ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးအတွက် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ပါတီဗဟို ဦးစီး အဖွဲ့ဝင် ၁၀၆ ဦးနှင့် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အစည်းအဝေး ခေါ်ယူပြီး ဆုံးဖြတ်မည် ဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင်များ အစည်းအဝေးကို အင်္ဂါနေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပြုလုပ်ခဲ့ပြီးနောက် ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ကြောင်း “နာမကျန်းဖြစ်နေတဲ့ ဗဟိုကော်မတီဝင်တွေ ကလွဲပြီး ကျန်တဲ့သူတွေ အကုန်လာတယ်။ ပါတီမှတ်ပုံတင်မယ် မတင်ဘူးကို ဗဟိုဦးစီးတွေနဲ့ အစည်းအဝေး လုပ်ပြီးမှ ဆုံးဖြတ်မှာပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။ အစည်းအဝေးတွင် ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ဦးအုန်းကြိုင်၊ ဒေါ်မေဝင်းမြင့်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဝင်းမြင့် တို့ တက်ရောက် ခဲ့ကြသည်။ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကို ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ ရုံးချုပ်ရှိ အစည်းအဝေး ခန်းမတွင် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။
Lwin Pwin

0 comments:

Post a Comment