အနောက်နိုင်ငံတွေက မြန်မာအစိုးရ အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့  အချိန်မတန်သေးကြောင်း အမေရိကန် အခြေစိုက် Wall Street Journal က သီးသန့်  တွေ့ဆုံ မေးမြန်းစဉ်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာပါတယ်။
အမေရိကန် အစိုးရက မြန်မာ အစိုးရ အပေါ် ပိတ်ဆို့ အရေးယူမှု ဆိုင်ရာ JADE ဥပဒေ ပြဌာန်းချက်မှာ - နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးရမယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသား အဖွဲ့ တွေနဲ့ တွေ့ ဆုံ ဆွေးနွေးရမယ်၊ စစ်ပွဲတွေ ဖြစ်နေတဲ့ ဒေသတွေက တိုင်းရင်းသား လူထုတွေကို လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေ နိုင်ငံတကာ အဖွဲ့ အစည်းတွေ အနေနဲ့ သွားရောက် ကူညီခွင့် ရှိရမယ် ဆိုတဲ့ အချက်တွေနဲ့ပတ်သက်ပြီး သတင်းထောက်က မေးမြန်းခဲ့ရာမှာ-
ဒေါ်အောင်ဆန်းစုကြည်က - တောင်းဆိုထားတဲ့ အချက်တွေ မပြည့်ဝသေးဘူး ဆိုရင် မိမိအနေနဲ့ အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိသေးကြောင်း၊ လွတ်လပ်တဲ့ တရားစီရင်မှု ရှိမှသာ နိုင်ငံတကာက ရင်းနှီးမြှပ်နှံမှုတွေ အတွက် ဥပဒေအရ အာမခံချက် ရှိမှာ ဖြစ်သလို၊ ပွင့်လင်း မြင်သာမှုလည်း ရှိမှာ ဖြစ်ပါတယ်လို့ သတင်းထောက်ရဲ့ မေးမြန်းချက် တစ်ခုကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့ပါတယ်။
Lwin Pwin
0 comments:
Post a Comment