အကျဉ်းသား လွှတ်ခါနီးဆဲဆဲမှ ကာလုံအဖွဲ့ ညွှန်ကြားချက်ကြောင့် ဆိုင်းငံ့ထားရ

နိုဝင်ဘာ ၁၄ ရက် မနေ့က နိုင်ငံရေး အကျဉ်းသားတွေ လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ ရှိပေမယ့် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီရဲ့ နောက်ဆုံးအချိန်မှာ ရောက်လာတဲ့ ညွန်ကြားချက်ကြောင့် ဆိုင်းငံ့ခဲ့ရတယ်လို့ အမည် မဖော်လိုတဲ့ အစိုးရ အရာရှိ တစ်ဦးကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ AFP သတင်း တစ်ရပ်မှာ ရေးသား ဖော်ပြ လိုက် ရှိကြောင်း သိရသည်။

မြန်မာ အလှည့်ကျဥက္ကဋ္ဌဖြစ်ရေး အာဆီယံတွင်း ထောက်ခံမှုတိုး

အင်ဒိုနီးရှားနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံထိပ်သီး ညီလာခံမှာ မြန်မာကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ပေးမပေး အဖြေထွက်လာဖို့ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား အရေးနှင့် နိုင်ငံရေး အကျဉ်းသား လွတ်ရေး ဆက်လုပ်မည်
ဒေါ်အောင်ဆန်းစုကြည် အိမ်အကျယ်ချုပ်မှ လွတ်မြောက်ခြင်း တနှစ်ပြည့် အနေနှင့် ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ သတင်းစာ ရှင်း လင်းပွဲ ယနေ့ မွန်းလွဲပိုင်းက ကျင်းပသည်။ သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပါတီ မှတ်ပုံတင်ခြင်း နှင့် ရွေးကောက်ပွဲ ၀င်ရေး ကိစ္စများကို မမေးမြန်းရန်နှင့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးနှင့် တိုင်းရင်းသား အရေးကိစ္စများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သတင်းထောက်များကို ပြောဆိုကြောင်း သိရသည်။
မြန်မာ့ လူ့အခွင့်အရေး ဆွေးနွေးရန် အာဆီယံကို AIPMC တောင်းဆို
မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများ၌ ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ယခုအပတ်အတွင်း ကျင်းပမည့် ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲ၌ ထည့်သွင်း ဆွေးနွေးရန် မြန်မာ့ရေးရာ အာဆီယံ အမတ်များ(AIPMC)အဖွဲ့က အာဆီယံ ခေါင်းဆောင်များကို ယနေ့ တောင်းဆိုလိုက်သည်။ ဒီမို ကရေစီ လုပ်ငန်းစဉ်အရ အဓိပ္ပာယ်ပြည့်ဝသောပြယုဂ်အဖြစ် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် နိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုသည် မရှိမဖြစ်လိုအပ်သည်ဟုလည်း AIPMC ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တရားဥပဒေစိုးမိုးသည့် နိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားမရှိ

 တရားဥပဒေစိုးမိုးသော နိုင်ငံတနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား မရှိဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ် သည့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ ၁/၂၀၁၁  တွင် ပြောကြားလိုကကြောင်း သိရသည်။

ကုလ အထူးအကြံပေး မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ တင်ပြ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ဗီဂျေးနမ်ဘီးယားက သူ့ရဲ့ မြန်မာပြည်ခရီးစဉ်ဆိုင်ရာ အစီရင်ခံစာကို လုံခြုံရေးကောင်စီမှာ တင်ပြ ပြောဆိုကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဒီမိုကရေစီလိုလားသူတွေရဲ့ဆန္ဒ

နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးဟာ ဒီမိုကရေစီလိုလားသူတွေ အကုန်လုံးရဲ့ အဓိကလိုလားချက်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြော ပြောဆိုကြောင်း သိရသည်။

အပြောင်းအလဲတွေရှိပေမဲ့ နိုင်ငံရေးတိုးတက်အောင်လုပ်ဖို့ ဒေါ်စုတိုက်တွန်း

မြန်မာအစိုးရဟာ အပြုသဘောဆောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပြီဖြစ်ပေမဲ့ အများကြီးထပ်လုပ်ဖို့ လိုသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြော ပြောဆိုကြောင်း သိရသည်။

မျှော်လင့်ထားပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မလာသေး

မြန်မာနိုင်ငံမှာ ဒီရက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတော့မလို သတင်းတွေထွက်နေပေမဲ့ ခုချိန်ထိတော့ ပြန်လွတ်လာသူ မရှိသေး  ကြောင်း သိရသည်။ 
တရားရေးမဏ္ဍိုင် သန့်ရှင်းမှု မရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော

လက်ရှိ မြန်မာနိုင်ငံ၏ တရားစီရင်ရေး မဏ္ဍိုင်သည် လွတ်လပ်သန့်ရှင်းမှု မရှိသေးဟု ဆိုရမည် ဖြစ်ကြောင်း တနင်္လာနေ့မွန်းလွဲပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့်  သတင်းစာ ရှင်းလင်းပွဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း သိရသည်။

မြစ်ကြီးနား မိဘမဲ့ကလေးများနေအိမ် ဗုံးကွဲ၍ ၁၀ ဦးသေဆုံး

 ကချင်ပြည်နယ် မြစ်ကြီးနားမြို့သီတာရပ်ကွက်ရှိ မိဘမဲ့ကလေးများ နေထိုင်သည့် နေအိမ် တအိမ်တွင် ယမန်နေ့ ည ၈နာရီခွဲ ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် ၁၀ဦး သေဆုံး၍ တချို့ဒဏ်ရာရရှိသွားကြောင်း ဒေသခံများကပြောသည်။ပေါက်ကွဲမှုကြောင့် အနီးရှိ နေအိမ် ၃ လုံးခန့် မီးလောင်ပျက်စီးသွားကြောင်းလည်း သိရသည်။

အင်းစိန်ထောင်ဆေးရုံက အကျဉ်းသား ၆ ဦး အစာငတ်ခံ ဆန္ဒပြနေ

အကျဥ်းထောင် လက်စွဲ ဥပဒေပါ ခံစားခွင့်တွေ ရရှိရေး အတွက် အစာအငတ်ခံ ဆန္ဒပြနေတဲ့ အင်းစိန်ထောင် ဆေးရုံက နိုင်ငံရေး အကျဉ်းသားတွေကို ဆေးဝါး အပြည့်အ၀ ကုသခွင့်ပေးဖို့ နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်က နိုဝင်ဘာ ၁၄ ရက် မနေ့က နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တောင်းဆို ကြောင်း သိရသည်။

မြန်မာအမျိုးသမီး ၇၀ နီးပါး ထိုင်းရဲက ကယ်တင်

ထိုင်းနိုင်ငံ Chanthaburi ခရိုင်မှာ ဖွင့်ထားတဲ့ အနှိပ်ခန်း တစ်ခုက မြန်မာ အမျိုးသမီး ၇၀ နီးပါးကို ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့က ကယ်တင်လိုက်ကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်တစ်ခုလုံး ၂၄ နာရီ မီးလင်းနိုင်ရေး RNDP က စာတမ်း ပြုစု

ရခိုင်ပြည်နယ် တစ်ခုလုံး ၂၄ နာရီ ပုံမှန် မီးရရှိနိုင်ရေး အတွက် ရခိုင် တိုင်းရင်သား တိုးတက်ရေး ပါတီ RNDP က ပြုစုထားတဲ့ စာတမ်းတစ်စောင်ကို ပါတီ ဌာနချုပ်ရုံးရှိရာ စစ်တွေမြို့မှာ ပြည်သူလူထုကို မနေ့က ရှင်းလင်း ဟောပြောခဲ့ပြီး အစိုးရ တာဝန်ရှိသူတွေထံ မကြာခင် တင်ပြသွားမယ်လို့ သိရပါတယ်။

ထောင်ရှေ့မှာ သွားစောင့်ပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မလာ

ိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေ ဒီကနေ့မှာ ပြန်လွတ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ လက်တွေ့မှာ ဖြစ်မလာဘူးလို့ အကျဉ်းထောင်တွေ ရှေ့ကို သွားရောက် စောင့်ဆိုင်းခဲ့ကြသူတွေက ပြောပါတယ်။

ကလေးမြို့မှာ အရှင်ဂမ္ဘီရကို မယ်တော် စောင့်နေ

လွှတ်ပေးမဲ့ နိုင်ငံရေး အကျဉ်းသားတွေ အထဲမှာ ဆရာတော် အရှင်ဂမ္ဘီရလည်း ပါဝင်နိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့ အတွက် မယ်တော် ဖြစ်သူ ဒေါ်ရေးဟာ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဆက်လက် စောင့်နေတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသား စာရင်း NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြုစုထားတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေး အကျဉ်းသားများ စာရင်းကို ဒီကနေ့ ထုတ်ပြန် လိုက်ပါတယ်။

မဖြေရှင်းနိုင်သေးတဲ့ လူ့အခွင့်ရေးကိစ္စတွေ ဖိအားပေးဖို့ အာဆီယံကို တိုက်တွန်း


ရှေ့သီတင်းပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး ညီလာခံ အတွင်း မြန်မာနိုင်ငံမှာ မဖြေရှင်းနိုင်သေးတဲ့ တိုင်းရင်းသား အရေး၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အရေး ကိစ္စတွေကို ဆွေးနွေးဖို့ AIPMC လို့ခေါ်တဲ့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့က တိုက်တွန်းလိုက် ကြောင်း သိရသည်။ 

အစိုးရနဲ့ တွေ့ဆုံမှုကနေ ရလဒ်တချို့ ထွက်ပေါ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို

ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ပြန်လည် လွတ်မြောက်ခဲ့တာ တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ရုံးချုပ်မှာ ဒီကနေ့ နိုဝင်ဘာ ၁၄ ရက် နေ့လယ် တစ်နာရီက ကျင်းပခဲ့ ကြောင်း သိရသည်။ 
Lwin Pwin

0 comments:

Post a Comment