ဒုတိယအသုတ် လွတ်ငြိမ်းချမ်းသာခွင့် မကြာခင် ပေးဖွယ်ရှိ
လာမယ့် နိုဝင်ဘာ ၁၇ ရက် ကျင်းပမည့် အာဆီယံ အစည်းအဝေးမတိုင်မီ အစိုးရက ဒုတိယအသုတ် လွတ်ငြိမ်းချမ်းသာခွင့် ပေးဖွယ်ရှိကြောင်း ယမန်နေ့က Reuters သတင်းတွင် ပါရှိသည်။ ပထမ အသုတ် လွတ်ငြိမ်းချမ်းသာခွင့်ကို ပြီးခဲ့သည့် အောက်တို ဘာ ၁၂ ရက် က အကျဉ်းသား ၆၃၅၉ ဦးအား လွှတ်ပေးခဲ့သည်။ ယင်းလွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားများတွင် နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်သာ ပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးမောင်ကို ၂၁ နှစ်ပြည့် အခမ်းအနားတက်
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ကန်ဖျားကျောင်း တိုက်တွင် ကျင်းပသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင်ဟောင်း တဦးဖြစ်သော ဦးမောင်ကို ကွယ်လွန်ခြင်း၂၁နှစ် ပြည့် အခမ်းအနားသို့ သွားရောက်ကြောင်း သိရသည်။ ဦးမောင်ကိုသည် NLD တွင် အလုပ်သမားရေး ဆောင်ရွက်နေသည့် ခေါင်း ဆောင်တဦးဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် နိုဝင်ဘာ ၉ ရက်နေ့တွင် စစ်ထောက်လှမ်းရေးများ ၏ စစ်ကြောရေး ဒဏ်ကြောင့် ရေကြည် အိုင် စခန်းတွင် ကွယ်လွန်သွားသူဖြစ်သည်။
ကာတွန်း ဦးဘဂျမ်း ဂုဏ်ပြု ကာတွန်းပြပွဲ ကျင်းပ
ရန်ကုန်မြို့ ၁၃ လမ်း (အောက်လမ်း) တွင် ကာတွန်းဆရာကြီး ဦးဘဂျမ်းကို ဂုဏ်ပြု၍ ၆၈ ကြိမ်မြောက် ကာတွန်း ပြပွဲ၊ မီးထွန်းပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကိုကျင်းပမည်ဖြစ်ပြီး ကာတွန်းပြပွဲကို နိုဝင်ဘာ ၈ ရက်မှ ၁၁ ရက် အထိ ပြသမည်ဖြစ်သည်။ ကာတွန်းပြ ပွဲ၌ ဦးဘဂျမ်း ၏ ကာတွန်းလက်ရာများ အပါအ၀င် မြေဇာ၊ ငွေကြည်၊ ကာတွန်းမြင့်သိန်း၊ ရွှေမင်းသား၊ သစ်ထွဏ်း၊ တင်အောင်နီ၊ အောင်အောင် စသည့် နာမည်ကြီး ကာတွန်းဆရာများ၏ ကာတွန်းပေါင်း ၃၀၀ ခန့် ပါဝင်ပြသမည် ဖြစ်ကြောင်း သိရသည်။ ကာတွန်း ဦးဘဂျမ်း သည် ၁၉၀၂ ခုနှစ်တွင် မွေးဖွား၍ ၁၉၅၃ ခုနှစ်က ကွယ်လွန်ခဲ့သည်
လွတ်လပ်စွာဖန်တီးတတ်စေရန် “လွတ်လပ်ခြင်း အနုပညာ” ရုပ်ရှင်ပွဲတော် ကျင်းပ
အနုပညာရှင်တိုင်း လွတ်လပ်စွာ တွေးခေါ်ဖန်တီး တတ်စေရန် ရည်ရွယ်၍ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်ကို ကျင်းပရခြင်း ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူ လူရွှင်တော် ဇာဂနာက ပြောသည်။လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်ကို ၂၀၁၂ ဇန်န၀ါရီ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆုချီးမြှင့်မည်ဖြစ်ကာ ဆုပေးပွဲတွင် သီးလေးသီးဆေးရောင်စုံ အဖွဲ့သားများက ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။
နစ်နာကြေးထဲမှ တဝက်ပေးရမည်ဟု ကျောက်ဖြူအာဏာပိုင်များ အကျပ်ကိုင်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ တည်ဆောက်နေသော ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကြောင့် ဆုံးရှုံးနစ်နာ ကြေးအဖြစ် ပေးသော ငွေထဲမှတ၀က်ကို ပေးမှသာ လယ်မြေပိုင်ဆိုင်ကြောင်း ထောက်ခံချက် လက်မှတ်ထိုးပေးမည်ဟု အာဏာပိုင်များက တောင်သူများအား အကျပ်ကိုင်နေကြောင်း သိရသည်။
ဗဟိုမှ ကျပ် ၂၅ သန်း တောင်းခံရန် ချင်းပြည်နယ် လွှတ်တော်ဆုံးဖြတ်
ပြည်နယ်ဝင်ငွေဖြင့် မလုံလောက်သည့် ချင်းပြည်နယ်အတွက် ဗဟိုအစိုးရထံမှ ထောက်ပံ့
