အမေရိကန်နဲ့ ပစိဖိတ်ရပ်ဝန်း ၈ နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက်ရ

ပစိဖိတ်ဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်ရေးဇုံတစ်ခုဖန်တီးဖို့တခြား၈နိုင်ငံနဲ့သဘောတူညီမှုရခဲ့ပြီလို့ အမေရိကန်သမ္မတ အိုဘားမားက ပြောပါတယ်။

အီတလီဝန်ကြီးချုပ် ရာထူးကနုတ်ထွက်

အဂတိလိုက်စားမှု၊ ကြွေးမြီပြဿနာ ကိုင်တွယ်ရာမှာညံ့ဖျင်းမှု စတဲ့စွပ်စွဲချက်တွေနဲ့ ကြုံနေရတဲ့ အီတလီဝန်ကြီးချုပ်ဟာ တာဝန်ကနေ အနားယူသွားခဲ့ပါပြီ။

ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်ဝင်အဖြစ်က ရပ်ဆိုင်း

အကြမ်းဖက်မှုတွေမရပ်မချင်း ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်ဝင်နိုင်ငံ အဖြစ်ကနေ ရပ်ဆိုင်းထားမယ်လို့ အာရပ်အဖွဲ့ချုပ် ထိပ်သီးအစည်းအဝေးက ကြေညာ။

ဂဒါဖီသားတစ်ဦး နိုင်ဂျာမှာ ခိုလုံ

လစ်ဗျားခေါင်းဆောင်ဟောင်းမိုမာဂဒါဖီရဲ့သားဆာအာဒီဂဒါဖီကိုသူ့နိုင်ငံမှာနိုင်ငံရေးခိုလုံခွင့်ပေးမယ်လို့ နိုင်ဂျာ သမ္မတက ကြေညာလိုက်ပါတယ်။

ထိုင်းဘုရင် နာမကျန်းမှု ပြန်သက်သာ

ထိုင်းဘုရင်ကြီးဘူမိပေါအဒူလျာဒဲ့ဂ်ျဟာရုတ်တရက်သတိမေ့သွားရာကနေဆေးရုံမှာပြန်ပြီးသက်သာလာခဲ့ပြီလို့ သမီးတော်ချူလာဘွန်က ပြောပါတယ်။
Lwin Pwin

0 comments:

Post a Comment