ဂရိဝန်ကြီးချုပ် ရာထူးစွန့်မည်

ဂရိနိုင်ငံမှာ ရေတို ညွှန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်းဖို့အတွက် ဝန်ကြီးချုပ် ဂျော့ ပါပန်ဒရီယို က ရာထူးကဆင်းပေးဖို့ သဘောတူလိုက်ပါတယ်။

ထိုင်းနိုင်ငံရေကြီးမှု သေဆုံးသူ ၅၀၀ ကျော်ပြီ

ထိုင်းနိုင်ငံမှာ အနှစ် ၅၀ အတွင်း အဆိုးရွားဆုံးဖြစ်ပေါ်နေတဲ့ ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ ၅၀၀ ကျော်သွားပြီလို့ အာဏာပိုင်တွေကပြောပါတယ်။

ဂရိနိုင်ငံ ညွှန့်ပေါင်းအစိုးရ ဖွဲ့ဖွယ်ရှိ

ချေးငွေအစီအစဉ် စိတ်ချသေချာစေဖို့ မကြာခင်မှာ ညွှန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ စကားပြောဆိုဖို့ရှိတယ်လို့ ဂရိနိုင်ငံဝန်ကြီးချုပ်က ပြောပါတယ်။

လက်ဝှေ့ကျော် ဂျိုးဖရေဇီယာ အသည်းအသန်ဖြစ်

ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း ဂျိုးဖရေဇီယာ (Joe Frazier) ဟာ အသည်းကင်ဆာ ရောဂါဝေဒနာကို သေလုနီးပါး အပြင်းအထန် ခံစားနေရပါတယ်။

ဘန်ကောက်မြို့လယ် ရေကြီးနိုင်

ဘန်ကောက်မြို့လယ် စီးပွားရေး အချက်အချာကျတဲ့နေရာတွေ ရေမဝင်အောင် အတားအဆီးတွေ လုပ်ထားပေမဲ့ ခဏတာ အနည်းအကျဉ်းတော့ ရေကြီးနိုင်ဖွယ်ရှိနေပါတယ်။

ဘနာဇီယာဘူတိုလုပ်ကြံမှု ၇ ဦးကို စွဲချက်တင်

၂၀၀၇ ခုနှစ်က ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး စစ်သွေးကြွ ၅ ယောက်နဲ့ ရဲအရာရှိ ၂ ယောက်ကို စွဲချက်တင်။




အင်္ဂလန်အနောက်တောင်ပိုင်း တွင် ဗင်၊ ထရပ်ကားအကြီးစားများ အပါအ၀င် ယာဉ် ၃၄ စီးပါဝင်သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူခုနစ်ဦးသေဆုံးခဲ့ပြီး လူ ၅၀ ကျော်ဒဏ်ရာရခဲ့ကြောင်း မတော်တဆမှုအတွင်း ကားအချို့သည် အစအနရှာဖွေမရအောင် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လောင်ကျွမ်းနေသောကားများထဲတွင်ပိတ်မိနေသူများထဲမှသေဆုံးသူတိုးလာနိုင်ကြောင်းဆိုမာဆက်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။




ကိုလံဘီယာရှိ (FARC) သူပုန်အဖွဲ့၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ အယ်လ်ဖွန်ဆိုကာနိုအား သတ်ဖြတ်နိုင်မှုကြောင့် ၁၀ စုနှစ် ငါးခုနီးပါး ကြာမြင့်နေပြီဖြစ်သည့် လက်တင်အမေရိက၏ အရှည်ကြာဆုံး သူပုန် အဖွဲ့အတွက် အကြီးမားဆုံး ထိုးနှက်မှုဖြစ်ခဲ့ပြီး စစ်ပွဲကို အဆုံးသတ်နိုင်မည့် မျှော်လင့်ချက် ထွက်ပေါ်လာခဲ့သည်။




အီရန်နိုင်ငံကို အစ္စရေးနှင့်အခြားနိုင်ငံများက တိုက်ခိုက်ရန် ဖြစ်နိုင်ခြေ ပိုများလာနေကြောင်း အစ္စရေးသမ္မတ ရှီမွန်ပီရက်စ်က ပြောကြားခဲ့သည်။  နိုင်ငံအချို့မှ ထောက်လှမ်းရေးများက အီရန်နိုင်ငံနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပြီး အီရန်နိုင်ငံသည် နျူကလီးယားလက်နက်ပိုင်ဆိုင်ခွင့်ရရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းကို ၎င်းတို့၏နိုင်ငံခေါင်းဆောင်များအား ဖိအားပေးခဲ့ကြောင်း  ပီရက်စ်က အစ္စရေး ပုဂ္ဂလိကရုပ်သံဌာနသို့ ပြောကြားခဲ့ သည်။


ဂျပန်မင်းသား နာရူဟီတိုနှင့် ကြင်ယာတော်မာဆာတိုတို့၏ တစ်ဦးတည်းသော သမီးတော် မင်းသမီး အိုက်ကိုသည် ဖျားနာပြီး ကိုယ်အပူချိန် ဆက်တိုက်မြင့်မားခြင်းများကို ခံစားနေရခြင်းကြောင့် ဆေးရုံတွင် ကုသမှု ခံယူနေရကြောင်း တော်ဝင်နန်းတော်က ထုတ်ပြန်ခဲ့သည်။




ထိုင်းနိုင်ငံတွင် ရာစုနှစ်ဝက်အတွင်း ဆိုးရွားစွာဖြစ်ပေါ်သည့် ရေကြီးမှုများသည် ဘန်ကောက်မြို့ အထိဝင်ရောက်လာမှုကြောင့် မြို့၏ ငါးပုံတစ်ပုံခန့်တွင် ရေလွှမ်းမှုများ ဖြစ်ပေါ်နေပြီး ရေကြီးမှုသက်ရောက်သည့်နေရာများတွင်နေထိုင်သူများကို ဘေးကင်းရာသို့ ပြောင်းရွှေ့နေထိုင်ရန် သတိပေးနိုးဆော်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Lwin Pwin



0 comments:

Post a Comment