နိုင်ငံတကာသတင်း
Burma အသုံးအနှုန်း အမေရိကန်ဆက်သုံးစွဲ
အမေရိကန်ပြည်ထောင်စုဟာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို ထောက်ခံအားပေးတာကို ပြသတဲ့ အနေနဲ့ Myanmar အစား Burma လို့ သုံးနှုန်းပါတယ်။ ကြောင်း သိရပါသည်။
ဗြိတိန်မှာရှိတဲ့ အီရန်သံတမန်တွေ ထွက်ခွာဖို့နဲ့ လန်ဒန်မှာရှိတဲ့ သံရုံးကိုလည်း ချက်ခြင်းပိတ်ပစ်ဖို့ ဗြိတိသျှ အစိုးရက အမိန့် ထုတ်လိုက်ကြောင်း သိရပါသည်။
အိုင်ဗရီကို့စ် သမ္မတဟောင်းကို အိုင်စီစီမှာ ရုံးတင် စွဲဆို
လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ အတွက် အိုင်ဗရီကို့စ် သမ္မတဟောင်းကို တရားစွဲဆိုလိုက်ကြောင်း သိရပါသည်။
အီရန်က ဗြိတိသျှသံရုံးကို ဆန္ဒပြသူတွေစီးနင်း
အီရန်နျူကလီယားကြောင့် ပိတ်ဆို့မှုကို မကျေနပ်သူတွေ ဗြိတိသျှသံရုံးကိုစီးနင်း၊ စာရွက်စာတမ်းနဲ့ဗြိတိသျှအလံကိုမီးရှို့ခဲ့ကြောင်း သိရပါသည်။
မိုက်ကယ်ဂျက်ဆင်ဆရာဝန် ထောင်ဒဏ်ပေးခံရ
မိုက်ကယ်ဂျက်ဆင်ရဲ့ ဆရာဝန်ကို ထောင်ဒဏ်လေးနှစ်ချခဲ့ပေမယ့် ကယ်လီဖိုးနီးယားထောင်တွေမှာ လူပြည့်နေလို့ ထောင်ဒဏ်တဝက်ပဲ ကျခံရဖို့ရှိကြောင်း သိရပါသည်။
တရုတ်လေယာဉ်တင်သင်္ဘော ဒုတိယအကြိမ် စမ်းသပ်ခုတ်မောင်း
တရုတ်က လေယာဉ်တင်သင်္ဘောကို ဒုတိယအကြိမ် ရေချပြီး စမ်းသပ်ခုတ်မောင်းနေတာဟာ ဘယ်သူ့ကိုမှ ခြိမ်းခြောက်နေတာ မဟုတ်ဘူးလို့ တရုတ်အစိုးရက ပြောကြောင်း သိရပါသည်။
အာဖဂန်ဆိုင်ရာ နိုင်ငံတကာညီလာခံ ပါကစ္စတန်သပိတ်မှောက်မည်
နေတိုးတပ်ဖွဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါကစ္စတန်စစ်သား ၂၄ ဦး ကျဆုံးခဲ့လို့ အာဖဂန် အနာဂတ်လုံခြုံရေးညီလာခံကို ပါကစ္စတန်သပိတ်မှောက် ကြောင်း သိရပါသည်။
ပါကစ္စတန်-အမေရိကန် ဆက်ဆံရေး မူလပုံစံ ပြန်မရောက်တော့
အမေရိကန်နဲ့ ဆက်ဆံရေးဟာ အရင်အတိုင်းဖြစ်တော့မှာ မဟုတ်ဘူးလို့ ပါကစ္စတန် ၀န်ကြီးချုပ်က သတိပေးလိုက်ကြောင်း သိရပါသည်။
အီဂျစ်ရွေးကောက်ပွဲ လက်ရှိအစိုးရကို မဖြုတ်နိုင်
အနှစ် ၃၀ ကြာ မူဘာရက်အုပ်ချုပ်ရေး အဆုံးသတ်သွားပြီးတဲ့နောက် အီဂျစ်ပြည်သူတွေဟာ ပထမဆုံး ပါလီမန်ရွေးကောက်ပွဲမှာ တနင်္လာနေ့က စတင်မဲပေးနေ ကြောင်း သိရပါသည်။
လူထုအုံကြွမှုတွေအပြီး အီဂျစ်မှာပထမဆုံးအကြိမ် ရွေးကောက်ပွဲကျင်းပ
အီဂျစ်နိုင်ငံသားတွေ နိုင်ငံရဲ့ ပထမဆုံး လွှတ်တော်ရွေးကောက်ပွဲတွေအတွက် ဒီကနေ့ မဲပေးနေကြ ကြောင်း သိရပါသည်။
ရာသီဥတုညီလာခံ နိုင်ငံပေါင်း ၂၀၀ နီးပါး တက်ရောက်
ရာသီဥတုဆိုင်ရာ ကုလသမဂ္ဂညီလာခံကို တက်ရောက်ဖို့ နိုင်ငံပေါင်း ၂၀၀ နီးပါးက ကိုယ်စားလှယ်တွေဟာ တောင်အာဖရိကနိုင်ငံမှာ စုဝေးရောက်ရှိနေကြ ကြောင်း သိရပါသည်။
ဆီးရီးယားကို အာရပ်အဖွဲ့ချုပ် ပိတ်ဆို့အရေးယူ
ဆီးရီးယားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူဖို့ အာရပ်အဖွဲ့ချုပ် နိုင်ငံခြားရေးဝန်ကြီးတွေက တနင်္ဂနွေနေ့က သဘောတူလိုက်ကြ ကြောင်း သိရပါသည်။
ယီမင်အတိုက်အခံခေါင်းဆောင် ဝန်ကြီးချုပ်ဖြစ်မည်
ယီမင်ဒုတိယသမ္မတ Abd-Rabbu Mansour Hadi က အတိုက်အခံခေါင်းဆောင် Mohammed Basindwa ကို ၀န်ကြီးချုပ်သစ်အဖြစ် အမည်တင်သွင်းလိုက် ကြောင်း သိရပါသည်။
အီဂျစ်ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ် ထိပ်တိုက်တွေ့ပြန်ပြီ
အီဂျစ်မှာ စစ်တပ်ကိုဆန့်ကျင် ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေကြောင်း သိရပါသည်။
ဗြိတိန်သံအမတ်ကို အီရန် နှင်ထုတ်တော့မည်
အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ ထပ်မံချမှတ်လိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က ဗြိတိန်နဲ့ သံတမန်ဆက်ဆံရေးလျှော့ချဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။
၂၀၁၂ ခုနှစ် ပြင်သစ်သမ္မတ ဖြစ်လာနိုင်သည့်အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) ဥက္ကဋ္ဌ ဟောင်းကိုမိန်းမကိစ္စဖြင့်အကွက်ဆင်ပြီးနိုင်ငံရေးဇာတ်ခုံမှဖယ်ရှားခဲ့သည်ဆိုသောစွဲချက်များအားသမ္မတ နီကိုလတ်စ်ဆာကော်ဇီ၏အာဏာရ ပါတီက နိုဝင်ဘာလ ၂၇ ရက်တွင် ငြင်းဆိုခဲ့သည်။
အင်ဒိုနီးရှားသမ္မတ၏ အငယ်ဆုံးသား အက်ဟီဘက်စ်ကိုရိုယူဒိုယိုနို၏ မင်္ဂလာပွဲမှာ ရူပီးဘီလျံ ၄၀ (အမေ ရိကန်ဒေါ်လာ ၄ ဒသမ ၄၄ သန်း ကျော်) ကုန်ကျခဲ့သည်ဟု အင်ဒိုနီးရှား tabloid သတင်းစာတစ်စောင်က မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။
ထောင်ဒဏ်ကျခံခဲ့ရသော နိုင်ငံရေးလှုပ်ရှားသူများအား အာရပ်စော်ဘွားများ ပြည်ထောင်စုစော်ဘွားက လွတ်ငြိမ်းချမ်းသာခွင့်ပေး
အာရပ်စော်ဘွားများပြည်ထောင်စု ခေါင်းဆောင်များအား စော်ကားသော မှတ်ချက်စကားများ ပြောဆိုခဲ့မှုအပါအ၀င် အခြားစွဲချက်များကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ ငါးဦးကို စော်ဘွားက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြာင်း နိုင်ငံပိုင်သတင်းဌာန WAMနှင့် ထောင်ကျခံရသူများ၏ ရှေ့နေက နိုဝင်ဘာလ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment