ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး အရာရှိ Mr. Vijay Nambir က ၅ ရက်ကြာ ခရီးစဉ်အပြီး ဒီကနေ့ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်က သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရေးပါတဲ့ ခြေလှမ်းတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ ကျေနပ်အားရတယ် ဆိုတာကို မြန်မာခေါင်းဆောင်တွေနဲ့ သက်ဆိုင်သူ အားလုံးကို တိုက်ရိုက် ပြောကြားဖို့ ဖြစ်တယ်လို့ Mr. Vijay Nambir က ပြောပါတယ်။
အမျိုးသား ညီညွတ်ရေးအတွက် အားလုံးပါဝင်ပြီး ကျယ်ပြန်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ချမှတ်လုပ်ဆောင်ဖို့ ကုလသမဂ္ဂအနေနဲ့ တိုက်တွန်းကြောင်း၊ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ ပြင်ဆင်ရေးဆွဲရေး ကိစ္စတွေကို အဓိက ဦးစားပေး လုပ်ငန်းတွေအဖြစ် ဆောင်ရွက်သင့်ကြောင်းလည်း Mr. Vijay Nambir ရဲ့ ထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြထားပါတယ်။ \
Lwin Pwin

0 comments:

Post a Comment