အီတလီဝန်ကြီးချုပ် နုတ်ထွက်ပေးမည်

Italy နိုင်ငံမှာ နိုင်ငံရဲ့စီးပွားရေး တည်ငြိမ်စေဖို့ရည်ရွယ်ပြီး အရေးကြီးလှတဲ့ စီးပွားရေးပြုပြင် ပြောင်းလဲရေး ဥပဒေတွေကို လွှတ်တော်က အတည်ပြုပေးပြီးတဲ့နောက်မှာ Italy ဝန်ကြီးချုပ်  Silvio Berlusconi  ဟာ ရာထူးက နုတ်ထွက်တော့မယ်လို့ ပြောသွားပါတယ်။

ထိုင်းရေဘေး နာလန်ထူရေးအစီအစဉ် ၀န်ကြီးချုပ် ကြေညာ

ထိုင်းနိုင်ငံမှာ နှစ် ၅၀ အတွင်း အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရတဲ့ ရေကြီးမှုဒဏ်ကနေ ပြန်လည်ထူထောင်ရေး အတွက် ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထိန်းသိမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးဆိုပြီး အဆင့် ၃ ဆင့် ပါ အစီအစဉ်တရပ်ကို ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် (Yingluck Shinawatra) က အင်္ဂါနေ့ ရုပ်မြင်သံကြားကတဆင့် ကြေညာ လိုက်ပါတယ်။

ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဂျိုဖရေဇီယာ ကွယ်လွန်

ကမ္ဘာ့လက်ဝှေ့ကျော် မိုဟာမက်အလီကို အလဲထိုးနိုင်ခဲ့သူ ဂျိုဖရေဇီယာ အသည်းကင်ဆာနဲ့ ကွယ်လွန်ပြီ။

ဥရောပဘဏ္ဍာရေးဝန်ကြီးတွေ ဂရိကူညီငွေကိစ္စ ဆွေးနွေး

ဂရိနိုင်ငံရဲ့ကြွေးမြီပြဿနာကို ဖြေရှင်းပေးမယ့် ကယ်ဆယ်ရေးကူညီငွေ ထပ်ပေးသင့်မသင့် ဥရောပ ဘဏ္ဍာရေးဝန်ကြီးတွေက ဆွေးနွေးနေကြပါတယ်။

မိုက်ကယ်ဂျက်ဆင်သေဆုံးမှု ဆရာဝန်အပြစ်ရှိ

ကမ္ဘာကျော် ပေါ့အဆိုတော် မိုက်ကယ်ဂျက်ဆင်သေဆုံးမှုမှာ သူ့ရဲ့ဆရာဝန်မှာ အပြစ်ရှိကြောင်း ထင်ရှားတယ်လို့ ဂျူရီခုံရုံးက ဆုံးဖြတ်လိုက်ပါတယ်။
ဗြိတိန်မင်းသား ၀ီလျံနှင့် ကြင်ယာတော် ကက်သရင်းတို့ ဒိန်းမတ်ရှိ ယူနီဆက်ဖ်၏ အရေးပေါ်ကူညီထောက်ပံ့ရေးစင်တာသို့ သွားရောက်
အာဖရိကအရှေ့ပိုင်းတွင် မိုး ခေါင်မှုများကြောင့် အကျပ်အတည်းများဖြစ်ပွားမှုကို လူသားချင်းစာနာ ထောက်ထားမှုအဖြစ် ၀ိုင်းဝန်းအကူအညီပေးရေးအတွက်  မီးမောင်းထိုးပြရန်ရည်ရွယ်ပြီး ဗြိတိန်မင်းသားဝီလျံနှင့် ကြင်ယာတော် ကက်သရင်းတို့၏ လူသားချင်းစာနာထောက်ထားမှု ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် ဒိန်းမတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း  နေ့လည်စာစားပြီးနောက် ဗြိတိန်မင်းသားနှင့် ကြင်ယာတော်တို့သည် ယူနီဆက်ဖ်၏ အရေးပေါ် ကူညီထောက်ပံ့ရေးစင်တာသို့ သွားရောက်ခဲ့ ကြောင်းသိရှိရသည်။

မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှု တစ်ခုချင်း အလိုက် အမေရိကန် တုံ့ပြန်မည်

မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်း တစ်လှမ်းချင်း အလိုက် တုံ့ပြန်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Ms. Victoria Nuland က မနေ့က ထပ်ပြီးပြောကြားလိုက်ပါတယ်။
Lwin Pwin

 

 

0 comments:

Post a Comment