ဦးကျော်သူနှင့် ဇနီး လူမှုရေးဆိုင်ရာ ဘွဲ့တံဆိပ်ချီးမြှင့်ခံရ
နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ တို့အား ရန်ကုန်မြို့ရှိ ဧမာနွေလ နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းမှ Doctor of Humane Social Services ဘွဲ့နှင့် Master of Humane Social Services ဘွဲ့ချီးမြှင့်ကြောင်း သိရသည်။ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေက ပြုလုပ်သော ဧမာနွေလ ဘုရားရှိခိုးကျောင်း ၏၂၁ နှစ်မြောက် မဟာဓမ္မသဘင်ပွဲတွင် သိက္ခာတော်ရ သင်းအုပ်ဆရာတော်ကြီး Rev. Dr. Paul F. Johns က ယင်းသို့လူမှုရေးဆိုင်ရာ ဘွဲ့တံဆိပ်များ ပေးအပ်ခဲ့ခြင်းဖြစ် သည်။
အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် ထပ်ပေးမည်
မြန်မာ အစိုးရက အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် ယနေ့ ထပ်မံကြေညာဖွယ်ရှိကြောင်း သိရသည်။ ယင်းသို့ လွတ်ငြိမ်းချမ်းသာ ခွင့် ပေးရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများလည်း ပါမည်ဖြစ်သည်ဟု အစိုးရ အရာရှိများကို ကိုးကား၍ AFP သတင်း၌ ရေးထားသည်။

ရန်ကုန်- မန္တလေး အဝေးပြေးကားမှောက် ၉ ဦး သေဆုံး
ရန်ကုန်- မန္တလေး ပြေးဆွဲနေသည့် ခရီးသည် ၃၅ ဦးသယ်ဆောင်လာသော နယူးမန္တလာထွန်း ၆ဂ/၃၉၈၆ သည် ယမန်နေ့နံနက် ၄ နာရီ ခွဲခန့်က တံတားဦးမြို့နယ် မိုင်တိုင် ၃၃၅ အနီး တိမ်းမှောက်သွားရာ ခရီးသည် ၉ ဦး ပွဲချင်းပြီး သေဆုံး၍၂၄ ဦး ဒဏ်ရာရသွား ကြောင်း သတင်းရသည်။ သေဆုံးသူနှင့်ဒဏ်ရာရရှိသူများကို စေတနာ၊ ချမ်းမြသုခ၊ စိတ္တသုခ၊ မဟာမြိုင်၊ အမရသုခ၊ မြင့်မြတ်သူ စသည့် နာမှုကူညီရေး အသင်းများ၏ ကူညီမှုဖြင့် တံတားဦးဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

မင်းပြားဈေး မီးလောင်

ရခိုင်ပြည်နယ် မင်းပြားမြို့က မြို့မဈေးကြီးမှာ နိုဝင်ဘာလ ၁၂ ရက်နေ့ညက လောင်ခဲ့တဲ့မီးကြောင့် ဈေးဆိုင်ခန်းအားလုံးနီးပါး မီးထဲပါသွားပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးဖို့ KNU ပြင်ဆင်

မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းဖို့အတွက် ကရင်အမျိုးသားအစည်းအရုံး KNU က ကော်မတီတရပ် ဖွဲ့စည်းလိုက်ပါတယ်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျနေ သူတွေကို ထပ်ပြီးလွှတ်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က သမ္မတထံ မေတ္တာရပ်ခံလိုက်ပါတယ်။

အကျဉ်းသား ထပ်လွှတ်ရေး သမ္မတကို လူ့အခွင့်အရေးကော်မရှင် အိပ်ဖွင့်စာပေး

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူတွေကို ထပ်ပြီး လွှတ်ပေးဖို့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က နိုင်ငံတော်သမ္မတထံ မနေ့ကနေ့စွဲနဲ့ အိပ်ဖွင့်ပေးစာတစောင် ပေးပို့လိုက်ပါတယ်။

မြန်မာ ၅ ဂိုး ဖိလစ်ပိုင် ဂိုးမရှိ

(၂၆) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဘောလုံးပွဲမှာ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို ၅ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖွယ်ရှိ

မနက်ဖြန် တနင်္လာနေ့မှာ နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ရှိတယ်လို့ အမည်မဖော်လိုတဲ့ အစိုးရ အရာရှိတွေက ပြောဆိုကြောင်း အေအက်ဖ်ပီ၊ အေပီနဲ့ ရိုက်တာသတင်းဌာနတွေက ဖော်ပြကြပါတယ်။

နှစ်ပတ်လည်အထိမ်းအမှတ် BG အဖွဲ့ သွေးလှူ

NLD လူငယ်တွေ ဦးစီးတဲ့ BG ခေါ် ‘Blood Group သွေးအကူအညီပေးရေး အဖွဲ့’ တည်ထောင်ခြင်း နှစ်ပတ်လည်နဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်ခြင်း နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းပွဲတွေကို မနေ့က စပြီး ဆောင်ရွက်ခဲ့ကြောင်း BG အဖွဲ့က ပြောပါတယ်။

ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ရပ်ဆိုင်းဖို့ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်း

မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းဖို့အတွက် နိုင်ငံရေး ပါတီ အသီးသီးမှာ ပါဝင်ဆောင်ရွက်နေ တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက Vision of Peace ဆိုတဲ့ ငြိမ်းချမ်းရေးအဖွဲ့တဖွဲ့ကို မနေ့က ဖွဲ့စည်းလိုက်ပါတယ်။

အမေရိကန်ရောက် မြန်မာလူငယ်တွေကို မြန်မာစီးပွားရေးလုပ်ငန်းရှင် ဟောပြောအားပေး

အမေရိကန် ပြည်ထောင်စုရောက် မြန်မာ ကျောင်းသားလူငယ်တွေ မိမိတို့ရဲ့ နိုင်ငံသား အခွင့်အရေးအပေါ် အခြေခံတဲ့ တိုးတက်အောင်မြင်မှုတွေ ဖော်ဆောင်နိုင်ဖို့ ဟောပြောပွဲတရပ်ကို အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ ပါဒူးတက္ကသိုလ်မှာ မနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။




ကားဟောင်းများ အပ်နှံကာ ကားသစ်အစားထိုးတင်သွင်းရေး အစီအစဉ်အရ ကားတင်သွင်းခွင့်ပြု ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ စုပေါင်းဖွဲ့စည်းထားသည့် One Stop Services အဖွဲ့မှ ပါမစ်များကို ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။




၂၀၁၀ ပြည့်နှစ်မှ စတင်ကာ စင်ကာပူ၏ အမြဲတမ်းနေထိုင်ခွင့်ရရန် လျှောက်ထားခဲ့သည့် မြန်မာများ ပယ်ချခံခဲ့ရမှု များလာသည့်အပြင် လျှောက်ထားရာတွင် ပိုမိုခက်ခဲလာခဲ့သည်ဟု စင်ကာပူရောက် မြန်မာများ ထံမှ စုံစမ်းသိရှိရပါသည်။




မြန်မာအမျိုးသမီးများအား ကိုရီးယားသမ္မတနိုင်ငံ၌ နှစ်နိုင်ငံအစိုးရခြင်း သဘောတူညီမှုစနစ် EPS (Employment Permit System) ဖြင့် လာရောက် အလုပ်လုပ်ကိုင်ရန် ကိုရီးယားစက်ရုံများမှ ကမ်းလှမ်းမှု ရှိနေပြီး မြန်မာဘက်မှ တောင်းဆို ချက်အချို့ကို လိုက်လျောပါက အမျိုး သမီးများသွားရောက် အလုပ်လုပ်ကိုင် နိုင်ရန် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။




မြန်မာနိုင်ငံတွင် သဘာဝရင်းမြစ်ထိခိုက်မှု သက်သာစေသည့် ပထမဆုံး လေအားလျှပ်စစ် ထုတ်လုပ်နိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့် ထိုင်းနိုင်ငံရှိ Gunkul  Engineering Public Co., Ltd တို့ က နိုဝင်ဘာလ ၂ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ခဲ့ကြကြောင်းသိရှိရသည်။




ပြည်တွင်းတွင် လက်ရှိ လည်ပတ်နေသော ပုဂ္ဂလိကဘဏ် ၁၉ ခု ရှိနေပြီး ယင်းဘဏ်များ အားလုံး ယခင်က အပ်ငွေကို အကန့်အသတ် ဖြင့်သာ လက်ခံရန် ဗဟိုဘဏ်က ညွန်ကြားထားသော်လည်း အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အပ်နှံမှုများအပေါ် ကန့်သတ်မှု မရှိတော့ ကြောင်း ဘဏ်လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရှိရသည်။
Lwin Pwin




0 comments:

Post a Comment