ငွေ အဖြစ် ငွေကျပ် ၂၅ သန်း တောင်းခံသွားရန် ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးက အင်္ဂါနေ့တွင် ဆုံးဖြတ် လိုက်သည်။ ချင်းပြည်နယ်၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းတွင် လိုငွေပြနေခြင်းကြောင့် ပြည်နယ် အစိုးရအဖွဲ့က တိုးချဲ့တောင်းခံငွေအဖြစ် ဗဟိုအစိုးရထံ တင်ပြရန် အင်္ဂါနေ့ လွှတ်တော် စည်းဝေးပွဲတွင် အဆိုတင် သွင်းခဲ့ရာ လွှတ်တော်မှ အတည်ပြု ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ငွေ အဖြစ် ငွေကျပ် ၂၅ သန်း တောင်းခံသွားရန် ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးက အင်္ဂါနေ့တွင် ဆုံးဖြတ် လိုက်သည်။ ချင်းပြည်နယ်၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းတွင် လိုငွေပြနေခြင်းကြောင့် ပြည်နယ် အစိုးရအဖွဲ့က တိုးချဲ့တောင်းခံငွေအဖြစ် ဗဟိုအစိုးရထံ တင်ပြရန် အင်္ဂါနေ့ လွှတ်တော် စည်းဝေးပွဲတွင် အဆိုတင် သွင်းခဲ့ရာ လွှတ်တော်မှ အတည်ပြု ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အစာငတ်ခံဆန္ဒပြ နိုင်ငံရေး အကျဉ်းသားတွေ အခြေအနေ ကုလ စိုးရိမ်
မြန်မာနိုင်ငံအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားအချို့ အစာငတ်ခံဆန္ဒပြနေတယ်ဆိုတဲ့ သတင်းကြောင့် စိုးရိမ်ပူပင်မှုဖြစ်မိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ် စားလှယ်က ပြောလိုက်ပါတယ်။ အကျဉ်းထောင်တွင်း အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အကာအကွယ် ပေးဖို့နဲ့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကို ထောင်တွင်းကို သွားရောက် ကူညီခွင့်ပြုဖို့ လည်း မြန်မာအစိုးရကို တိုက်တွန်းလိုက် ကြောင်း သိရသည်။
မြန်မာသံအမတ်ကို လက်မခံဖို့ သမ္မတဇူးမားကို တောင်းဆို
လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်မှုမှတ်တမ်းအရ ဦးမြင့်နောင်ရဲ့သံအမတ်ခန့်အပ်လွှာ ရုပ်သိမ်းပေးဖို့ တောင်အာဖရိမှာ တောင်းဆိုမှုတွေရှိ ကြောင်း သိရသည်။မြန်မာ့နိုင်ငံရေးတိုးတက်မှု အင်ဒိုနီးရှားလက်ခံ
မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ရှိနေပေမဲ့ အာဆီယံ ဥက္ကဋ္ဌဖြစ်ရေး ထောက်ခံဖို့ လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားက ယတိပြတ် မပြောနိုင်သေးပါဘူး။ပါတီမှတ်ပုံတင်ရေး NLD နဲ့ တိုင်းရင်းသားတွေ ဆွေးနွေးမည်
NLD မှတ်ပုံတင်ရေး ဆုံးဖြတ်ချက်မချခင် တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဖို့ ဒေါ်စုက ဖိတ်ထားကြောင်း SNLD ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောပါတယ်။ စပါးရောင်းဝယ်ရာတွင် ပေါင်ဖြင့်သာဝယ်ယူရန် သတ်မှတ်ထားပြီး စပါးတစ်တင်း ၄၆ ပေါင်ဖြင့်သာ ၀ယ်ယူရမည်ဖြစ်ကြောင်း၊ အဆိုပါ တစ်တင်း ၄၆ ပေါင်ကို နိုင်ငံ၏ စပါးဝယ်ယူခြင်းကဏ္ဍအတွက် စံအလေးချိန်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ | ||
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော် က ဂျပန်နိုင်ငံမှတည်ဆောက်ပေးခဲ့ သည့် ဘီလူးချောင်းရေအားလျှပ်စစ်ကို နောက်ထပ်နှစ်ပေါင်း ၅၀ ထပ်မံအသုံးပြုနိုင်ရန် ဂျပန်နိုင်ငံမှ ကူညီဆောင်ရွက်ပေးမည်ဆိုသည့် ပြန်ကြားချက်ကို ရရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၄၁ ရက်မြောက်နေ့တွင် ပြောကြား ကြောင်း သိရသည်။ |
ဓာတ်ဆီကို တစ်ဂါလန် ကျပ် ၂၅၀၀ ဖြင့် အရှုံးခံမရောင်းတော့ဘဲ နိုင်ငံတကာပေါက်ဈေးဖြင့်သာ ရောင်းချရန်စီစဉ် |
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီဆိုင်များတွင် ပြန်လည်ရောင်းချရန်အတွက် ဆီတန်းစီမှုများလျော့နည်းလာစေရန် ပုဂ္ဂလိကစက်သုံးဆီဆိုင်များတွင် တစ်ဂါလန် ကျပ် ၂၅၀၀ နှုန်းဖြင့် ရောင်းချနေသော ဓာတ်ဆီဈေးနှုန်းကို အစိုးရမှ အရှုံးခံရောင်းချပေး တော့မည်မဟုတ်ဘဲ နိုင်ငံတကာ ဈေးကွက်ပေါက်ဈေးဖြင့် ပြောင်းလဲ ရောင်းချနိုင်ရန်စီစဉ်သွားမည်ဖြစ်ကြောင်း ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး တွင် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ ကြောင်း သိရသည်။
Lwin Pwin
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment