အီရန်နျူကလီးယားအရေး အမေရိကန်နဲ့ ရုရှား၊ တရုတ် အတူရပ်တည်
အီရန်နိုင်ငံ အနုမြူလက်နက် မပိုင်ဆိုင်နိုင်အောင် ကာကွယ်ဖို့ အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့ တသဘောတည်းရှိတယ်လို့ အမေရိကန်သမ္မတက ပြောပါတယ်။
ဥရောပစီးပွားရေးပြဿနာ ဒုတိယကမ္ဘာစစ်အပြီး အဆိုးဆုံး
ဥရောပရဲ့ ငွေကြေးပြဿနာဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့နောက်မှာ အကြီးမားဆုံး ပြဿနာဖြစ်တယ်လို့ ဂျာမနီဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။အင်တာနက် လူမှုကွန်ယက်တွေက ၀ါဒဖြန့်ဖို့ မြောက်ကိုရီးယားကြိုးပမ်း
Facebook၊ Twitter နဲ့ ဘလော့ဂ် စာမျက်နှာတွေကနေတဆင့် အလွယ်တကူ ၀ါဒဖြန့်နိုင်အောင် မြောက်ကိုရီးယားအစိုးရက ဆောင်ရွက်နေပါတယ်။ပစိဖိတ်ဒေသ စီးပွားတက်ဖို့ APEC ခေါင်းဆောင်တွေကြိုးပမ်း
နိုင်ငံ ၂၁ နိုင်ငံက ခေါင်းဆောင်တွေတက်ရောက်ကြတဲ့ အာရှပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီးညီလာခံကို ၁၄ ရက်နေ့ကစတင်ပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ မှ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီ မှ စတင်ပြီးဘာလီ နူဆာဒူအာ ကွန်ဗင်းရှင်းစင်တာ ရှိ ကင်တာမာနီ ၆ ခန်းမဆောင်တွင် စတင်ကျင်းပနေသည်။ဝန်ကြီးများသည် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ဘာလီ တွင်ကျင်းပခဲ့သော ၄၄ ကြိမ်မြောက် အာဆီယံဝန်ကြီးများ အစည်းအဝေး နှင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က နယူးယောက်တွင် ပြုလုပ်ခဲ့သည့် အာဆီယံဝန်ကြီး များ အထူးအစည်းအဝေးတို့မှ ထွက်ပေါ် ခဲ့သည့် ရလဒ်များကို ပြန်လည် သုံးသပ်ကြမည်ဖြစ်သည်။ ငြိမ်းချမ်းရေး နှင့်ပြန်လည်ရင်ကြားစေ့ရေး အာဆီယံ အင်စတီကျု၊ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် တို့ရရှိရေး ဆွေးနွေးကြမည် ဖြစ်သည်ဟု မီဒီယာများသို့ ထုတ်ပြန်ထားမှုတွင် ဖော်ပြထားကြောင်း သိရသည်။
|
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment