ကလင်တန်ရဲ့ နေ့လည်စာ
နေပြည်တော်သို့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ရောက်ရှိလာသည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်၏ ခရီးစဉ်၏ ဒုတိယမြောက်နေ့ သမ္မတအိမ်တော်တွင် တည်ခင်း ဧည့်ခံမည့် နေ့လည်စာ အစားအသောက်များကို့ နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA ကကြိုတင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
| အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နေပြည်တော်သို့ ရောက်ရှိမည့်သတင်းကို ရယူရန် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာသည့် သတင်းထောက်များကို အမေရိကန်နှင့် မြန်မာလုံခြုံရေး အကြိမ်ကြိမ် စစ်ဆေးမှုပြုလုပ်ခဲ့ ကြောင်း သိရပါသည်။ |
|
ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် အဝတ်လှူ
အအေးပိုနေသော ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် လှူဒါန်းထားသော
စောင်နှင့် အနွေးထည်များကို မြစ်ကြီးနားသို့ ပေးပို့လိုက်ပြီဖြစ်ကြောင်းနိုဝင်ဘာ ၂၉ ရက်နေ့က ရထားဖြင့် ပေးပို့ခဲ့ခြင်းဖြစ်ကာ ပိဿာချိန်စုစုပေါင်း ၁၅၀ ဝန်းကျင်ရှိ ကူညီရေး ပစ္စည်းများဖြင့် မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်ရှိစစ်ဘေးဒုက္ခသည်စခန်းများကိုပို့ဆောင်သွားမှာဖြစ်ကြောင်းရန်ကုန်အခြေစိုက် နာရေးကူညီမှု အသင်းထံမှ သိရသည်။
စောင်နှင့် အနွေးထည်များကို မြစ်ကြီးနားသို့ ပေးပို့လိုက်ပြီဖြစ်ကြောင်းနိုဝင်ဘာ ၂၉ ရက်နေ့က ရထားဖြင့် ပေးပို့ခဲ့ခြင်းဖြစ်ကာ ပိဿာချိန်စုစုပေါင်း ၁၅၀ ဝန်းကျင်ရှိ ကူညီရေး ပစ္စည်းများဖြင့် မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်ရှိစစ်ဘေးဒုက္ခသည်စခန်းများကိုပို့ဆောင်သွားမှာဖြစ်ကြောင်းရန်ကုန်အခြေစိုက် နာရေးကူညီမှု အသင်းထံမှ သိရသည်။
ရွှေလီဆည်များ ဒေသခံတို့ မြေဧက သုံးသောင်းကျော် ဆုံးရှုံးဟုဆို
မြန်မာနိုင်ငံ အရှေ့မြောက်ဘက်ရှိ ရွှေလီမြစ်ပေါ်တွင် တည်ဆောက်နေသည့် ရေကာတာ စီမံကိန်းနှစ်ခုကြောင့် ဒေသခံတို့၏ စိုက်ပျိုးမြေဧက သုံးသောင်းကျော် ဆုံးရှုံးရဖွယ်ရှိနေကြောင်း တက်ကြွ လှုပ်ရှားသူ များက ပြောသည်။
The Lady ဇာတ်ကား ပြင်သစ်တွင် စတင်ပြသ
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ ဖြတ်သန်းမှုအကြောင်း ရိုက်ကူးထားသော The Lady အမည်ရှိရုပ် ရှင်ကားကို ယနေ့ ပြင်သစ်နိုင်ငံတွင် စတင် ပြသမည်ဖြစ်ကြောင်း AFP သတင်း၌ ဖော်ပြသည်။ ယင်းရုပ်ရှင်ကားကို ပြင်သစ် ဒါရိုက် တာ Luc Besson က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာ သရုပ်ဆောင်ပေါင်းများစွာ နှင့် ရိုက်ကူးထားခြင်းဖြစ်ပြီး ဒေါ်အောင် ဆန်းစုကြည် အဖြစ် ဟောလိ ၀ုဒ် ရုပ်ရှင်မင်းသမီး မီရှဲယိုးက အဓိက သရုပ်ဆောင်ထားသည်။ The Lady ရုပ်ရှင်ကို ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက ကျင်းပသော အီတလီနိုင်ငံ ရောမမြို့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၌ ပြသခဲ့သေးသည်။
HIV/AIDS ဝေဒနာရှင်များအတွက် သီချင်းခွေ ထုတ်
ရန်ကုန်မြို့ NLD ရုံးချုပ်၌ မနက်ဖြန်ကျင်းပမည့် ကမ္ဘာ့ HIV/AIDS တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဝေဒနာရှင်များ အတွက် နာမည်ကြီး ဂီတအနုပညာရှင်များ သီဆိုထားသည့် သီချင်းခွေ ဖြန့်ချိရောင်းချမည် ဖြစ်သည်။ သီချင်း ၁၇ ပုဒ်ပါယင်း အခွေတွင် ကိုရဲလွင်၊ ကိုနေ၀င်း၊ သားထွေး၊ ဆောင်းဦးလှိုင်၊ ဇေယျာသော်၊ ခင်ဘုန်း စသည့်အဆိုတော်များ ပါဝင်သီဆိုထားပြီး HIV/AIDS ဝေဒနာရှင်များ အတွက် ပထမဆုံး အကြိမ် ထုတ်ဝေသော သီချင်းခွေဖြစ်သည်ဟု ကူညီစောင့်ရှောက်ရေး ဆောင်ရွက်နေသည့် မဖြူဖြူသင်းက ပြောသည်
တရုတ်-မြန်မာ နှစ်နိုင်ငံ စစ်ရေးကဏ္ဍ ပူးပေါင်းမည်
တရုတ်-မြန်မာ နှစ်နိုင်ငံစစ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ ဗဟို စစ်ကော်မရှင် ဒု ဥက္ကဌ ဇူချိုင်းဟူ က ပြောကြားလိုက်သည်။ တရုတ်နိုင်ငံတွင် ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် ယမန်နေ့က တွေ့ဆုံရာတွင် ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအပါအ၀င် ဖွံ့ဖြိုးတိုးတက်မှုများ အတွက် ထိုသို့ စစ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်ဟု ဆိုကြောင်း ဆင်ဟွာသတင်းက ယနေ့ရေးသည်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ၂၇ ရက်က တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ်ရောက်ရှိနေခြင်း ဖြစ်သည်။
ထိပ်တန်း အတွေးအခေါ်ရှင် များတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်
ဝါရှင်တန်အခြေစိုက် Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမား ၁၀၀ ရွေးချယ်ရာတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်း ဖော်ပြလိုက်ကြောင်း သိရပါသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော် ရောက်
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီကနေ့ ညနေပိုင်းမှာ နေပြည်တော် လေဆိပ်ကို ရောက်လာခဲ့ပြီး မနက်ဖြန်မှာ သမ္မတ အိမ်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ ရှိ ကြောင်း သိရပါသည်။
ကတိက၀တ်အတိုင်း မြန်မာအစိုးရ ကြိုးပမ်းဖို့ AIPMC တိုက်တွန်း
၂၀၁၄ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် မယူခင် ကတိက၀တ် အတိုင်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု ရှိလာဖို့ မြန်မာ အစိုးရ ကြိုးပမ်းသင့်ကြောင်း AIPMC ခေါ် အာဆီယံ နိုင်ငံ ပါလီမန် အမတ်များ အဖွဲ့က တိုက်တွန်းလိုက်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံခရီး တရုတ်နိုင်ငံနဲ့ မသက်ဆိုင်ဟု အမေရိကန် အစိုးရ ပြော
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စစ် ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ တရုတ်နိုင်ငံနဲ့ ပတ်သက်မှု မရှိဘူးလို့ အမေရိကန် အစိုးရက ပြောကြားလိုက်ကြောင်း သိရပါသည်။
ကမ္ဘာ့ထိပ်တန်း တွေးခေါ်ပညာရှင် ၁၀၀ မှာ ဒေါ်အောင်ဆန်းစုကြည် ဖေါ်ပြခံရ
အမေရိကန် ပြည်ထောင်စုမှာ ထုတ်ဝေပြီး ဩဇာ အရှိန်အ၀ါ ကြီးမားတဲ့ Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၁ ကမ္ဘာ့ထိပ်တန်း အတွေးအခေါ် ပညာရှင် ၁၀၀ ကို စစ်တမ်း ကောက်ယူရာမှာ မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အမှတ်စဉ် ၃၁ မှာ ရွေးချယ် ဖော်ပြခံရကြောင်း သိရပါသည်။
။လာမယ့် ၂ နှစ်အတွင်း အာဆီယံ လူ့အခွင့်အရေး တိုးတက်ဖို့ အရေးကြီး
မြန်မာအစိုးရ အလှည့်ကျ တာဝန်ယူမယ့် ၂၀၁၄ ခု မတိုင်မီ အာဆီယံ ဒေသ တစ်ခုလုံးနဲ့ အာဆီယံ တစ်နိုင်ငံချင်း လူ့အခွင့်အရေးတွေ တိုးတက် ပြောင်းလဲလာဖို့ အထူး အရေးကြီးကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Ms. Navi Pillay က ပြောကြောင်း သိရပါသည်။
လူ့အခွင့်အရေး တိုးတက်အောင်လုပ်ဖို့ ကလင်တန် တိုက်တွန်းသင့် ဟုဆို
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ မြန်မာ့ လူ့အခွင့်အရေး တိုးတက်အောင် ဆောင်ရွက်ဖို့ အဓိကထား တိုက်တွန်းသင့်တယ်လို့ Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ကြေညာချက် ထုတ်ပြီး တိုက်တွန်းလိုက်ကြောင်း သိရပါသည်။
ကလင်တန် ခရီးစဉ် မြန်မာ လွှတ်တော် အမတ်တွေ အကောင်းမြင်
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ဟာ ဒီဇင်ဘာလ (၁) ရက်နေ့မှာ နေပြည်တော်ကို သွားရောက်ပြီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ကြောင်း သိရပါသည်။
ဟီလာရီ ကလင်တန် ခရီးစဉ်အတွင်း လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ မျှော်လင့်
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စစ် ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ် အတွင်း လွတ်ငြိမ်း ချမ်းသာခွင့် ပေးဖို့ မျှော်လင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြောကြောင်း သိရပါသည်။
ဝန်ကြီးကလင်တန်နဲ့ သမ္မတဦးသိန်းစိန် တွေ့မည်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသမ္မတဦးသိန်းစိန်၊ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့တွေ့ဖို့ နေပြည်တော်ကို ရောက်နေကြောင်း သိရပါသည်။
မြန်မာအသွင်ကူးပြောင်းရေး အမေရိကန်ဆန်းစစ်မည်
ကလင်တန်ရဲ့ခရီးမှာ မြန်မာအစိုးရပိုင်းနဲ့တွေ့ဆုံပြီး လက်ရှိလုပ်နေတဲ့ အသွင် ကူးပြောင်းမှုတွေဟာ ခိုင်မာရဲ့လားသိနိုင်အောင် ကြိုးပမ်းမည် ဖြစ်ကြောင်း သိရပါသည်။
Burma အသုံးအနှုန်း အမေရိကန်ဆက်သုံးစွဲ
အမေရိကန်ပြည်ထောင်စုဟာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို ထောက်ခံအားပေးတာကို ပြသတဲ့ အ နေနဲ့ Myanmar အစား Burma လို့ သုံးနှုန်းကြောင်း သိရပါသည်။
အောက်လွှတ်တော်အမတ်တချို့ ကလင်တန်ခရီးစဉ်အပေါ် သတိပေး
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ မြန်မာအစိုးရရဲ့ ဟန်ပြပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေကို ထောက်ခံသလိုဖြစ်သွားမှာ စိုးရိမ်တဲ့အကြောင်း အမေရိကန်အောက်လွှတ်တော် ကော်မတီဥက္ကဋ္ဌက ပြောကြားသွားခဲ့ ကြောင်း သိရပါသည်။
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment