တရုတ်ကုမ္ပဏီကို ရခိုင်ဒေသခံများ လျော်ကြေးတောင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ပဒေးကျွန်းတွင် လယ်မြေအသိမ်းခံရသူများက  တရုတ်နိုင်ငံ CNPC စွမ်းအင် ကုမ္ပဏီထံမှ လျော်ကြေးရလိုကြောင်း ယမန်နေ့က တောင်းဆိုလိုက်သည်။ ပြည်နယ်အစိုးရထံသို့ မိတ္တူပေးပို့သော တောင်းဆိုစာတွင် CNPC ကုမ္ပဏီ ပါဝင်ပတ်သက်နေသည့် ထိုဒေသရှိ ရေနက်ဆိပ်ကမ်း နှင့် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း တို့ကြောင့်  လယ်မြေအသိမ်းခံရသည့် မိသားစုတို့၏ နှစ် ၃၀ စာ စားဝတ်နေရေးအတွက် ကုန်ကျမည့် ငွေပမာဏ အတိုင်း လျော်ကြေး ရလိုကြောင်း ဖော်ပြထားသည်။

ဂျပန် - အာဆီယံ စီးပွားရေး ဆွေးနွေးပွဲ ရန်ကုန်တွင်ကျင်းပ
၃၇ ကြိမ်မြောက် အာဆီယံ - ဂျပန် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန် ဆီဒိုးနာဟိုတယ်တွင် တတိယမြောက်နေ့ အဖြစ် ကျင်းပရာ ဂျပန်၊ အာဆီယံနိုင်ငံများနှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ၄၀၀ ခန့် တက်ရောက်သည်ဟု သတင်းရရှိသည်။ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ လုပ်ငန်းရှင် ဦးလှမောင်ရွှေက ယခုဆွေးနွေးပွဲသည် နှစ်၂၀ တွင် တကြိမ်သာ မြန်မာနိုင်ငံ၌ ကျင်းပခွင့် ရရှိခြင်း ဖြစ်ကြောင်း၊ ယခုလက်ရှိထိုင်းနိုင်ငံ ရေဘေးကြောင့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသည့် စက်ရုံများ ရေနစ်နေသဖြင့် မြန်မာပြည်အတွက် စီးပွားရေး ဈေးကွက်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ အလားအလာ ကောင်းမွန်မည်ဖြစ်ကြောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် စီးပွားရေးဆွေးနွေးပွဲ တက်ရောက်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ ဗဟိုဘဏ်တွင် ကျင်းပသည့် အစိမ်းရောင် စီးပွားရေးနှင့် အစိမ်းရောင် ဖွံဖြိုးတိုးတက်မှုဖိုရမ်သို့ ယနေ့နံနက် ၉ နာရီခန့်က သွားရောက်ကြောင်း သတင်းရရှိသည်။ ၎င်းအနေဖြင့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသို့  ဒုတိယအကြိမ်မြောက် တက်ရောက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လ အတွင်းကလည်း နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော်၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ သွားရောက်ခဲ့သေးသည်။

ဗိုလ်နှုတ်ခမ်းမွှေး DKBA နှင့် အစိုးရ အပစ်ရပ် သဘောတူ
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး DKBA အစုအဖွဲ့ကြီးတခုနှင့် အစိုးရကိုယ်စားလှယ်တို့အကြား အပစ်ရပ်စဲရန် ကြာသပတေးနေ့က သဘောတူလိုက်ပြီဟု DKBA ခေါင်းဆောင်က “သုံးရက်နေ့မှာ သဘောတူတယ်။ ဘားအံမြို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ရုံးမှာ လက်မှတ်ထိုး ပြီးသွားပြီ။” ဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားဘွယ် (ဗိုလ်နှုတ်ခမ်းမွှေး) က ပြောသည်။  အပစ်စတင်ရပ်စဲမည့်နေ့ကို နိုဝင်ဘာ  ၆ရက်နေ့အဖြစ် သတ်မှတ်ထားသည်ဟု ဆိုသည်။

  အမျိုးသမီး ၄ ဦး အစိုးရ စစ်တပ်က ခေါ်ဆောင်သွား

ကချင်ကလေး၊မြစ်ကြီးနား နိုဝင်ဘာ၅၊ ၂၀၁၁ ယမန်နေ့ည ၃ နာရီက မြစ်ကြီးနားမြို့နယ် တာလောကြီး နှင့် ၁၅ မိုင်ဝေးသည့် နဆိုင်းခထုံ ကျေးရွာမှ အမျိုးသမီးကြီး ၄ ဦးကို မြန်မာအစိုးရ စစ်တပ်က ခေါ်ဆောင်သွားရာမှာ ယနေ့ညနေထိ မည်သည့် ရည်ရွယ်ချက်နဲ့ ခေါ်ဆောင်သွားပြီး မည်သည့်နေရာမှာ ထားရှိတယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံနဲ့ အဆက်အသွယ်ရသူ တဦးကLwin Pwin သို့ ပြောသည်
မြန်မာအစိုးရကပါတီမှတ်ပုံတင်ခြင်းဥပဒေပြင်ဆင်ခြင်းဟာပြုပြင်ပြောင်းလဲရေးရဲ့လက္ခဏာတစ်ခုဖြစ်တယ်လို့ အမေရိကန်ကိုယ်စားလှယ်က ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး အမေရိကန် ဆက်လက်ဖိအားပေး

နိုင်ငံရေးအကျဉ်းသားအားလုံးအမြန်လွှတ်ပေးဖို့မြန်မာအစိုးရကိုဆက်လက်ဖိအားပေးမယ့်အကြောင်းအမေရိကန် အဆင့်မြင့်သံတမန်တွေက ပြောကြပါတယ်။

မြန်မာကို အကူအညီ ပိုပေးဖို့ အမေရိကန် ထိပ်တန်းသံတမန်များ ကတိပြု

မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် ထိပ်တန်း သံအရာရှိ နှစ်ဦးဖြစ်တဲ့ Michael Posner နဲ့ Derek Mitchell တို့ရဲ့ခရီးစဉ် အပြီးမှာ မြန်မာနိုင်ငံကို အကူအညီတွေ ပိုမိုပေးသွားဖို့  ကတိပြု ပြောကြားလိုက်ပါတယ်။

အမေရိကန်ကိုယ်စားလှယ်တွေနဲ့ အန်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေ ဆွေးနွေး

အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေနဲ့ အန်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေ ဒီကနေ့ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုတွေ လုံလောက်မှု မရှိသေးကြောင်း ထည့်သွင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မြန်မာ တရုတ် ဆက်ဆံရေး ဆွေးနွေးပွဲ အမေရိကန် ထိပ်သီး တက္ကသိုလ် တစ်ခုမှာ ကျင်းပ

အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မြို့တော် Georgetown တက္ကသိုလ်မှာ မနေ့က ကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲကို အမေရိကန် အစိုးရ အာရှနဲ့ ပစိဖိတ် ဒေသ ဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်နဲ့ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးဌာနက မူဝါဒရေးရာ အရာရှိတွေ အပါအ၀င် နိုင်ငံတကာ တက္ကသိုလ်နဲ့ အဖွဲ့အစည်း အသီးသီးက ကျွမ်းကျင် ပညာရှင် အယောက် ၂၀ကျော်က ဟောပြောခဲ့ပါတယ်။
Lwin Pwin



0 comments:

Post a Comment