တရုတ်ပြည်က ဗုဒ္ဓစွယ်တော် နေပြည်တော် ရောက်ရှိ

တရုတ်ပြည်မှ ဗုဒ္ဓစွယ်တော်သည် ယမန်နေ့က နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်သို့ ရောက်ရှိလာသည်။ ယင်းစွယ်တော် ကြိုဆို ပင့်ဆောင်သည့် အခမ်းအနားကို နေပြည်တော်လေဆိပ်မှ စတင်၍ စည်းကားသိုက်မြိုက်စွာ ကျင်းပပြီး နိုင်ငံတော် သံဃ မဟာ နာယကအဖွဲ့ ဥက္ကဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာန နာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ သမ္မတ ဦးသိန်းစိန် ၊ ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး၊ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အပါအ၀င် အစိုးရအဖွဲ့ဝင်များက ပူဇော် ဖူးမြော်ကြကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

 

အစိုးရစစ်တပ် အဓမ္မပြုကျင့်မှု မှတ်တမ်း ဗီဒီယိုခွေဖြန့်

ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်များ၌ ဖြစ်ပွားနေသော စစ်ပွဲများအတွင်း ဒေသခံ အမျိုးသမီးများအား အစိုးရစစ်တပ်က လိင်ပိုင်း ဆိုင်ရာ အဓမ္မ ပြုကျင့်မှုများနှင့် ပတ်သက်ပြီး “အမျိုးသမီးများအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပါ”အမည်ရှိ မှတ်တမ်း ဗီဒီယို အခွေ ထုတ်ဝေ ဖြန့်ချိသည့်အခမ်းအနားကို အမျိုးသမီးများအဖွဲ့ချုပ်(WLB) က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ(IC)ခန်းမတွင် ယနေ့ကျင်း ပ သည်။ ယင်း မှတ်တမ်းဗီဒီယိုသည် အစိုးရ စစ်တပ်၏ စစ်ရာဇ၀တ်မှု ကျူးလွန်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အထောက်အထား ခိုင်လုံစွာဖြင့် ရိုက်ကူးထားခြင်းဖြစ်ကြောင်း WLB က ထုတ်ပြန်ထားသည်။

မောလ်ဒိုက်-မြန်မာ သန်း ၈၀၀ ရေနံမှောင်ခိုမှု
အိန္ဒိယ သမုဒ္ဒရာကြီးထဲက မောလ်ဒိုက် ကျွန်းနိုင်ငံငယ်လေးရဲ့ အမျိုးသား လုံခြုံရေး
ကော်တီ အစည်းအဝေးခန်းမှာ မေးခွန်းထုတ်၊ စွဲချက်တင်သံတွေ ကျယ်ကျယ်လောင်လောင်နဲ့ ‘ဒေါ်လာ သန်း ၈၀၀ ဖိုး တရားမဝင် ရေနံမှောင်ခိုမှု’ လို့ ပြောကြတဲ့ နက်ရှိုင်းရှုတ်ထွေးလှတဲ့ ခြစားမှုကြီးပါပဲ။ ဒီအမှုကြီးက ကြာလှဆို အရင် အာဏာရှင် ဂေယွန်း အစိုးရ လက်ထက်က ဖြစ်ပျက်သွားခဲ့တာပါ။ မေးခွန်းအထုတ်ခံနေရတဲ့ ပါလီမန်အမတ် အဗ္ဒူလာ ယာမင်းဟာ မောလ်ဒိုက်ကို နှစ် ၃၀ အုပ်ချုပ်သွားတဲ့ အာဏာ ရှင် ဂေယွန်းရဲ့ ညီဝမ်းကွဲဖြစ်ပြီး နိုင်ငံတော် ကုန်သွယ်ရေးအဖွဲ့ STO မှာဥက္ကဋ္ဌလုပ်စဉ်ကမြန်မာစစ်ခေါင်းဆောင်တွေကိုရေနံတရားမဝင်ရောင်းခဲ့တယ်လို့အစွပ်စွဲခံနေရပါတယ်။ အခုတော့ သူဟာ ဂေယွန်းဖွဲ့ထားတဲ့ PPP ပါတီရဲ့ ပါလီမန်ခေါင်းဆောင်တဦး ဖြစ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ၀င်နိုင်ခြေရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေး မတင်ရေးကို လာမယ့်နိုဝင်ဘာ ၈ ရက်၊ အင်္ဂါနေ့ကျရင် ဆုံးဖြတ်မယ်လို့ NLD ပါတီက ပြောပါတယ်။ NLD ဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ အလားအလာများသလို ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက် ယှဉ်ပြိုင်နိုင်ခြေ ရှိတယ်လို့လည်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်




လာမည့် ဒီဇင်ဘာလ ၁ ရက် နေ့တွင် ဖွင့်လှစ်မည့် ၂၇၅ ကြိမ်မြောက် ထီဖွင့်ပွဲတွင် ကျပ်သိန်း ၃၀၀ နှင့်ကျပ်သိန်း ၂၀၀ ဆု တစ်ဆုစီအပါအ၀င် ထီဆုမဲပေါင်း ၂၃၆ ဆုကို တိုးမြှင့် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ပြည်တွင်းဘဏ်တစ်ခုမှ အေတီအမ် ကတ်စနစ်ကို စတင် ၀န်ဆောင်မှုပေး၊ အခြားပုဂ္ဂလိက ဘဏ်အချို့မှ မကြာမီ ၀န်ဆောင်မှုပေးမည်
အကြွေးဝယ်ကတ် စနစ်ကို ပြည်တွင်းအများပိုင် ဘဏ်တစ်ခုမှ နိုဝင်ဘာလဆန်းပိုင်းတွင် စတင် ၀န်ဆောင်မှုပေးခဲ့ကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သိရပါသည်။




ကားအစီး ၁၁၀ တင်ဆောင် လာသည့် Ocean Blue အမည်ရှိ ကားတင်သင်္ဘောသည် နိုဝင်ဘာလ ၅ ရက်နေ့တွင် ဆူးလေဆိပ်ကမ်းသို့ ဆိုက်ကပ်ကာ နိုဝင်ဘာလ ၅ ရက် နေ့ ည ၁၁ နာရီဝန်းကျင်တွင် ဆိပ်ကမ်းပေါ်သို့တင်ဆောင်လာသည့်ကားများအားစတင်စစ်ဆေးချထားခဲ့ကြောင်းတင်သွင်းလာသည့် ကားအစီး ၁၁၀ တွင် Toyota Mark II အမျိုး အစားများ အများဆုံးပါဝင်မှုရှိကြောင်း၊ Toyota Harrier, Nissan Cedric, Mitsubishi Pajero, Hilux Surf နှင့် အခြားအမျိုးအစားများလည်း တင်သွင်း လာသည်ဟု သိရှိရသည်။





တရုတ်နိုင်ငံမှ ပင့်ဆောင်ပူဇော်သည့် ဗုဒ္ဓမြတ်စွယ်တော်သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။




မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေသော နိုင်ငံခြား လုပ်ငန်းများတွင် ၁၉၉၇ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်ကာလများ နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ရုပ်သိမ်းသွားသော ကုမ္ပဏီများ ပြန်လည် ပါဝင်လာကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။
Lwin Pwin



0 comments:

Post a Comment