ပစိဖိတ်ဒေသ စီးပွားတက်ဖို့ APEC ခေါင်းဆောင်တွေကြိုးပမ်း

နိုင်ငံ ၂၁ နိုင်ငံက ခေါင်းဆောင်တွေတက်ရောက်ကြတဲ့ အာရှပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီးညီလာခံကို မနေ့ကစတင်ပါတယ်။

စီးပွားရေးပညာရှင် အီတလီဝန်ကြီးချုပ် ဖြစ်လာမည်

အီတလီအစိုးရသစ်ဖွဲ့စည်းဖို့ အလျင်အမြန် ဆောင်ရွက်မယ်လို့ ၀န်ကြီးချုပ်သစ်နေရာ ယာထားခံရသူ စီးပွားရေးပညာရှင် မစ္စတာမွန်တီ ကဆိုပါတယ်။

တရုတ်စီးပွားရေးပြုပြင်ပြောင်းလဲမှု အမေရိကန်တို့ စိတ်မရှည်

တရုတ်နိုင်ငံက စီးပွားရေးဆိုင်ရာမူဝါဒတွေ ပြုပြင်ပြောင်းလဲရာမှာ နှေးကွေးလွန်းတဲ့ အတွက် စိတ်မရှည်တော့ကြောင်း အမေရိကန်သမ္မတက ပြောလိုက်ပါတယ်။

အမေရိကန်နဲ့ ပစိဖိတ်ရပ်ဝန်း ၈ နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက်ရ

ပစိဖိတ်ဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်ရေးဇုံတစ်ခုဖန်တီးဖို့ တခြား ၈ နိုင်ငံနဲ့ သဘောတူညီမှုရခဲ့ပြီလို့ အမေရိကန်သမ္မတ အိုဘားမားက ပြောပါတယ်။

အီတလီဝန်ကြီးချုပ် ရာထူးကနုတ်ထွက်

အဂတိလိုက်စားမှု၊ ကြွေးမြီပြဿနာ ကိုင်တွယ်ရာမှာညံ့ဖျင်းမှု စတဲ့စွပ်စွဲချက်တွေနဲ့ ကြုံနေရတဲ့ အီတလီဝန်ကြီးချုပ်ဟာ တာဝန်ကနေ အနားယူသွားခဲ့ပါပြီ။

ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်ဝင်အဖြစ်က ရပ်ဆိုင်း

အကြမ်းဖက်မှုတွေမရပ်မချင်း ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်ဝင်နိုင်ငံ အဖြစ်ကနေ ရပ်ဆိုင်းထားမယ်လို့ အာရပ်အဖွဲ့ချုပ် ထိပ်သီးအစည်းအဝေးက ကြေညာကြောင်းသိရှိရပါသည်။






အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပမည့် (၁၉)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ သို့ အာဆီယံနိုင်ငံအားလုံးမှ ခေါင်းဆောင်များအပြင် အာဆီယံမိတ်ဖက်နိုင်ငံများအဖြစ် ဆက်စပ် ဆွေးနွေးပွဲများကို တက်ရောက်သော နိုင်ငံအားလုံးနီးပါးမှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်ကြောင်းသိရှိရပါသည်။




အာဆီယံထိပ်သီး ဆွေးနွေးပွဲ ကျင်းပမည့် ဘာလီကျွန်းလုံခြုံရေး အတွက် ရဲနှင့်စစ်သည် ၁၅၀၀၀ ပါဝင်သည့် ပူးတွဲလေ့ကျင့်မှုကို နိုဝင် ဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။ဘာလီကျွန်း အနှံ့အပြားတွင်လည်း လုံခြုံရေးများ တိုးမြှင့်ချထားခဲ့ပြီ်းဖြစ်ကြောင်းသိရှိရပါသည်။



အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ကျင်းပမည့် (၁၉)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲသို့ နိုင်ငံတကာမှ ဂျာနယ်လစ် အရေအတွက် ၁၅၀၀ ကျော် တက်ရောက် သတင်းရယူကြမည် ဖြစ်ကြောင်း မီဒီယာ မှတ်ပုံတင် ထုတ်ပေးရေးဌာနမှ တာဝန်ရှိသူတစ်ဦး Weekly Eleven News Journal  သို့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။




ဖိလစ်ပိုင်သမ္မတဟောင်း ဂလိုရီယာမက်ကာပါဂယ်အာရိုယိုကို ဖိလစ်ပိုင်နိုင်ငံ၌ ရောဂါရှာဖွေစစ်ဆေးနိုင်ရန်အတွက် ပြည်ပဆရာဝန်များကို ခေါ်ယူပေးမည်ဟု လက်ရှိသမ္မတ ဘင်နစ်နိုအကွီနို-၃ က နိုဝင်ဘာလ ၉ ရက်တွင်ကမ်းလှမ်းခဲ့ကြောင်း သိရသည်။




ထိုင်းနိုင်ငံတွင် ရေကြီးမှုဆိုးဆိုးရွားရွား ရင်ဆိုင်နေရချိန်၌ လက်ရှိဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်ထရာ၏ အစ်ကိုဖြစ်သူ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် လူလုံးထွက်မပြဘဲ နောက်ကွယ်တွင်သာနေကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်
Lwin Pwin




0 comments:

Post a Comment