ပြောင်း အလုပ်သမားများသည်လည်း ထိုင်းနိုင်ငံ၏ မြို့ပြဆိုင်ရာမှတ်ပုံတင်မှုမှတ် တမ်းများတွင် ပါဝင်ကြခြင်းမရှိချေ။
ထိုနိုင်ငံမဲ့သူများ(သို့) လေလွှင့်ခြေသလုံးအိမ်တိုင် နေထိုင်ကြသူများကို ထိုင်းနိုင်ငံအတွင်း နေရာဒေသအမျိုးမျိုး၊ အချိန်ကာလအမျိုးမျိုးတို့တွင် မှတ်တမ်းတင် စာရင်းသွင်း ခွဲခြားစိစစ်ကြည့်လျှင် အုပ်စုလေးအုပ်စုဖြင့် ခွဲခြားထားသည်ကို တွေ့ရှိရသည်။ ၎င်းတို့မှာ တိုင်းရင်းသားလူမျိုးနွယ်စု၊ မြို့ပြဆိုင်ရာ မှတ်ပုံတင်မှုတွင်မပါဝင်သော လေလွှင့်နေသူ(သို့) အခြေနေမဲ့သူများ၊ လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ လာရောက် အလုပ်လုပ်ကြသည့် ရွှေ့ပြောင်းအလုပ်သမားများနှင့် မြန်မာနိုင်ငံမှ အိုးပစ်အိမ်ပစ် ထွက်ပြေးလာခဲ့ကြသူများဟူ၍ ဖြစ်သည်။

ထိုင်းနိုင်ငံတွင် နိုင်ငံမဲ့ဦးရေ တစ်သန်းခန့်ရှိသည်။ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဒေသတွင်းအဖွဲ့အစည်းများ၊ လူမှုအသိုင်းအ၀ိုင်းများပါ အတူပူးပေါင်းကာ ကလေးများမွေးဖွားသည့်အခါ မှတ်ပုံတင်ရေးကို စီမံချက် ချမှတ်ဆောင်ရွက်နေသည်။ ထိုဒေသရှိ ထောင်ပေါင်းများစွာသော မှတ်ပုံတင်ထားခြင်းမရှိသည့် ကလေးများကိုနိုင်ငံသားဖြစ်မှု(Citizenship) ရရှိအောင် ဆောင်ရွက်လျှက်ရှိနေသည်။ မွေးဖွားသည့်အခါ မှတ်ပုံတင်ထားခြင်းမရှိသောကလေးများသည် ပညာသင်ကြားခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးကုသခွင့်မရရှိအောင် ပိတ်ပင်ထားသည်။ ထို့ကြောင့် ထိုကလေးများသည် လူကုန်ကူးမှုနှင့် လိင်ပိုင်းဆိုင်ရာ သွေးဆောင်ဖျားယောင်းခံရခြင်း အမ္မခိုင်းစေခံရခြင်းတို့ ကြုံတွေ့နေရသည်။
အရှေ့တောင်အာရှ၊ အာရှအလယ်ပိုင်း၊ အရှေ့ဥရောပနှင့် အရှေ့အလယ်ပိုင်းတို့တွင် နိုင်ငံမဲ့သူများအပျံ့နှံ့ဆုံး နေရာဒေသများဖြစ်ကြသည်။ နိုင်ငံမဲ့မှုကြောင့် မိသားစုများကွဲကွာရခြင်း၊ လူမှုအသိုင်းအ၀ိုင်းအတွင်း တင်းမာမှုများဖြစ်ခြင်းနှင့် ဆင်းရဲမွဲ တေမှုများဖြစ်ခြင်းတို့သည် ထိုအခြေအနေကို ပိုမိုဆိုးဝါးစေသည်။

နည်းမျိုးစုံဖြင့် လူမျိုးခွဲခြားမှု ပပျောက်ရေးဆိုင်ရာကွန်ဗင်းရှင်း (Convention on the Elimination of All Forms of Racial Discri- mination) သည် လူမျိုးအသားအရောင်၊ တိုင်းရင်းသားလူမျိုးရေး(သို့) မျိုးနွယ်ဇစ်မြစ် ကွဲပြားမှုများနှင့် သက် ဆိုင်ခြင်းမရှိစေရဘဲ၊ နိုင်ငံသားဖြစ်ထိုက်သည့် အခွင့်အရေးများကို ပြည့်ပြည့်၀၀ ကျင့်သုံးခံစားခွင့်ရှိစေရေး အာမခံချက်ပေးရန် နိုင်ငံများကိုတာဝန် ပေးအပ်ထားသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကွန်ဗင်းရှင်း(Convention on the Rights of the Child) သည် ကလေးသူငယ်တိုင်း နိုင်ငံသားအဖြစ် ရရှိပိုင်ခွင့်ကို ထပ်မံအတည်ပြုထားသည်။
အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (Convention on the Elimination of All Forms of Discrimination) ကသည် အမျိုးသား အမျိုးသမီးခွဲခြားမှုမရှိဘဲ နိုင်ငံသားဖြစ်ထိုက်ခြင်းနှင့် ကလေးငယ် များအားနိုင်ငံသားအဖြစ် လွှဲပြောင်းခံစားခွင့်ရရှိရန် တိုက်တွန်းထားသည်။ထို့ကြောင့် နိုင်ငံမဲ့ဖြစ်မှုကိုကာကွယ်ခြင်းနှင့် လျော့ချခြင်းတို့သည် အဆိုပါပြဿနာများ၏ အရင်းခံဇစ်မြစ်မကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အထိ ရောက်ဆုံး နည်းလမ်းတစ်ရပ်ပင် ဖြစ်သည်။
News Source From: Register Birth to protect the Young: Plan International (The Nation, 09/09/2011)
Lwin Pwin
http://wanna23-23.blogspot.com/

1 comments:

hninwityiaung said...

ကောင်းပါတယ်။သတင်းတွေကိုများများေ၇းပါ။ဒိထက်စိတ်ဝင်စားစ၇ာကောင်းတယ်၇ို၇င်လြေ၇းပါနော်။သတင်းတွေကိုအမြဲဖတ်နေသူတယောက်ပါ။စိတ်ချမ်းသာမူနဲပြည်စုံပါစေ။

Post a Comment