NLD ရွေးကောက်ပွဲဝင်ရေးအပေါ် ဦးဝင်းတင်အမြင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ ပါတီ မှတ်ပုံတင်ရေးကိစ္စနဲ့ပတ်သက်လို့ ဘာမှ ပြောစရာမရှိပေမဲ့ ရွေးကောက်ပွဲဝင်ရေး ကိစ္စကိုတော့ အများကြီး စဉ်းစားရလိမ့်မယ်လို့ NLD ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။ ရွေးကောက်ပွဲဝင်ရေး ကိစ္စဟာ ၂၀၀၈ အခြေခံဥပဒေအပေါ် သဘောထားနဲ့ သက်ဆိုင်တယ်လို့လည်း ဆို ကြောင်း စုံစမ်း သိရှိရသည်။
ဗိုလ်ချုပ်မှူးကြီးနှင့် ဒုဗိုလ်ချုပ်မှူးကြီး နေ့တဓူဝကိစ္စများတွင်ပါဝင်ပတ်သက်မှုမရှိတော့မတ်လ ၃၀ ရက်နေ့က နအဖ အဖွဲ့ကို ဖျက်သိမ်းကာ အာဏာလွှဲအပ်ပေးခဲ့သည့်ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့မှာယခုအခါ အစိုးရအဖွဲ့၏ နေ့တဓူဝ ကိစ္စများတွင် ပါဝင်ပတ်သက်ခြင်း မရှိတော့ဟု၎င်းခေါင်းဆောင်ဟောင်း ၂ ဦး၏နေအိမ်သို့ ၀င်ထွက်ခွင့်ရှိသူလုပ်ငန်းရှင်ကြီးတဦးကလက်ရှိအစိုးရအဖွဲ့ကို ညွှန်ကြား ခိုင်းစေနေသည့် လက္ခဏာများလည်း ယခုချိန်ထိမတွေ့မြင်ရဟု ပြောဆို ကြောင်း စုံစမ်း သိရှိရသည်။
ရွှေဝါရောင်သံဃာတော်များ၏ သိမ်ထပ်မင်္ဂလာ အခမ်းအနား
ရွှေဝါရောင်သံဃာတော်များ၏ သိမ်ထပ်မင်္ဂလာ အခမ်းအနားတွင် ဦးဝင်းတင်အား သူရသတ္တိဆု ချီးမြှင့်
၁၂ နိုဝင်ဘာ ၂၀၁၁ ရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့မှုကြောင့် ထောင်ဒဏ်ကျခံရရာမှ ပြန်လည် လွတ်မြောက်လာကြသော သံဃာတော်များအား သိမ်ထပ်မင်္ဂလာ အခမ်းအနားကို ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ မထသ(၁)ရပ်ကွက်၊ အနော်ရထာလမ်း၊ မကွေးပရိယတ္တိစာသင်တိုက်မှာ ဒီနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ။
မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေ ဒီထက်ပို အားကောင်းလာတာကို မြင်လိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
မြန်မာပြုပြင်ရေးရှေ့တိုးဖို့ အချိန်လို
အနှစ် ၅၀ ကြာ ရှင်းမရခဲ့တဲ့နိုင်ငံရေးကို လက်ရှိအစိုးရက အပြုသဘောနဲ့ အပြောင်းအလဲကိုရှေ့ရှုပြီး ဖြေရှင်းနေတယ်လို့ မြန်မာသမ္မတအကြံပေးကဆိုပါတယ်။
ရာသီဥတုကြောင့် မြန်မာဆန်စပါး အထွက်နည်းမည်
မြန်မာနိုင်ငံအပါအ၀င် ရေကြီးမှုတွေကြုံခဲ့ရတဲ့ အာရှနိုင်ငံတွေမှာ ဆန်စပါးအထွက် လျော့နည်းနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ပြောပါတယ်။ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုဆိုးလာတယ်လို့ အေအေပီပီ ပြော
နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွတ်မြောက်လာ ပေမဲ့ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်များနေပြီး အခြေအနေ ဆိုးရွား လာနေတယ်လို့ အောက်တိုဘာလ အစီရင်ခံစာမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ဖော်ပြထားကြောင်း သိရှိရသည်။
ကိုဇာဂနာ နိုင်ငံရေးအကျဉ်းသားတွေအတွက် ကူညီထောက်ပံ့
အောက်တိုဘာလ ၁၂ ရက်နေ့က မြစ်ကြီးနား အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ ဟာသ သရုပ်ဆောင် ကိုဇာဂနာက ပြန်မလွတ် သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ငွေကြေး၊ စာအုပ်စာတမ်းနဲ့ အသုံးအဆောင် ပစ္စည်းတွေ လိုက်လံ ဝေငှနေရာမှာ ဒီကနေ့အထိ အကျဉ်းသား ၆၂၄ ဦးအတွက် ပေးလှူနိုင်ခဲ့တယ်လို့ သိရပါတယ်။အစာငတ်ခံ ဆန္ဒပြ နိုင်ငံရေး အကျဉ်းသား ၂ ဦး ဆေးရုံတင်ထားရ
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အင်းစိန် အကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသား တွေထဲက ၂ ဦးကို ဆေးရုံတင်ထား ရကြောင်း ထောင်အာဏာပိုင်တွေက အတည်ပြု ပြောဆိုတယ်လို့ ဒီကနေ့ ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ရေဘေးအန္တရာယ် ကြုံတွေ့နေရသည့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား အများစုမှာလည်း ရေဘေးအန္တရာယ်နှင့်ရင်ဆိုင်နေရသည့်အပြင်ကယ်ဆယ်ရေးစခန်းများသို့ရောက်ရှိနေကြရသော်လည်း ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင် ထားနိုင်ခြင်းမရှိသည့်အတွက် လူမှု ကယ်ဆယ်ရေးဆိုင်ရာအကူအညီများမရရှိနိုင်သေးသည့်အခြေအနေများနှင့်ရင်ဆိုင်နေရသဖြင့်ထိုင်းနိုင်ငံရှိမြန်မာလုပ်သားများကူညီစောင့်ရှောက်ရေးအဖွဲ့အစည်းများနှင့်ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှလည်းကူညီမှုများပေးလျှက်ရှိကြောင်း သတင်းရရှိသည်။ | ||
မြန်မာမှတရုတ်သို့ ငါးပေါင်းမှုန့် (Fish Meal) အပါအ၀င် ရေထွက်တိရစ္ဆာန် ပရိုတင်းပစ္စည်းများ တင်ပို့ပါက တရုတ်အသိအမှတ်ပြု စက်ရုံများမှသာ တင်ပို့ခွင့်ရရှိမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံမှ ငါးပေါင်းမှုန့် ထုတ်လုပ် သည့် စက်ရုံေ့ခြာက်ရုံမှာ တရုတ်နိုင်ငံမှ တာဝန်ရှိသူများ ၏ စစ်ဆေးမှုခံယူခဲ့ကြောင်း မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။ | ||
မြန်မာ့အာမခံလုပ်ငန်းကို ပုဂ္ဂလိကသို့ လွှဲပြောင်းရန် အစီအစဉ်မရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားခဲ့သည်။ | |
မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများသည် နောင်လာမည့်နှစ်များအတွင်း ရာသီဥတုပြောင်းလဲခြင်း၏ သက်ရောက်မှုမှ ရိုက်ခတ်ခံစားနိုင်ခြေအမြင့်ဆုံးတွင် ရှိနေကြောင်း သိရှိရသည်။
|
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment